နှစ်ဖက်မိသားစုတွေကို စိတ်ရှုတ်ထွေးစေမဲ့ အမြွှာညီအစ်ကိုနှစ်ယောက်က အမြွှာညီအစ်မနှစ်ယောက်ကို လက်ထပ်ထိမ်းမြားခဲ့တဲ့အဖြစ် (ရုပ်သံ)
Jasmine (Mckzone Daily)
Source: nextshark
Unicode
မကြာသေးမီက တရုတ်နိုင်ငံမှာ အမွှာညီအကိုနှစ်ယောက်က အမွှာညီအမနှစ်ယောက်နဲ့ သံယောဇဉ်ကြိုးထုံးဖွဲ့ခဲ့ကြတဲ့စုံတွဲနှစ်တွဲရဲ့ လက်ထပ်ထိမ်းမြားပွဲဟာ တရုတ်အင်တာနက်အသုံးပြုသူတွေကို တအံ့တဩနဲ့ဆွဲဆောင်စေခဲ့ပါတယ်။သတို့သားတွေဖြစ်တဲ့ Zheng Dashuangနဲ့ Zheng Xiaoshuangတို့ဟာ Liang Jingနဲ့ Liang Qingတို့ကို Heilongjiangပြည်နယ် Daqingမြို့ရဲ့ lavishမင်္ဂလာခန်းမမှာ လက်ထက်ခဲ့ကြပါတယ်။ရုပ်ချင်းဆင်တဲ့အမွှာညီအကိုနှစ်ယောက်မှာ လက်ရှိအသက်၂၆နှစ်ရှိပြီဖြစ်ပြီး အလားတူ ရုပ်ချင်းဆင်တဲ့အမွှာညီအမနှစ်ယောက်ကလည်း အသက်၂၃နှစ်ရှိပြီဖြစ်ပါတယ်။တူညီတဲ့ ဇနီးမောင်နှံစုံတွဲနှစ်တွဲရဲ့နှစ်ဖက်မိဘတွေဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်ကတည်းက ပထမဆုံးအကြိမ်နှစ်ဖက်မိဘတွေ့ဆုံပွဲပြုလုပ်ခဲ့ပြီး နှစ်ပေါင်းများစွာ ရင်းနှီးလာခဲ့ကြတာပါ။
မကြာခင်ကဘဲ သူတို့ရဲ့အမေတွေက လက်ထပ်ပွဲအတွက် အစီအစဉ်ဆွဲခဲ့ကြပြီး နောက်ဆုံးမှာတော့ ပွဲကိုစီစဉ်ကျင်းပနိုင်ခဲ့ကြကြောင်း Shanghaiist သတင်းအရ သိရပါတယ်။အဆိုပါ မင်္ဂဆောင်ပွဲဟာ တရုတ်social media ပေါ်ပျံ့နှံ့သွားပြီးနောက် လူအများက သူတို့အချစ်ဌက်နှစ်စုံလေးအတွက် ပျော်ရွှင်စေဖို့ ဆုတောင်းပေးခဲ့ကြပြီး တချို့ကလည်း သူတို့ရဲ့ဟန်းနီးမွန်းညမှာ အတွဲမှားပြီး မနမ်းမိစေဖို့လည်း ဆုတောင်းပေးခဲ့ကြပါသေးတယ်။
အဲလိုဖြစ်ရပ်တွေက အရမ်းရှားပေမဲ့လည်း မကြာသေးမီကဘဲ အလားတူ မင်္ဂလာဆောင်ပွဲကျင်းပခဲ့ကြပြီး ၂၀၁၀ခုနှစ်တုန်းကလည်း အမွှာညီအကိုနှစ်ယောက်က အမွှာညီအမနှစ်ယောက်ကို Shandongပြည်နယ် Jiaozhouမြို့မှာ လက်ထက်ခဲ့ကြကြောင်း South China Morning Post သတင်းက ဖော်ပြထားခဲ့ပါသေးတယ်။ကံကြမ္မာဆိုတာ ထူးဆန်းတဲ့အရာတစ်ခုပါ။စာဖတ်သူတို့ကော အဲ့လိုပွဲတွေကို ကိုယ်တိုင်လုပ်ဖူးလား ဒါမှမဟုတ် သွားဖူးပါသလား။ကျွန်တော်ကတော့ သွားဖူးတယ်ဗျာ ဒါမဲ့အမွှာတော့မဟုတ်ဘူး သားယောကျ်ား၄ယောက်ကို တစ်ပြိုင်တည်း မင်္ဂလာဆောင်ပေးတာ ပြီးကျ့ သူတို့မိဘတွေကပါ အိမ်ထောင်သက်၃၀ပြည့်ရွှေရတုပွဲဆိုလားအဲ့တာပါ တစ်ခါတည်းတွဲလုပ်တာဗျာ။အားရစရာကြီးပေါ့ဗျာ။
Jasmine (Mckzone Daily)
  • Leave a Comment