ခရီးသည္ေတြရဲ႕ အစားအစာအက်န္ေတြကို စားသုံးခဲ့မိလို႔ တာဝန္ဆိုင္းငံ့ခံလိုက္ရတဲ့ ေလယာဥ္မယ္ (႐ုပ္သံ)

တ႐ုတ္နိုင္ငံ Urumqi Air ေလေၾကာင္းလိုင္းရွိ ခရီးသည္ေတြ က်န္ထားခဲ့တဲ့အစားအစာေတြကို ေလယာဥ္မယ္တစ္ဦးစားသုံးေနတဲ့ ဗီဒီယိုဟာတ႐ုတ္လူမွုမီဒီယာမွာပ်ံ႕ႏွံ့သြားၿပီးေနာက္ အဆိုပါေလယာဥ္မယ္တာဝန္ဆိုင္းငံ့ခံရခ်ိန္မွာေတာ့ Netizen ေတြအၾကား ရွုပ္ေထြးသြားေစခဲ့ပါတယ္။Shanghaiist သတင္းအရ ဒီဗီဒီယိုကို Weibo မွတစ္ဆင့္ေဝမၽွခဲ့ၿပီး အဆိုပါေလယာဥ္မယ္ဟာ အစားအစာေတြကိုစားေနခဲ့ခ်ိန္မွာ သူတို့အားလုံးေကာင္တာမွာ တန္းစီေနရမယ့္အခ်ိန္ျဖစ္ေနတာပါ။အစကေတာ့ အင္တာနက္အသုံးျပဳသူမ်ားစြာဟာ သူမအဲ့ဒီအစားအစာအက်န္ကိုစားေနတုန္း ဗီဒီယိုရိုက္ကူးေနခဲ့တဲ့လူကို သူမ မသိပုံရတယ္လို့ ထင္မွတ္ထားခဲ့ၾကပါတယ္။စြန႔္ပစ္မဲ့အစားအစာအပိုေတြကို သူမစားတာဘာျပႆာနာရွိလို့လဲ ဟု ေဝဖန္သုံးသပ္သူတစ္ဦးက ေမးခဲ့ပါေသးတယ္။

ဒီအေျခအေနမွာ ကၽြန္ေတာ္ စက္ဆုပ္ရြံရွာဖြယ္အရွိဆုံးကေတာ့ ဗီဒီယိုကိုတင္တဲ့သူဘဲ လို့အျခားမွတ္ခ်က္ေပးသူတစ္ဦး က ဆိုခဲ့ပါတယ္။တာဝန္ရွိသူေတြရဲ့ထုတ္ျပန္ေၾကညာခ်က္အရ Urumqi Air ေလေၾကာင္းလိုင္းမွေလယာဥ္အမွုထမ္းတစ္ဦးဟာ က်န္ရွိေနတဲ့အစားအစာအက်န္ေတြကိုစားေနစဥ္မွာ မိမိကိုယ္ကိုရည္ရြယ္ခ်က္ရွိရွိရိုက္ကူးခဲ့ၿပီး onlineေပၚရည္ရြယ္ခ်က္ရွိရွိတင္ခဲ့ေၾကာင္း ျပန္လည္ေျဖရွင္းေၾကာျငာခဲ့ပါတယ္။ေလယာဥ္မယ္ကိုကာကြယ္ေပးဖို့ႀကိဳးစားခဲ့တဲ့ Netizen ေတြဟာ ေလေၾကာင္းလိုင္းရဲ့ေၾကညာခ်က္ကိုၾကားၿပီးေနာက္ ခံစားခ်က္႐ုတ္တရက္ေျပာင္းလဲသြားခဲ့ၾကၿပီး သူမကိုခ်က္ခ်င္းစတင္ေဝဖန္ခဲ့ကာ ကုမၸဏီကအေျခအေနကိုသင့္ေလ်ာ္စြာကိုင္တြယ္ခဲ့ပုံကိုလည္း ခ်ီးက်ဴးခဲ့ၾကျပန္ပါေသးတယ္။

Jasmine (Mckzone Daily)

Source: nextshark

Unicode

တရုတ်နိုင်ငံ Urumqi Air လေကြောင်းလိုင်းရှိ ခရီးသည်တွေ ကျန်ထားခဲ့တဲ့အစားအစာတွေကို လေယာဉ်မယ်တစ်ဦးစားသုံးနေတဲ့ ဗီဒီယိုဟာတရုတ်လူမှုမီဒီယာမှာပျံ့နှံ့သွားပြီးနောက် အဆိုပါလေယာဉ်မယ်တာဝန်ဆိုင်းငံ့ခံရချိန်မှာတော့ Netizen တွေအကြား ရှုပ်ထွေးသွားစေခဲ့ပါတယ်။Shanghaiist သတင်းအရ ဒီဗီဒီယိုကို Weibo မှတစ်ဆင့်ဝေမျှခဲ့ပြီး အဆိုပါလေယာဉ်မယ်ဟာ အစားအစာတွေကိုစားနေခဲ့ချိန်မှာ သူတို့အားလုံးကောင်တာမှာ တန်းစီနေရမယ့်အချိန်ဖြစ်နေတာပါ။အစကတော့ အင်တာနက်အသုံးပြုသူများစွာဟာ သူမအဲ့ဒီအစားအစာအကျန်ကိုစားနေတုန်း ဗီဒီယိုရိုက်ကူးနေခဲ့တဲ့လူကို သူမ မသိပုံရတယ်လို့ ထင်မှတ်ထားခဲ့ကြပါတယ်။စွန့်ပစ်မဲ့အစားအစာအပိုတွေကို သူမစားတာဘာပြဿာနာရှိလို့လဲ ဟု ဝေဖန်သုံးသပ်သူတစ်ဦးက မေးခဲ့ပါသေးတယ်။

ဒီအခြေအနေမှာ ကျွန်တော် စက်ဆုပ်ရွံရှာဖွယ်အရှိဆုံးကတော့ ဗီဒီယိုကိုတင်တဲ့သူဘဲ လို့အခြားမှတ်ချက်ပေးသူတစ်ဦး က ဆိုခဲ့ပါတယ်။တာဝန်ရှိသူတွေရဲ့ထုတ်ပြန်ကြေညာချက်အရ Urumqi Air လေကြောင်းလိုင်းမှလေယာဉ်အမှုထမ်းတစ်ဦးဟာ ကျန်ရှိနေတဲ့အစားအစာအကျန်တွေကိုစားနေစဉ်မှာ မိမိကိုယ်ကိုရည်ရွယ်ချက်ရှိရှိရိုက်ကူးခဲ့ပြီး onlineပေါ်ရည်ရွယ်ချက်ရှိရှိတင်ခဲ့ကြောင်း ပြန်လည်ဖြေရှင်းကြောငြာခဲ့ပါတယ်။လေယာဉ်မယ်ကိုကာကွယ်ပေးဖို့ကြိုးစားခဲ့တဲ့ Netizen တွေဟာ လေကြောင်းလိုင်းရဲ့ကြေညာချက်ကိုကြားပြီးနောက် ခံစားချက်ရုတ်တရက်ပြောင်းလဲသွားခဲ့ကြပြီး သူမကိုချက်ချင်းစတင်ဝေဖန်ခဲ့ကာ ကုမ္ပဏီကအခြေအနေကိုသင့်လျော်စွာကိုင်တွယ်ခဲ့ပုံကိုလည်း ချီးကျူးခဲ့ကြပြန်ပါသေးတယ်။

Jasmine (Mckzone Daily)

  • Leave a Comment