လက်နှစ်ဖက်လုံးဖုန်းအသုံးပြုရင်း အရှိန်ပြင်းပြင်းကားမောင်းနေခဲ့တဲ့ Busကားဆရာ (ရုပ်/သံ)

ပြီးခဲ့တဲ့ အောက်တိုဘာလ 4ရက်နေ့က မလေးရှားနိုင်ငံက များစွာသော Facebook Pages တွေမှာ ဖုန်းအသုံးပြုရင်း အဝေးပြေးလမ်းမပေါ်မှာအရှိန်ပြင်းပြင်းကားမောင်းနှင်နေခဲ့တဲ့ Busကားဆရာရဲ့ ရုပ်သံဟာအတော်လေးကိုရေပန်းစားနေခဲ့ပါတယ် ။ အဆိုပါ Video ကို We are Malaysian ဆိုတဲ့ Facebook Page ကနေဖော်ပြထားခဲ့တာဖြစ်ပြီး Video ထဲမှာတော့ ကားဆရာရဲ့လက်နှစ်ဖက်လုံးဟာ ဖုန်းကိုသာအသုံးပြုနေခဲ့ပြီး ၊ သူ၏စိတ်အာရုံစိုက်မှုများမှာလည်း ဖုန်းအတွင်း၌သာရောက်ရှိနေခဲ့ပါတယ် ။ ထို့အပြင် မိုးရွာသွန်းနေပေမဲ့လည်း ဖုန်းကိုသာအသုံးပြုနေပြီး လမ်းကြောတစ်လျှောက်လုံးအရှိန်ပြင်းပြင်းနှင့် ကားကိုမောင်းနှင်နေခဲ့တာပါ ။

အဆိုပါ ဘတ်စကားမှာ Perak Transit ကားဂိတ်မှကားဖြစ်သည့်အပြင် ဘတ်စကားနံပတ်မှာ AKP 9738 ဖြစ်ကြောင်းကိုလည်း Facebook post တွင် အသေအချာဖော်ပြထားခဲ့ပါသေးတယ် ။ ထို့အပြင် ကားဆရာမှာတစ်ချိန်လုံး ဖုန်းဖြင့်စာရေးသားနေခဲ့ပြီး သူ၏ပေါ့ဆမှုတစ်စက္ကန့်လေးကြောင့် ကားပေါ်ပါလာခဲ့တဲ့ခရီးသည်တွေရဲ့ အသက်အန္တရာယ်ကိုဂရုစိုက်မိပုံလည်း မပေါ်ခဲ့ပါဘူး ။ ပိုပြီးဆိုးဝါးတာကတော့ သူ၏ဖုန်းမှစာသားတွေကို ခပ်တည်တည်ဖြင့်ဖတ်ကြည့်နေခဲ့ပြီး စက္ကန့်အတော်ကြာလမ်းကြောအခြေအနေကို မကြည့်ခဲ့ပါဘူး ။

အမျက်ဒေါသထွက်ဖွယ်ကောင်းလွန်းတဲ့ အဆိုပါvideo ကိုလူအများစုကြည့်ရှုပြီးချိန်မှာတော့ ကားဆရာဟာခရီးသည်တွေရဲ့အသက်ကိုတန်ဖိုးမထားပဲ လောင်ကြေးကဲ့သို့သာ သတ်မှတ်ထားသူဖြစ်တယ်ဆိုပြီး ပြစ်တင်ရှုံ့ချခဲ့ကြပါတယ် ။ ထို့ကြောင့် လူအများစုကတော့ဖုန်းအသုံးပြုရင်း ကားမောင်းနှင်ခဲ့တဲ့ အဆိုပါကားဆရာကိုအလုပ်မှရပ်ဆိုင်ပြီး အပြစ်ပေးကြဖို့မျှော်လင့်နေလျက်ရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz

Zawgyi

ၿပီးခဲ့တဲ့ ေအာက္တိုဘာလ 4ရက္ေန႔က မေလး႐ွားႏိုင္ငံက မ်ားစြာေသာ Facebook Pages ေတြမွာ ဖုန္းအသံုးျပဳရင္း အေဝးေျပးလမ္းမေပၚမွာအ႐ွိန္ျပင္းျပင္းကားေမာင္းႏွင္ေနခဲ့တဲ့ Busကားဆရာရဲ႕ ႐ုပ္သံဟာအေတာ္ေလးကိုေရပန္းစားေနခဲ့ပါတယ္ ။ အဆိုပါ Video ကို We are Malaysian ဆိုတဲ့ Facebook Page ကေနေဖာ္ျပထားခဲ့တာျဖစ္ၿပီး Video ထဲမွာေတာ့ ကားဆရာရဲ႕လက္ႏွစ္ဖက္လံုးဟာ ဖုန္းကိုသာအသံုးျပဳေနခဲ့ၿပီး ၊ သူ၏စိတ္အာရံုစိုက္မႈမ်ားမွာလည္း ဖုန္းအတြင္း၌သာေရာက္႐ွိေနခဲ့ပါတယ္ ။ ထို႔အျပင္ မိုးရြာသြန္းေနေပမဲ့လည္း ဖုန္းကိုသာအသံုးျပဳေနၿပီး လမ္းေၾကာတစ္ေလ်ွာက္လံုးအ႐ွိန္ျပင္းျပင္းႏွင့္ ကားကိုေမာင္းႏွင္ေနခဲ့တာပါ ။

အဆိုပါ ဘတ္စကားမွာ Perak Transit ကားဂိတ္မွကားျဖစ္သည့္အျပင္ ဘတ္စကားနံပတ္မွာ AKP 9738 ျဖစ္ေၾကာင္းကိုလည္း Facebook post တြင္ အေသအခ်ာေဖာ္ျပထားခဲ့ပါေသးတယ္ ။ ထို႔အျပင္ ကားဆရာမွာတစ္ခ်ိန္လံုး ဖုန္းျဖင့္စာေရးသားေနခဲ့ၿပီး သူ၏ေပါ့ဆမႈတစ္စကၠန္႔ေလးေၾကာင့္ ကားေပၚပါလာခဲ့တဲ့ခရီးသည္ေတြရဲ႕ အသက္အႏၱရာယ္ကိုဂ႐ုစိုက္မိပံုလည္း မေပၚခဲ့ပါဘူး ။ ပိုၿပီးဆိုးဝါးတာကေတာ့ သူ၏ဖုန္းမွစာသားေတြကို ခပ္တည္တည္ျဖင့္ဖတ္ၾကည့္ေနခဲ့ၿပီး စကၠန္႔အေတာ္ၾကာလမ္းေၾကာအေျခအေနကို မၾကည့္ခဲ့ပါဘူး ။

အမ်က္ေဒါသထြက္ဖြယ္ေကာင္းလြန္းတဲ့ အဆိုပါvideo ကိုလူအမ်ားစုၾကည့္႐ႈၿပီးခ်ိန္မွာေတာ့ ကားဆရာဟာခရီးသည္ေတြရဲ႕အသက္ကိုတန္ဖိုးမထားပဲ ေလာင္ေၾကးကဲ့သို႔သာ သတ္မွတ္ထားသူျဖစ္တယ္ဆိုၿပီး ျပစ္တင္႐ႈံ့ခ်ခဲ့ၾကပါတယ္ ။ ထို႔ေၾကာင့္ လူအမ်ားစုကေတာ့ဖုန္းအသံုးျပဳရင္း ကားေမာင္းႏွင္ခဲ့တဲ့ အဆိုပါကားဆရာကိုအလုပ္မွရပ္ဆိုင္ၿပီး အျပစ္ေပးၾကဖို႔ေမ်ွာ္လင့္ေနလ်က္႐ွိေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Be the first to comment on "လက်နှစ်ဖက်လုံးဖုန်းအသုံးပြုရင်း အရှိန်ပြင်းပြင်းကားမောင်းနေခဲ့တဲ့ Busကားဆရာ (ရုပ်/သံ)"

Leave a comment

Your email address will not be published.


*