တစ်မူထူးခြားတဲ့ပုံစံနဲ့ အိပ်မောကျလေ့ရှိကြတဲ့ ဇီးကွက်လေးတွေရဲ့ ချစ်ဖို့ကောင်းလွန်းတဲ့ရုပ်ပုံများ



1

2

3

4

5

6

7

8

9

10

11

12

13

14

15

16

17

Jasmine (Mckzone Daily)

Source: boredpanda

Unicode

မကြာသေးမီက ဘာကြိုးစားအားထုတ်မှုမှမလုပ်ရဘဲအေးဆေးနေနေတဲ့ဇီးကွက်တွေကို လူအများက စိတ်ဝင်စားလာခဲ့ကြပါတယ်။တကယ်တော့ သူတို့တရေးတမောအိပ်လိုက်တဲ့ပုံတွေကြောင့်ပါ။ဇီးကွက်လေးတွေအိပ်နေတဲ့ပုံဟာ တစ်ညတည်းမှာပဲအရက်အလွန်အကျွံသောက်ပြီးအိမ်ပြန်လာတဲ့ပုံစံနဲ့တူနေပြီး မယုံနိုင်လောက်အောင်လည်း ချစ်ဖို့ကောင်းနေပါတယ်။အင်တာက်ကတဆင့် မမြင်လိုက်ရရင် လူ ၉၉ရာခိုင်နှုန်းက ဒီအကြောင်းကို သိကြမှာမဟုတ်ပါဘူး။တလောက Mark Reesဆိုတဲ့အမျိုးသားက မြေကြီးပေါ်မောက်လျှက်အနေအထားနဲ့အိပ်နေတဲ့ဇီးကွက်ပုံကိုမျှဝေခဲ့တာကြောင့် ဇီးကွက်အကြောင်းသိချင်တဲ့လူများလာခဲ့ပါတယ်။ဇီးကွက်လေးတွေရဲ့ဦးခေါင်းကအရမ်းလေးနေတာကြောင့် သူတို့အိပ်ရင် အခုလိုပြုမှုကြရတာပါ။

ပုံထဲကအတိုင်း ခေါင်းကိုတစ်ဖက်စောင်းကာ ဝမ်းဗိုက်ကိုဖိပြီးအိပ်နေတာကို တွေ့ရမှာပါ။သူတို့ရဲ့တရေးတမောအိပ်စက်ခြင်းက အချိန်တိုတောင်းပေမဲ့ အိပ်ပျော်နေတဲ့အချိန် အစာကျွေးဖို့ သူတို့ကိုလာနိုးရင်လည်း မကြိုက်တတ်ကြပါဘူး။စိတ်ဝင်စားဖို့ကောင်းတာတစ်ခုက ဇီးကွက်တွေရဲ့နောက်ကျောခြေချောင်းဖြစ်တဲ့ hallux ဟာ အကိုင်းအခက်တွေကိုတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားနိုင်တဲ့အတွက်ကြောင့် တစ်မှေးအိပ်နေရင်တောင်မှ သစ်ပင်ပေါ်ကနေမပြုတ်ကျနိုင်ပါဘူး။ဒါပေမဲ့ ဇီးကွက်အများစုဟာ မပျံသန်းခင် သူတို့ရဲ့ပတ်ဝန်းကျင်ကိုစူးစမ်းဖို့စိတ်အားထက်သန်ကြတဲ့အတွက် မကြာခဏဆိုသလို မြေကြီးပေါ်ပြုတ်ကျသွားတတ်ကြပြန်ပါတယ်။

Jasmine (Mckzone Daily)

  • Leave a Comment