မေရာင္းရတဲ့ပန္းစည္းေတြကို အေလအလြင့္မျဖစ္ေအာင္ က်န္းမာေရးဝန္ထမ္းတို႔ရဲ့ကားေပၚ တင္ေပးခဲ့ၿပီး ဂုဏ္ျပဳအားေပးခဲ့တဲ့ အမ်ိဳးသမီး

ကၽြန္ေတာ္တို့လူသားအားလုံးဟာ ဘယ္လိုဘဲ ခက္ခဲၾကမ္းတမ္းတဲ့အေျခအေနေတြၾကဳံေတြ႕ေနရပါေစ အေမွာင္ထဲကအလင္းတန္းကိုရွာဖို့ ႀကိဳးစားအားထုတ္ေနၾကရတာပါ။လုံးဝေမွာင္မဲေနတဲ့မိုးတိမ္တိုက္မွာေတာင္ေငြေရာင္အဆင္းမ်က္ႏွာျပင္ရွိေနတတ္သလိုေပါ့။နိုဝင္ဘာ ၂ရက္ ဒီတနလၤာေန႔က ျပင္သစ္နိုင္ငံ Perpignan ေဆး႐ုံရွိ ရွည္လ်ားတဲ့တေန႔တာအလုပ္အၿပီး ဝန္ထမ္းတစ္ဦးဟာ ေဆး႐ုံကားparkingက ကားေတြေပၚရဲ့လွပတဲ့ပန္းစည္းေတြေၾကာင့္ အလုပ္မွာပင္ပန္းခဲ့ရသမၽွ စိတ္အပန္းေျဖသြားခဲ့ရပါတယ္။တကယ္ေတာ့ Murielle Marenacဆိုတဲ့အမ်ိဳးသမီးက အခုလိုခက္ခဲတဲ့အခ်ိန္ေတြမွာ မရွိမျဖစ္လိုအပ္တဲ့ေရွ႕တန္းတိုက္စစ္မွူးေတြကို အံ့အားသင့္သြားေစခဲ့တာပါ။

Murielle Marenac ဟာ ပန္းအလွဆင္သူတစ္ဦးျဖစ္ၿပီး Marcenac Fleursလို့ေခၚတဲ့ ပန္းဆိုင္ဖြင့္ထားတာပါ။ကံမေကာင္းစြာနဲ႔ COVID-19 အေျခအေနတစ္ခုလုံးေၾကာင့္ သူမရဲ့ပန္းဆိုင္ကို ပိတ္ထားလိုက္ရတာပါ။ရွုံးနိမ့္သြားတယ္လို့ခံစားေနမယ့္အစား အေျခအေနကို အေကာင္းဆုံးျဖစ္သြားေစဖို့ သူမစဥ္းစားခဲ့ၿပီး ဆိုင္ပိတ္ထားလိုက္ရေတာ့ မေရာင္းရေသးတဲ့ပန္းေတြကို အလွဆင္ၿပီး Perpignan ေဆး႐ုံရွိ ေရွ႕တန္းကေနတိုက္ထုတ္ေပးေနတဲ့က်န္းမာေရးလုပ္သားေတြကို လက္ေဆာင္ေပးဖို့ ဆုံးျဖတ္ခဲ့တာပါ။

“အခုလိုအခ်ိန္မွာ ငိုေနမယ့္အစား လူေတြကို ျပဳံးေပ်ာ္ေစရမယ္ဆိုတဲ့အေတြးနဲ႔ ကၽြန္မပန္းေတြကိုလည္း အလကားအျဖစ္မခံခ်င္တာနဲ႔ အခုလိုလုပ္ဖို့ ဆုံးျဖတ္ခဲ့တယ္၊သူတို့ ကၽြန္မကို ေက်းဇူးတင္ခဲ့ၾကတယ္၊သူတို့လည္း အဲ့လိုေထာက္ပံ့မွုေလးေတြအမ်ားႀကီးလိုအပ္ေနတယ္”လို့ ၃၈ႏွစ္အရြယ္ Marenac ကဆိုထားပါတယ္။သူမ ဒီေလာက္နဲ႔ရပ္တန္႔သြားမွာမဟုတ္ဘဲ တျခားေဒသခံေဆး႐ုံေတြမွာလည္း မေရာင္းရေသးတဲ့ပန္းေတြနဲ႔ အခုလိုျပဳလုပ္ေပးသြားအုံးမယ္လို့လည္းဆိုထားပါတယ္။

4

5

6

7

8

9

10

11

12

13

Jasmine (Mckzone Daily)

Source: boredpanda

Unicode

ကျွန်တော်တို့လူသားအားလုံးဟာ ဘယ်လိုဘဲ ခက်ခဲကြမ်းတမ်းတဲ့အခြေအနေတွေကြုံတွေ့နေရပါစေ အမှောင်ထဲကအလင်းတန်းကိုရှာဖို့ ကြိုးစားအားထုတ်နေကြရတာပါ။လုံးဝမှောင်မဲနေတဲ့မိုးတိမ်တိုက်မှာတောင်ငွေရောင်အဆင်းမျက်နှာပြင်ရှိနေတတ်သလိုပေါ့။နိုဝင်ဘာ ၂ရက် ဒီတနင်္လာနေ့က ပြင်သစ်နိုင်ငံ Perpignan ဆေးရုံရှိ ရှည်လျားတဲ့တနေ့တာအလုပ်အပြီး ဝန်ထမ်းတစ်ဦးဟာ ဆေးရုံကားparkingက ကားတွေပေါ်ရဲ့လှပတဲ့ပန်းစည်းတွေကြောင့် အလုပ်မှာပင်ပန်းခဲ့ရသမျှ စိတ်အပန်းဖြေသွားခဲ့ရပါတယ်။တကယ်တော့ Murielle Marenacဆိုတဲ့အမျိုးသမီးက အခုလိုခက်ခဲတဲ့အချိန်တွေမှာ မရှိမဖြစ်လိုအပ်တဲ့ရှေ့တန်းတိုက်စစ်မှူးတွေကို အံ့အားသင့်သွားစေခဲ့တာပါ။

Murielle Marenac ဟာ ပန်းအလှဆင်သူတစ်ဦးဖြစ်ပြီး Marcenac Fleursလို့ခေါ်တဲ့ ပန်းဆိုင်ဖွင့်ထားတာပါ။ကံမကောင်းစွာနဲ့ COVID-19 အခြေအနေတစ်ခုလုံးကြောင့် သူမရဲ့ပန်းဆိုင်ကို ပိတ်ထားလိုက်ရတာပါ။ရှုံးနိမ့်သွားတယ်လို့ခံစားနေမယ့်အစား အခြေအနေကို အကောင်းဆုံးဖြစ်သွားစေဖို့ သူမစဉ်းစားခဲ့ပြီး ဆိုင်ပိတ်ထားလိုက်ရတော့ မရောင်းရသေးတဲ့ပန်းတွေကို အလှဆင်ပြီး Perpignan ဆေးရုံရှိ ရှေ့တန်းကနေတိုက်ထုတ်ပေးနေတဲ့ကျန်းမာရေးလုပ်သားတွေကို လက်ဆောင်ပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။

“အခုလိုအချိန်မှာ ငိုနေမယ့်အစား လူတွေကို ပြုံးပျော်စေရမယ်ဆိုတဲ့အတွေးနဲ့ ကျွန်မပန်းတွေကိုလည်း အလကားအဖြစ်မခံချင်တာနဲ့ အခုလိုလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်၊သူတို့ ကျွန်မကို ကျေးဇူးတင်ခဲ့ကြတယ်၊သူတို့လည်း အဲ့လိုထောက်ပံ့မှုလေးတွေအများကြီးလိုအပ်နေတယ်”လို့ ၃၈နှစ်အရွယ် Marenac ကဆိုထားပါတယ်။သူမ ဒီလောက်နဲ့ရပ်တန့်သွားမှာမဟုတ်ဘဲ တခြားဒေသခံဆေးရုံတွေမှာလည်း မရောင်းရသေးတဲ့ပန်းတွေနဲ့ အခုလိုပြုလုပ်ပေးသွားအုံးမယ်လို့လည်းဆိုထားပါတယ်။

Jasmine (Mckzone Daily)

  • Leave a Comment