အိမ္ထဲက ပစၥည္းမွန္သမၽွကို မနိုင္တနိုင္သယ္ယူၿပီး ဆည္ေဆာက္ေနခဲ့တဲ့ ဖ်ံကေလး (႐ုပ္သံ)

လူေတြကအျမဲလိုလို အျခားသူနဲ႔မတူဘဲ ထူးျခားဆန္းျပားတဲ့ အိမ္ေမြးတိရစၧာန္ကို ေမြးခ်င္တတ္ၾကပါတယ္။အဲလိုဆို ဘာလို့ ဖ်ံကေလးကိုမစဥ္းစားမိၾကပါလိမ့္။ဖ်ံကေလးေတြဟာ သူ႔တို့မိခင္သဘာဝေပးထားတဲ့ဗီဇအတိုင္းအျပင္ထြက္ေနထိုင္ၿပီး ဆည္တည္ေဆာက္ေလ့ရွိပါတယ္။သင့္အိမ္မွာေခၚေမြးခ်င္ရင္ေတာ့ သူဆည္ေဆာက္ဖို့ အိမ္ထဲကပစၥည္းမွန္သမၽွသူ႔ပစၥည္းျဖစ္သြားၿပီး အကုန္ယူသုံးပါလိမ့္မယ္။ၿပီးခဲ့တဲ့ေမလက ၃ ပတ္အရြယ္သာရွိေသးတဲ့ ဖ်ံကေလးတစ္ေကာင္ကို လမ္းေဘးမွာစြန႔္ပစ္သြားခဲ့တာကိုေတြ႕ခဲ့ရၿပီးေနာက္ အဆိုပါဖ်ံကေလးအား လိုင္စင္ရေတာရိုင္းတိရိစၧာန္ ျပန္လည္ထူေထာင္ေရးနဲ႔တိရိစၧာန္အထူးကုတစ္ဦးျဖစ္တဲ့ Nancy ကေမြးစားခဲ့ပါတယ္။ဖ်ံကေလးဟာ Nancyတို့ မိသားစုနဲ႔အတူ ၂ ႏွစ္ေလာက္အတူတူေနစဥ္အတြင္း သူတို့ဆီကေန အရာအားလုံးကိုသင္ယူခဲ့ပါတယ္။

အဆိုပါဖ်ံကေလးဟာ ေရကူးျခင္းနဲ႔အသစ္ေသာအရာေတြကို ကိုယ္တိုင္သင္ယူခဲ့တဲ့အျပင္ အေကာင္းဆုံးတံတားေတြ၊ဆည္ေတြကိုတည္ေဆာက္တတ္ဖို့လည္း သင္ယူေနခဲ့ပါတယ္။ဖ်ံကေလးဟာ အိမ္သုံးပစၥည္းေတြနဲ႔ဆည္စတင္ေဆာက္ေနၿပီျဖစ္ေပမဲ့လည္း အျပင္က ေရေတြထဲေတာ့ မစတင္ေသးေၾကာင္း Nancy ကေျပာျပထားပါတယ္။ဖ်ံကေလးက ညတိုင္းလိုလို အိမ္ထဲမွာ ဆည္ေဆာက္တတ္ၿပီး ပိုင္ရွင္ကညတိုင္းလိုက္ရွင္းေနေပမဲ့ ျပန္ျပန္ေဆာက္တတ္ပါေသးတယ္။ပိုင္ရွင္ကဖ်ံကေလးအတြက္ TikTok အေကာင့္တစ္ခုဖြင့္ေပးထားၿပီး ဖ်ံကေလးရဲ့ဆည္ေဆာက္ဖို့အလုပ္ေတြရွုပ္ေနတဲ့ ဗီဒီယိုဟာလည္း ၾကည့္ရွုသူ ေထာင္နဲ႔ခ်ီရွိခဲ့တာေၾကာင့္ အဆိုပါ ဖ်ံကေလးက ခုတေလာ လူသိမ်ားေက်ာ္ၾကားေနပါတယ္။

3

4

5

6

7

8

9

Jasmine (Mckzone Daily)

Source: boredpanda

Unicode

လူတွေကအမြဲလိုလို အခြားသူနဲ့မတူဘဲ ထူးခြားဆန်းပြားတဲ့ အိမ်မွေးတိရစ္ဆာန်ကို မွေးချင်တတ်ကြပါတယ်။အဲလိုဆို ဘာလို့ ဖျံကလေးကိုမစဉ်းစားမိကြပါလိမ့်။ဖျံကလေးတွေဟာ သူ့တို့မိခင်သဘာဝပေးထားတဲ့ဗီဇအတိုင်းအပြင်ထွက်နေထိုင်ပြီး ဆည်တည်ဆောက်လေ့ရှိပါတယ်။သင့်အိမ်မှာခေါ်မွေးချင်ရင်တော့ သူဆည်ဆောက်ဖို့ အိမ်ထဲကပစ္စည်းမှန်သမျှသူ့ပစ္စည်းဖြစ်သွားပြီး အကုန်ယူသုံးပါလိမ့်မယ်။ပြီးခဲ့တဲ့မေလက ၃ ပတ်အရွယ်သာရှိသေးတဲ့ ဖျံကလေးတစ်ကောင်ကို လမ်းဘေးမှာစွန့်ပစ်သွားခဲ့တာကိုတွေ့ခဲ့ရပြီးနောက် အဆိုပါဖျံကလေးအား လိုင်စင်ရတောရိုင်းတိရိစ္ဆာန် ပြန်လည်ထူထောင်ရေးနဲ့တိရိစ္ဆာန်အထူးကုတစ်ဦးဖြစ်တဲ့ Nancy ကမွေးစားခဲ့ပါတယ်။ဖျံကလေးဟာ Nancyတို့ မိသားစုနဲ့အတူ ၂ နှစ်လောက်အတူတူနေစဉ်အတွင်း သူတို့ဆီကနေ အရာအားလုံးကိုသင်ယူခဲ့ပါတယ်။

အဆိုပါဖျံကလေးဟာ ရေကူးခြင်းနဲ့အသစ်သောအရာတွေကို ကိုယ်တိုင်သင်ယူခဲ့တဲ့အပြင် အကောင်းဆုံးတံတားတွေ၊ဆည်တွေကိုတည်ဆောက်တတ်ဖို့လည်း သင်ယူနေခဲ့ပါတယ်။ဖျံကလေးဟာ အိမ်သုံးပစ္စည်းတွေနဲ့ဆည်စတင်ဆောက်နေပြီဖြစ်ပေမဲ့လည်း အပြင်က ရေတွေထဲတော့ မစတင်သေးကြောင်း Nancy ကပြောပြထားပါတယ်။ဖျံကလေးက ညတိုင်းလိုလို အိမ်ထဲမှာ ဆည်ဆောက်တတ်ပြီး ပိုင်ရှင်ကညတိုင်းလိုက်ရှင်းနေပေမဲ့ ပြန်ပြန်ဆောက်တတ်ပါသေးတယ်။ပိုင်ရှင်ကဖျံကလေးအတွက် TikTok အကောင့်တစ်ခုဖွင့်ပေးထားပြီး ဖျံကလေးရဲ့ဆည်ဆောက်ဖို့အလုပ်တွေရှုပ်နေတဲ့ ဗီဒီယိုဟာလည်း ကြည့်ရှုသူ ထောင်နဲ့ချီရှိခဲ့တာကြောင့် အဆိုပါ ဖျံကလေးက ခုတလော လူသိများကျော်ကြားနေပါတယ်။

Jasmine (Mckzone Daily)

  • Leave a Comment