ကားထဲထြက္မရဘဲပိတ္မိေနတဲ့လူႏွစ္ဦးကို ကယ္တင္ဖို့ သူ႔ရဲ့လက္ဗလာနဲ႔ ကားေရွ႕မွန္ကိုခြါထုတ္ခဲ့တဲ့ စစ္သား (႐ုပ္သံ)

တ႐ုတ္စစ္သားတစ္ဦးဟာ ယာဥ္တိုက္မွုေၾကာင့္ ထြက္မရဘဲကားထဲပိတ္မိေနတဲ့လူႏွစ္ေယာက္အားကယ္ထုတ္ဖို့ သူ႔ရဲ့ဗလာလက္ႏွစ္ဖက္ကိုအသုံးျပဳၿပီး ကားေရွ႕မွန္ကိုသတၱိရွိရွိခြါထုတ္ခဲ့ပါတယ္။အဆိုပါကားယာဥ္တိုက္မွုဟာ ၿပီးခဲ့တဲ့လ တ႐ုတ္နိုင္ငံေျမာက္ပိုင္း Hebeiျပည္နယ္ရွိ အေဝးေျပးလမ္းမႀကီးမွာ ျဖစ္ပြါးခဲ့ေၾကာင္း YanZhao Evening သတင္းကေဖာ္ျပထားပါတယ္။အဆိုပါကားဟာ ေဘးတိုက္လဲေနၿပီး ကားထဲမွာ အမ်ိဳးသားႏွစ္ဦးက ပိတ္မိေနခဲ့တာပါ။လူေတြေရာက္လာေတာ့ အဆိုပါကားဟာ ဓာတ္ဆီေတြ ယိုစိမ့္ေနၿပီး ကားေငြ႕ေတြလည္းထြက္ေနခဲ့ပါတယ္။အဲ့ဒီလူေတြထဲကမွ အသက္ ၂၆ႏွစ္အရြယ္ Ma Jun-dongလို့အမည္ရတဲ့စစ္သားတစ္ဦးဟာ ပထမဆုံး ေက်ာက္တုံးနဲ႔ကားေရွ႕မွန္ကိုထုခဲ့ၿပီး အဲဒီေနာက္ သူ႔ရဲ့လက္ဗလာနဲ႔ ကားမွန္ကို ခြါထုတ္ခဲ့ပါတယ္။ေဘးကလူေတြကလည္း Maနဲ႔အတူ ကူညီေပးခဲ့ၾကပါတယ္။အဆိုပါစစ္သားကေတာ့ သူ႔ရဲ့လက္ေခ်ာင္းေတြေပၚမွာ ဒဏ္ရာရသြားခဲ့ရပါတယ္။

စိတ္သေဘာထားျပည့္ဝတဲ့သူ႔လုပ္ရပ္ဗီဒီယိုဟာ social media ေပၚပ်ံ႕ႏွံ့သြားၿပီးေနာက္ netizen ေတြက တစ္ပါးသူအသက္ကို အေလးထားၿပီး သတၱိရွိရွိကယ္တင္ေပးခဲ့လို့ ခ်ီးက်ဴးဂုဏ္ျပဳေပးခဲ့ၾကပါတယ္။တခ်ိဳ့ေတြက “ဒီလူငယ္ေလးက ေကာင္းမြန္တဲ့ ဥပမာတစ္ခုဘဲ။ၿမိဳ့ထဲက အမိုက္ဆုံး၊အခန္႔ညားဆုံးလူငယ္ေလး။ငါသူ႔ကို လက္ထက္ခ်င္တယ္။”စတဲ့ မွတ္ခ်က္ေတြလည္းေပးခဲ့ၾကပါတယ္။Maဟာ စစ္တပ္မိသားစုမွေမြးဖြားလာခဲ့ၿပီး ငယ္ငယ္ကတည္းက စစ္သားတစ္ေယာက္ျဖစ္ခ်င္ခဲ့သူပါ။စစ္တပ္ထဲမဝင္ခင္ Xi’an ဘဏၰေရးႏွင့္စီးပြါးေရးတကၠသိုလ္မွာဘႊဲ႕ရခဲ့ပါေသးတယ္။ကမၻာေပၚမွာ အဲ့လိုစိတ္သေဘာထားျပည့္ဝတဲ့လူေတြ အမ်ားအျပားရွိေနသင့္ပါတယ္။

Jasmine (Mckzone Daily)

Source: nextshark

Unicode

တရုတ်စစ်သားတစ်ဦးဟာ ယာဉ်တိုက်မှုကြောင့် ထွက်မရဘဲကားထဲပိတ်မိနေတဲ့လူနှစ်ယောက်အားကယ်ထုတ်ဖို့ သူ့ရဲ့ဗလာလက်နှစ်ဖက်ကိုအသုံးပြုပြီး ကားရှေ့မှန်ကိုသတ္တိရှိရှိခွါထုတ်ခဲ့ပါတယ်။အဆိုပါကားယာဉ်တိုက်မှုဟာ ပြီးခဲ့တဲ့လ တရုတ်နိုင်ငံမြောက်ပိုင်း Hebeiပြည်နယ်ရှိ အဝေးပြေးလမ်းမကြီးမှာ ဖြစ်ပွါးခဲ့ကြောင်း YanZhao Evening သတင်းကဖော်ပြထားပါတယ်။အဆိုပါကားဟာ ဘေးတိုက်လဲနေပြီး ကားထဲမှာ အမျိုးသားနှစ်ဦးက ပိတ်မိနေခဲ့တာပါ။လူတွေရောက်လာတော့ အဆိုပါကားဟာ ဓာတ်ဆီတွေ ယိုစိမ့်နေပြီး ကားငွေ့တွေလည်းထွက်နေခဲ့ပါတယ်။အဲ့ဒီလူတွေထဲကမှ အသက် ၂၆နှစ်အရွယ် Ma Jun-dongလို့အမည်ရတဲ့စစ်သားတစ်ဦးဟာ ပထမဆုံး ကျောက်တုံးနဲ့ကားရှေ့မှန်ကိုထုခဲ့ပြီး အဲဒီနောက် သူ့ရဲ့လက်ဗလာနဲ့ ကားမှန်ကို ခွါထုတ်ခဲ့ပါတယ်။ဘေးကလူတွေကလည်း Maနဲ့အတူ ကူညီပေးခဲ့ကြပါတယ်။အဆိုပါစစ်သားကတော့ သူ့ရဲ့လက်ချောင်းတွေပေါ်မှာ ဒဏ်ရာရသွားခဲ့ရပါတယ်။

စိတ်သဘောထားပြည့်ဝတဲ့သူ့လုပ်ရပ်ဗီဒီယိုဟာ social media ပေါ်ပျံ့နှံ့သွားပြီးနောက် netizen တွေက တစ်ပါးသူအသက်ကို အလေးထားပြီး သတ္တိရှိရှိကယ်တင်ပေးခဲ့လို့ ချီးကျူးဂုဏ်ပြုပေးခဲ့ကြပါတယ်။တချို့တွေက “ဒီလူငယ်လေးက ကောင်းမွန်တဲ့ ဥပမာတစ်ခုဘဲ။မြို့ထဲက အမိုက်ဆုံး၊အခန့်ညားဆုံးလူငယ်လေး။ငါသူ့ကို လက်ထက်ချင်တယ်။”စတဲ့ မှတ်ချက်တွေလည်းပေးခဲ့ကြပါတယ်။Maဟာ စစ်တပ်မိသားစုမှမွေးဖွားလာခဲ့ပြီး ငယ်ငယ်ကတည်းက စစ်သားတစ်ယောက်ဖြစ်ချင်ခဲ့သူပါ။စစ်တပ်ထဲမဝင်ခင် Xi’an ဘဏ္ဏရေးနှင့်စီးပွါးရေးတက္ကသိုလ်မှာဘွှဲ့ရခဲ့ပါသေးတယ်။ကမ္ဘာပေါ်မှာ အဲ့လိုစိတ်သဘောထားပြည့်ဝတဲ့လူတွေ အများအပြားရှိနေသင့်ပါတယ်။

Jasmine (Mckzone Daily)

Be the first to comment on "ကားထဲထြက္မရဘဲပိတ္မိေနတဲ့လူႏွစ္ဦးကို ကယ္တင္ဖို့ သူ႔ရဲ့လက္ဗလာနဲ႔ ကားေရွ႕မွန္ကိုခြါထုတ္ခဲ့တဲ့ စစ္သား (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*