တိုက္ခန္းထဲကေန ပုပ္သိုးေနတဲ့အေလာင္းေကာင္အနံ႔ရလို႔ ရဲတိုင္လိုက္ခ်ိန္မွ မထင္ထားတဲ့အရာျဖစ္ေနခဲ့ပံု

ကိုယ္ေနထိုင္ေနတဲ့ တိုက္ခန္းဆီကိုအလုပ္ကေနျပန္လာခဲ့လို႔ တစ္ခါးမွမရဖူးတဲ့အနံ႔ဆိုးမ်ိဳးရခဲ့မယ္ဆိုရင္ စဥ္းစားၾကည့္ပါ ။ ၎အနံ႔ကလည္း တစ္ရက္ထက္တစ္ရက္ပိုမိုဆိုးရြားလာခဲ့ၿပီး သည္းမခံႏိုင္ေလာက္ေအာင္ ေဘးအခန္းကအနံ႔ျဖစ္ေနမယ္ဆိုရင္ ဘယ္လိုပဲျဖစ္ျဖစ္ရဲကို အေၾကာင္းၾကားၿပီးတိုင္တန္းမိမွာပါပဲေလ ။ ဒီတစ္ေခါက္မွာလည္း ထိုင္းႏိုင္ငံက တိုက္ခန္းတစ္ခုမွာေနထိုင္သူတစ္ေယာက္ဟာ ပုပ္သိုးေနတဲ့အေလာင္းေကာင္ကဲသို႔ အနံ႔မ်ိဳးကို 3လႊာမွာ႐ွိေနတဲ့တိုက္ခန္းဆီကေနရ႐ွိေနခဲ့လို႔ စံုစမ္းစစ္ေဆးဖို႔အတြက္ ရဲအရာ႐ွိမ်ားကိုဆက္သြယ္အေၾကာင္းၾကားခဲ့ပါတယ္ ။

အဆိုပါအနံ႔ေၾကာင့္ ရဲအရာ႐ွိေတြေရာ ၊ အဆိုပါလူေနတိုက္တန္းႀကီးမွာေနထိုင္ေနၾကသူမ်ားကပါ အနံ႔အသက္ဒဏ္ခံႏိုင္ဖို႔အတြက္ mask တပ္ထားၾကကာ အဆိုပါအနံ႔ထြက္ေနေသာတိုက္ခန္းအျပင္ဖက္မွာ စုျပံဳၿပီးေစာင့္ဆိုင္းေနခဲ့ၾကပါတယ္ ။ ထို႔ေနာက္ တိုက္ခန္းတံခါးကိုဖ်က္ၿပီး အထဲသို႔ဝင္ေရာက္စစ္ေဆးခဲ့ပါေတာ့တယ္ ။အဆိုပါတိုက္ခန္းအနီးေနထိုင္ေနသူတစ္ေယာက္ကလည္း တိုက္ခန္းပိုင္႐ွင္ထြက္သြားတဲ့အခ်ိန္ေနာက္ပိုင္းမွ အနံ႔အသက္ဟာပိုမိုဆိုးရြားလာခဲ့ေၾကာင္းလည္း ထပ္ေလာင္းေျပာဆိုခဲ့ပါေသးတယ္ ။

တိုက္ခန္းအတြင္း ဝင္ေရာက္စစ္ေဆးခဲ့ခ်ိန္မွာေတာ့ ေဘစင္ထဲမွာပုပ္သိုးေနတဲ့ ဆလားဖီးယားငါး ဆီကေနထြက္လာတဲ့အနံ႔အသက္ျဖစ္ေၾကာင္း သိ႐ွိခဲ့ၾကပါတယ္ ။ တိုက္ခန္းပိုင္႐ွင္က အဆိုပါငါးကိုခ်က္ျပဳတ္ဖို႔အတြက္ စီစဥ္ထားခဲ့ပံုရၿပီး ေနာက္ေတာ့ေမ့ေလ်ာ့သြားခဲ့ကာ ေရခဲေသတာၱထဲထည့္ခဲ့ရမဲ့အစား ေဘစင္ထဲမွာေမ့ၿပီးထားခဲ့ကာ ထြက္သြားခဲ့ပံုရေၾကာင္း ခန္႔မွန္းခဲ့ၾကပါတယ္ ။ ေပါ့ေလ်ာ့လြန္းတဲ့ အဆိုပါတိုက္ခန္းပိုင္႐ွင္ေၾကာင့္ တိုက္ခန္းအိမ္ရာတစ္ခုလံုး ငါးပုပ္သိုးနံ႔ရေနခဲ့ၿပီး စိုးရိမ္ထိတ္လန္႔မႈကိုျဖစ္ေစခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း အဆံုးသတ္မွာ တစ္စံုတစ္ေယာက္ေသဆံုးေနခဲ့တာမ်ိဳးမဟုတ္ခဲ့တဲ့အတြက္ အကုန္လံုးေတာ့ စိတ္သက္သာရာရ႐ွိခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကိုယ်နေထိုင်နေတဲ့ တိုက်ခန်းဆီကိုအလုပ်ကနေပြန်လာခဲ့လို့ တစ်ခါးမှမရဖူးတဲ့အနံ့ဆိုးမျိုးရခဲ့မယ်ဆိုရင် စဉ်းစားကြည့်ပါ ။ ၎င်းအနံ့ကလည်း တစ်ရက်ထက်တစ်ရက်ပိုမိုဆိုးရွားလာခဲ့ပြီး သည်းမခံနိုင်လောက်အောင် ဘေးအခန်းကအနံ့ဖြစ်နေမယ်ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ်ရဲကို အကြောင်းကြားပြီးတိုင်တန်းမိမှာပါပဲလေ ။ ဒီတစ်ခေါက်မှာလည်း ထိုင်းနိုင်ငံက တိုက်ခန်းတစ်ခုမှာနေထိုင်သူတစ်ယောက်ဟာ ပုပ်သိုးနေတဲ့အလောင်းကောင်ကဲသို့ အနံ့မျိုးကို 3လွှာမှာရှိနေတဲ့တိုက်ခန်းဆီကနေရရှိနေခဲ့လို့ စုံစမ်းစစ်ဆေးဖို့အတွက် ရဲအရာရှိများကိုဆက်သွယ်အကြောင်းကြားခဲ့ပါတယ် ။

အဆိုပါအနံ့ကြောင့် ရဲအရာရှိတွေရော ၊ အဆိုပါလူနေတိုက်တန်းကြီးမှာနေထိုင်နေကြသူများကပါ အနံ့အသက်ဒဏ်ခံနိုင်ဖို့အတွက် mask တပ်ထားကြကာ အဆိုပါအနံ့ထွက်နေသောတိုက်ခန်းအပြင်ဖက်မှာ စုပြုံပြီးစောင့်ဆိုင်းနေခဲ့ကြပါတယ် ။ ထို့နောက် တိုက်ခန်းတံခါးကိုဖျက်ပြီး အထဲသို့ဝင်ရောက်စစ်ဆေးခဲ့ပါတော့တယ် ။အဆိုပါတိုက်ခန်းအနီးနေထိုင်နေသူတစ်ယောက်ကလည်း တိုက်ခန်းပိုင်ရှင်ထွက်သွားတဲ့အချိန်နောက်ပိုင်းမှ အနံ့အသက်ဟာပိုမိုဆိုးရွားလာခဲ့ကြောင်းလည်း ထပ်လောင်းပြောဆိုခဲ့ပါသေးတယ် ။

တိုက်ခန်းအတွင်း ဝင်ရောက်စစ်ဆေးခဲ့ချိန်မှာတော့ ဘေစင်ထဲမှာပုပ်သိုးနေတဲ့ ဆလားဖီးယားငါး ဆီကနေထွက်လာတဲ့အနံ့အသက်ဖြစ်ကြောင်း သိရှိခဲ့ကြပါတယ် ။ တိုက်ခန်းပိုင်ရှင်က အဆိုပါငါးကိုချက်ပြုတ်ဖို့အတွက် စီစဉ်ထားခဲ့ပုံရပြီး နောက်တော့မေ့လျော့သွားခဲ့ကာ ရေခဲသေတ္တာထဲထည့်ခဲ့ရမဲ့အစား ဘေစင်ထဲမှာမေ့ပြီးထားခဲ့ကာ ထွက်သွားခဲ့ပုံရကြောင်း ခန့်မှန်းခဲ့ကြပါတယ် ။ ပေါ့လျော့လွန်းတဲ့ အဆိုပါတိုက်ခန်းပိုင်ရှင်ကြောင့် တိုက်ခန်းအိမ်ရာတစ်ခုလုံး ငါးပုပ်သိုးနံ့ရနေခဲ့ပြီး စိုးရိမ်ထိတ်လန့်မှုကိုဖြစ်စေခဲ့ပါတယ် ။ သို့ပေမဲ့လည်း အဆုံးသတ်မှာ တစ်စုံတစ်ယောက်သေဆုံးနေခဲ့တာမျိုးမဟုတ်ခဲ့တဲ့အတွက် အကုန်လုံးတော့ စိတ်သက်သာရာရရှိခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "တိုက္ခန္းထဲကေန ပုပ္သိုးေနတဲ့အေလာင္းေကာင္အနံ႔ရလို႔ ရဲတိုင္လိုက္ခ်ိန္မွ မထင္ထားတဲ့အရာျဖစ္ေနခဲ့ပံု"

Leave a comment

Your email address will not be published.


*