မေသဆုံးမီ ၅ႏွစ္အရြယ္သမီးေလးအား ဘဝအေၾကာင္းေတြ သင္ၾကားေပးခဲ့တဲ့ ကင္ဆာေရာဂါသည္မိခင္

ဂ်ပန္နိုင္ငံရွိ အသက္ ၅ ႏွစ္အရြယ္ ကေလးမေလး Hana-chan ဟာ ေလ့လာသင္ၾကားမွုမွာသာမက သူ႔အေဖနဲ႔ကင္ဆာေရာဂါခံစားေနရတဲ့မိခင္ကိုပါ ဂ႐ုစိုက္ေပးနိုင္တဲ့ တာဝန္အသိတတ္ဆုံးကေလးတစ္ေယာက္ျဖစ္လာခဲ့ပါတယ္။Hana-chan ဟာ Fukuokaၿမိဳ့ရွိအတတ္သင္ေက်ာင္းကိုတက္ဖို့အရြယ္မေရာက္ေသးေပမဲ့လည္း အရြယ္ေရာက္ၿပီးသူေတြျပဳလုပ္သလို သူမရဲ့အိမ္မွာ ေန႔စဥ္အဝတ္ေလၽွာ္ျခင္း၊ေရခ်ိဳးကန္နဲ႔အိမ္ သန႔္ရွင္းျခင္း၊ သူမကိုယ္တိုင္ မိသားစုအတြက္ခ်က္ျပဳတ္ျခင္းနဲ႔အစားအစာျပင္ဆင္ျခင္းေတြျပဳလုပ္ေနခဲ့ရပါတယ္။ဖခင္ Shingo Yasutake နဲ႔ ရင္သားကင္ဆာခံစားေနရတဲ့မိခင္ Chie တို့ႏွစ္ဦးဟာ၂၀၀၁ ခုႏွစ္ေႏြရာသီမွာလက္ထပ္ခဲ့ၾကပါတယ္။

အစပိုင္းမွာ Chie က သူမကိုယ္ဝန္မရနိုင္ေတာ့ဘူးလို့ထင္ထားခဲ့ေပမဲ့ အံ့ဩဖို့ေကာင္းတဲ့အျဖစ္အပ်က္အလား ကိုယ္၀န္ရွိေနတယ္လို့အေျဖထြက္လာေတာ့ Chieဟာ သူမဘဝအတြက္အေကာင္းဆုံးသတင္းကိုသိရွိခဲ့ရပါတယ္။Chie ဟာ အားလပ္ခ်ိန္ေတြမွာ သူမရဲ့ဒိုင္ယာရီစာအုပ္မွာ သူမမိသားစုအေၾကာင္း အထူးသျဖင့္သမီးေလးHana-chanနဲ႔ပတ္သက္တဲ့ ခံစားခ်က္ေတြကို ေရးေလ့ရွိပါတယ္။”ကၽြန္မသမီး Hana ကို သူျဖစ္ခ်င္တာကိုတတ္နိုင္သမၽွလုပ္ေပးခ်င္ၿပီး တစ္ေန႔သူ႔ကိုယ္သူဂ႐ုစိုက္နိုင္ေအာင္လည္း ကၽြန္မသူ႔ကို ကူညီေပးခ်င္တယ္”လို့ Chie ကဆိုထားခဲ့ပါတယ္။

Chieဟာ သမီးျဖစ္သူကို အစားအစာေတြကိုဘယ္လိုခ်က္ျပဳတ္ရမယ္၊ အိမ္မွုကိစၥေတြကိုဘယ္လိုလုပ္ရမယ္ စတဲ့ ကိုယ့္ဘဝကို ေကာင္းေကာင္းမြန္မြန္ရွင္သန္နိုင္ဖို့ အေျခခံစြမ္းရည္ေတြအားလုံးကို သင္ၾကားေပးရင္း တာ၀န္သိတတ္တဲ့လူတစ္ဦးျဖစ္လာေစဖို့လည္း သင္ၾကားေပးခဲ့ပါတယ္။၂၀၀၈ ခုႏွစ္မွာေတာ့ Chie ဟာသူမရဲ့သမီးနဲ႔ခင္ပြန္း Shingo တို့ကို အၿပီးအပိုင္ႏွုတ္ဆက္ထြက္သြားခဲ့ပါတယ္။Chie ရဲ့ဒိုင္ယာရီအမ်ားစုဟာ Shingo မွထုတ္ေဝတဲ့ Yasutake မိသားစုမွဘဝသင္ခန္းစာ ၈ ခု -“ Hana-chan no Miso Shiru” ေခါင္းစဥ္ျဖင့္ေရးသားထားေၾကာင္း Good Times သတင္းစာကေဖာ္ျပထားပါတယ္။Chieရဲ့အဆိုပါဒိုင္ယာရီေတြဟာ အခုေနာက္ပိုင္းမွ လူသိမ်ားလာခဲ့ၿပီး ဂ်ပန္မွာ အေရာင္းရဆုံးစာအုပ္တစ္အုပ္ျဖစ္သြားခဲ့ပါတယ္။မိခင္ရဲ့ေမတၱာေစတနာႀကီးမားမွုေတြေၾကာင့္ Hana-chanေလးလည္း အခုအခ်ိန္မွာ ဘဝကို ေကာင္းေကာင္းမြန္မြန္ ရွင္သန္ျဖတ္သန္းေနမယ္လို့လည္း ယုံၾကည္မိပါတယ္။

3

4

5

6

7

8

9

10

11

12

Mia (Mckzone Daily)

Source: nextshark

Unicode

ဂျပန်နိုင်ငံရှိ အသက် ၅ နှစ်အရွယ် ကလေးမလေး Hana-chan ဟာ လေ့လာသင်ကြားမှုမှာသာမက သူ့အဖေနဲ့ကင်ဆာရောဂါခံစားနေရတဲ့မိခင်ကိုပါ ဂရုစိုက်ပေးနိုင်တဲ့ တာဝန်အသိတတ်ဆုံးကလေးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။Hana-chan ဟာ Fukuokaမြို့ရှိအတတ်သင်ကျောင်းကိုတက်ဖို့အရွယ်မရောက်သေးပေမဲ့လည်း အရွယ်ရောက်ပြီးသူတွေပြုလုပ်သလို သူမရဲ့အိမ်မှာ နေ့စဉ်အဝတ်လျှော်ခြင်း၊ရေချိုးကန်နဲ့အိမ် သန့်ရှင်းခြင်း၊ သူမကိုယ်တိုင် မိသားစုအတွက်ချက်ပြုတ်ခြင်းနဲ့အစားအစာပြင်ဆင်ခြင်းတွေပြုလုပ်နေခဲ့ရပါတယ်။ဖခင် Shingo Yasutake နဲ့ ရင်သားကင်ဆာခံစားနေရတဲ့မိခင် Chie တို့နှစ်ဦးဟာ၂၀၀၁ ခုနှစ်နွေရာသီမှာလက်ထပ်ခဲ့ကြပါတယ်။

အစပိုင်းမှာ Chie က သူမကိုယ်ဝန်မရနိုင်တော့ဘူးလို့ထင်ထားခဲ့ပေမဲ့ အံ့ဩဖို့ကောင်းတဲ့အဖြစ်အပျက်အလား ကိုယ်ဝန်ရှိနေတယ်လို့အဖြေထွက်လာတော့ Chieဟာ သူမဘဝအတွက်အကောင်းဆုံးသတင်းကိုသိရှိခဲ့ရပါတယ်။Chie ဟာ အားလပ်ချိန်တွေမှာ သူမရဲ့ဒိုင်ယာရီစာအုပ်မှာ သူမမိသားစုအကြောင်း အထူးသဖြင့်သမီးလေးHana-chanနဲ့ပတ်သက်တဲ့ ခံစားချက်တွေကို ရေးလေ့ရှိပါတယ်။”ကျွန်မသမီး Hana ကို သူဖြစ်ချင်တာကိုတတ်နိုင်သမျှလုပ်ပေးချင်ပြီး တစ်နေ့သူ့ကိုယ်သူဂရုစိုက်နိုင်အောင်လည်း ကျွန်မသူ့ကို ကူညီပေးချင်တယ်”လို့ Chie ကဆိုထားခဲ့ပါတယ်။

Chieဟာ သမီးဖြစ်သူကို အစားအစာတွေကိုဘယ်လိုချက်ပြုတ်ရမယ်၊ အိမ်မှုကိစ္စတွေကိုဘယ်လိုလုပ်ရမယ် စတဲ့ ကိုယ့်ဘဝကို ကောင်းကောင်းမွန်မွန်ရှင်သန်နိုင်ဖို့ အခြေခံစွမ်းရည်တွေအားလုံးကို သင်ကြားပေးရင်း တာဝန်သိတတ်တဲ့လူတစ်ဦးဖြစ်လာစေဖို့လည်း သင်ကြားပေးခဲ့ပါတယ်။၂၀၀၈ ခုနှစ်မှာတော့ Chie ဟာသူမရဲ့သမီးနဲ့ခင်ပွန်း Shingo တို့ကို အပြီးအပိုင်နှုတ်ဆက်ထွက်သွားခဲ့ပါတယ်။Chie ရဲ့ဒိုင်ယာရီအများစုဟာ Shingo မှထုတ်ဝေတဲ့ Yasutake မိသားစုမှဘဝသင်ခန်းစာ ၈ ခု -“ Hana-chan no Miso Shiru” ခေါင်းစဉ်ဖြင့်ရေးသားထားကြောင်း Good Times သတင်းစာကဖော်ပြထားပါတယ်။Chieရဲ့အဆိုပါဒိုင်ယာရီတွေဟာ အခုနောက်ပိုင်းမှ လူသိများလာခဲ့ပြီး ဂျပန်မှာ အရောင်းရဆုံးစာအုပ်တစ်အုပ်ဖြစ်သွားခဲ့ပါတယ်။မိခင်ရဲ့မေတ္တာစေတနာကြီးမားမှုတွေကြောင့် Hana-chanလေးလည်း အခုအချိန်မှာ ဘဝကို ကောင်းကောင်းမွန်မွန် ရှင်သန်ဖြတ်သန်းနေမယ်လို့လည်း ယုံကြည်မိပါတယ်။

Mia (Mckzone Daily)

  • Leave a Comment