ေငြေၾကးကုန္က်စရိတ္သာမ်ားၿပီး ေရာဂါမသက္သာတာေၾကာင့္ လက္ေလ်ာ့လိုက္ဖို႔မိဘေတြကိုေတာင္းဆိုလိုက္တဲ့ ကေလးငယ္

အသက္ ၁၄ႏွစ္အရြယ္ နာမက်န္းျဖစ္ေနတဲ့တ႐ုတ္မိန္းကေလးငယ္တစ္ဦးဟာ ကင္ဆာေရာဂါကုသမွုအတြက္ မိဘေတြရဲ့စုေဆာင္းေငြကုန္သြားၿပီးေနာက္ သူတို့အားလက္ေလ်ာ့လိုက္ဖို့ ေတာင္းပန္ခဲ့ပါတယ္။Henan ျပည္နယ္ လယ္ေတာေတြမွာ မိဘႏွစ္ပါး၊အစ္ကို၊ညီမနဲ႔အဖြားျဖစ္သူတို့နဲ႔အတူ ႀကီးျပင္းလာခဲ့တဲ့ အဆိုပါ မိန္းကေလး Xiaoqing ဟာ hepatoblastoma လို့ေခၚတဲ့အသည္းကင္ဆာေရာဂါခံစားေနရတာပါ။ေရာဂါအေျခအေနကိုသိသိၿပီးခ်င္း ေဒသခံဆရာဝန္ေတြက ၿမိဳ့ႀကီးကေဆး႐ုံေတြမွာသာ ကုသနိုင္မယ္လို့ဆိုတာေၾကာင့္ မိဘေတြက ၃၁၆မိုင္ေလာက္ေဝးတဲ့ Beijingၿမိဳ့ကေလးေဆး႐ုံကို အျမန္သြားခဲ့ပါတယ္။ဆရာဝန္ေတြက သူမရဲ့အႀကိတ္အရြယ္အစားေၾကာင့္ ခ်က္ခ်င္း ဓါတုေဆးသြင္းဖို့ အႀကံျပဳခဲ့ေပမဲ့ မ်ားျပားတဲ့ေဆးကုန္က်စရိတ္ေၾကာင့္ Puyang ျပည္သူေဆး႐ုံသို့ ေျပာင္းေရြ႕ဖို့ ေရြးခ်ယ္ခဲ့ၾကပါတယ္။အဲဒီေနာက္ Xiaoqingဟာ ဓါတုေဆးသြင္းကုသမွုကို ငါးႀကိမ္ျပဳလုပ္ခဲ့ရတာေၾကာင့္ ေက်ာင္းလည္း မတက္နိုင္ခဲ့ပါဘူး။

သူမအေျခအေနဆိုးရြာလာေတာ့ မိဘေတြက Beijingကို ျပန္ပို့ခဲ့ၾကၿပီး က်န္ရွိေနတဲ့မိသားစုေတြကို ဇာတိၿမိဳ့မွာထားခဲ့ကာ ေဆး႐ုံနဲ႔၂နာရီအၾကာသြားရတဲ့ၿမိဳ့ရဲ့ဆင္ေျခဖုံးရပ္ကြက္ကအခန္းတစ္ခန္းမွာဌားေနခဲ့ၾကပါတယ္။Xiaoqing ရဲ့အေဖ Xiangpingကလည္း ေဆးကုသမွုစရိတ္ရနိုင္ဖို့ အေႂကြးေတြယူၿပီး ရသမၽွအလုပ္ကိုလည္း ရွာလုပ္ကာ သမီးျဖစ္သူေဆးကုသမွုခံယူေနတဲ့အေတာအတြင္း ေျမေအာက္လိုဏ္ေခါင္းေတြမွာအိပ္ရင္း ေငြစုေဆာင္းေနခဲ့ရပါတယ္။သမီးျဖစ္သူရဲ့ေဆးသြင္းကုသစရိတ္ေတြဟာ ေဒၚလာ ၄၄,၅၀၀အထိကုန္က်ေနၿပီးျဖစ္ေပမဲ့ သူမအေျခအေနက မေကာင္းလာတာေၾကာင့္ မိဘေတြကငိုေႂကြးေန႐ုံမွတပါး မတတ္နိုင္ခဲ့ၾကရပါဘူး။

သူ႔အေျခအေနကို သိေနတဲ့သမီးကလည္း”အေဖ သမီး ေဆးသြင္းတာထပ္မလုပ္ခ်င္ေတာ့ဘူး၊အေဖတို့ ပိုက္ဆံလည္း ကုန္ၿပီ၊အေႂကြးေတြကိုေကာ ဘယ္လိုျပန္ဆပ္နိုင္မွာလဲ ေက်းဇူးျပဳၿပီး လက္ေလ်ာ့လိုက္ပါေတာ့ သမီး အေဖတို့ရဲ့ဝန္ထုပ္ဝန္ပိုးမျဖစ္ခ်င္ေတာ့ဘူး၊သမီးမရွိေတာ့ရင္ အစ္ကိုနဲ႔ညီမေလးရွိေနေသးတယ္ေလ”လို့ဆိုကာသူမကိုလက္ေလ်ာ့လိုက္ဖို့ ေတာင္းပန္ေနခဲ့ပါတယ္။ဒါေပမဲ့ Xiaoqingရဲ့မိဘေတြက အခက္အခဲေတြရွိေနေပမဲ့ သမီးျဖစ္သူကို ထပ္ၿပီးေဆးသြင္းေပးဖို့ဆႏၵရွိေၾကာင္း ေဒသခံမီဒီယာေတြထံေျပာျပခဲ့ပါတယ္။ေဒသခံမီဒီယာကအဆိုပါသတင္းကိုထုတ္လႊင့္ျပသခဲ့ၿပီးေနာက္ တ႐ုတ္ျပည္သူေတြရဲ့ႏွလုံးသားကို ငိုေႂကြးေစခဲ့ၿပီး ေထာက္ပံ့ေငြေတြလည္းအမ်ားအျပားရရွိခဲ့ပါတယ္။Tencent Charityရဲ့ကူညီေရးဝန္ထမ္းေတြကလည္း ေဆးကုသမွုစရိတ္အတြက္ ၅၀၀,၀၀၀ ယြမ္(ေဒၚလာ ၇၅,၅၀၀)အထိ ေထာက္ပံ့ေပးဖို့ စီစဥ္ေနခဲ့ၾကပါတယ္။

4

5

6

7

8

Mia (Mckzone Daily)

Source: nextshark

Unicode

အသက် ၁၄နှစ်အရွယ် နာမကျန်းဖြစ်နေတဲ့တရုတ်မိန်းကလေးငယ်တစ်ဦးဟာ ကင်ဆာရောဂါကုသမှုအတွက် မိဘတွေရဲ့စုဆောင်းငွေကုန်သွားပြီးနောက် သူတို့အားလက်လျော့လိုက်ဖို့ တောင်းပန်ခဲ့ပါတယ်။Henan ပြည်နယ် လယ်တောတွေမှာ မိဘနှစ်ပါး၊အစ်ကို၊ညီမနဲ့အဖွားဖြစ်သူတို့နဲ့အတူ ကြီးပြင်းလာခဲ့တဲ့ အဆိုပါ မိန်းကလေး Xiaoqing ဟာ hepatoblastoma လို့ခေါ်တဲ့အသည်းကင်ဆာရောဂါခံစားနေရတာပါ။ရောဂါအခြေအနေကိုသိသိပြီးချင်း ဒေသခံဆရာဝန်တွေက မြို့ကြီးကဆေးရုံတွေမှာသာ ကုသနိုင်မယ်လို့ဆိုတာကြောင့် မိဘတွေက ၃၁၆မိုင်လောက်ဝေးတဲ့ Beijingမြို့ကလေးဆေးရုံကို အမြန်သွားခဲ့ပါတယ်။ဆရာဝန်တွေက သူမရဲ့အကြိတ်အရွယ်အစားကြောင့် ချက်ချင်း ဓါတုဆေးသွင်းဖို့ အကြံပြုခဲ့ပေမဲ့ များပြားတဲ့ဆေးကုန်ကျစရိတ်ကြောင့် Puyang ပြည်သူဆေးရုံသို့ ပြောင်းရွေ့ဖို့ ရွေးချယ်ခဲ့ကြပါတယ်။အဲဒီနောက် Xiaoqingဟာ ဓါတုဆေးသွင်းကုသမှုကို ငါးကြိမ်ပြုလုပ်ခဲ့ရတာကြောင့် ကျောင်းလည်း မတက်နိုင်ခဲ့ပါဘူး။

သူမအခြေအနေဆိုးရွာလာတော့ မိဘတွေက Beijingကို ပြန်ပို့ခဲ့ကြပြီး ကျန်ရှိနေတဲ့မိသားစုတွေကို ဇာတိမြို့မှာထားခဲ့ကာ ဆေးရုံနဲ့၂နာရီအကြာသွားရတဲ့မြို့ရဲ့ဆင်ခြေဖုံးရပ်ကွက်ကအခန်းတစ်ခန်းမှာဌားနေခဲ့ကြပါတယ်။Xiaoqing ရဲ့အဖေ Xiangpingကလည်း ဆေးကုသမှုစရိတ်ရနိုင်ဖို့ အကြွေးတွေယူပြီး ရသမျှအလုပ်ကိုလည်း ရှာလုပ်ကာ သမီးဖြစ်သူဆေးကုသမှုခံယူနေတဲ့အတောအတွင်း မြေအောက်လိုဏ်ခေါင်းတွေမှာအိပ်ရင်း ငွေစုဆောင်းနေခဲ့ရပါတယ်။သမီးဖြစ်သူရဲ့ဆေးသွင်းကုသစရိတ်တွေဟာ ဒေါ်လာ ၄၄,၅၀၀အထိကုန်ကျနေပြီးဖြစ်ပေမဲ့ သူမအခြေအနေက မကောင်းလာတာကြောင့် မိဘတွေကငိုကြွေးနေရုံမှတပါး မတတ်နိုင်ခဲ့ကြရပါဘူး။

သူ့အခြေအနေကို သိနေတဲ့သမီးကလည်း”အဖေ သမီး ဆေးသွင်းတာထပ်မလုပ်ချင်တော့ဘူး၊အဖေတို့ ပိုက်ဆံလည်း ကုန်ပြီ၊အကြွေးတွေကိုကော ဘယ်လိုပြန်ဆပ်နိုင်မှာလဲ ကျေးဇူးပြုပြီး လက်လျော့လိုက်ပါတော့ သမီး အဖေတို့ရဲ့ဝန်ထုပ်ဝန်ပိုးမဖြစ်ချင်တော့ဘူး၊သမီးမရှိတော့ရင် အစ်ကိုနဲ့ညီမလေးရှိနေသေးတယ်လေ”လို့ဆိုကာသူမကိုလက်လျော့လိုက်ဖို့ တောင်းပန်နေခဲ့ပါတယ်။ဒါပေမဲ့ Xiaoqingရဲ့မိဘတွေက အခက်အခဲတွေရှိနေပေမဲ့ သမီးဖြစ်သူကို ထပ်ပြီးဆေးသွင်းပေးဖို့ဆန္ဒရှိကြောင်း ဒေသခံမီဒီယာတွေထံပြောပြခဲ့ပါတယ်။ဒေသခံမီဒီယာကအဆိုပါသတင်းကိုထုတ်လွှင့်ပြသခဲ့ပြီးနောက် တရုတ်ပြည်သူတွေရဲ့နှလုံးသားကို ငိုကြွေးစေခဲ့ပြီး ထောက်ပံ့ငွေတွေလည်းအများအပြားရရှိခဲ့ပါတယ်။Tencent Charityရဲ့ကူညီရေးဝန်ထမ်းတွေကလည်း ဆေးကုသမှုစရိတ်အတွက် ၅၀၀,၀၀၀ ယွမ်(ဒေါ်လာ ၇၅,၅၀၀)အထိ ထောက်ပံ့ပေးဖို့ စီစဉ်နေခဲ့ကြပါတယ်။

Mia (Mckzone Daily)

  • Leave a Comment