ျမိဳ႕မွာ အလုပ္ထြက္လုပ္ေနတဲ့မိဘႏွစ္ပါးကို သြားေရာက္ေတြ႔ဆံုဖို႔ ဘတ္စ္ကားရဲ႕ေအာက္ဖက္မွာပုန္းခိုၿပီး လိုက္ပါးစီးနင္ခဲ့ၾကတဲ့ ညီအစ္ကို2ဦး

တ႐ုတ္နိုင္ငံ ေက်းလက္ေဒသရွိ မိဘေတြဆီကထားခဲ့ခံရတဲ့ ေကာင္ေလးႏွစ္ဦးဟာ အနီးအနားရွိၿမိဳ့မွာ အလုပ္လုပ္ေနတယ္လို့ထင္ေနတဲ့မိဘေတြကို သြားေတြ႕ဖို့ ၃နာရီနီးပါးေလာက္ ဘတ္စ္ကားရဲ့ေအာက္မွာပုန္းရင္း လိုက္ခိုစီးခဲ့ၾကပါတယ္။Guangxiအေနာက္ပိုင္း Nazuoၿမိဳ့နယ္က ေက်းရြာတစ္ရြာမွာ အခုလက္ရွိေဆြမ်ိဳးေတြနဲ႔အတူ ေနထိုင္တဲ့ အဆိုပါ ၈ႏွစ္၊၉ႏွစ္အရြယ္ရွိညီအစ္ကိုႏွစ္ဦးကို မိဘေတြက အလုပ္ေကာင္းေကာင္းရွာလုပ္နိုင္ဖို့ ေဆြမ်ိဳးေတြဆီထားခဲ့တာပါ။မိဘေတြကို သတိရတာေၾကာင့္ အဆိုပါေကာင္ေလးေတြဟာ သူတို့မိဘေတြအလုပ္လုပ္ေနတယ္လို့ထင္ေနတဲ့Blaiseၿမိဳ့ကို သြားဖို့ အတန္းလစ္ကာ အဆိုပါၿမိဳ့ကိုဆိုက္ေရာက္မဲ့ဘတ္စ္ကားရဲ့ေအာက္ပိုင္းမွာ ပုန္းရင္းလိုက္ခိုစီးခဲ့ၾကၿပီး ၃၆ကီလိုမီတာ(၅၆မိုင္)ႏွုန္းျဖင့္ ၃နာရီအၾကာလိုက္စီးခဲ့ၾကေၾကာင္း China News က ေဖာ္ျပထားပါတယ္။Blaiseၿမိဳ့ခရီးရဲ့သုံးပုံတစ္ပုံေလာက္မွာ Xillinေကာင္တီရွိဘူတာ႐ုံလုံျခဳံေရးဝန္ထမ္းေတြက သူတို့ႏွစ္ဦးကိုရွာေတြ႕ခဲ့ၿပီး ကံေကာင္းေထာက္မစြာနဲ႔ ဘာမွမျဖစ္ဘဲ တစ္ကိုယ္လုံးမွာရြံ့ေတြသာေပေနခဲ့ၾကပါတယ္။

ထို့ေနာက္ အဝတ္အစားအသစ္ေတြလဲေပးကာ အစားအစာေတြလည္းေကၽြးခဲ့ၿပီးေနာက္ သူတို့ေက်ာင္းက သူ႔တို့ကို ေျခရာခံလိုက္နိုင္ခဲ့ၿပီး ခ်က္ခ်င္းျပန္ေခၚဖို့ လူတစ္ဦးကို ေစလႊတ္ခဲ့ၾကေၾကာင္း Shanghaiistသတင္းအရ သိရပါတယ္။သူတို့မိဘေတြကို သြားေတြ႕ဖို့ခရီးစဥ္ကေအာင္ျမင္သြားခဲ့ေပမဲ့ ေဆြမ်ိဳးေတြက မိဘအိမ္နဲ႔နီးကပ္စြာေနထိုင္ေနရသလိုခံစားရေအာင္ မိဘေတြက Baiseၿမိဳ့မွာ အလုပ္လုပ္ေနတယ္လို့ သူတို့ကိုတမင္လိမ္ေျပာခဲ့ၾကတာပါ။တကယ္ေတာ့ သူတို့မိဘေတြက Guangdongျပည္နယ္မွာ ရွိေနခဲ့ၾကတာပါ။အဆိုပါညီအစ္ကိုႏွစ္ဦးဟာ တ႐ုတ္နိုင္ငံရဲ့မိဘေတြဆီက ထားခဲ့ခံရတဲ့ သန္းေပါင္းမ်ားစြာေသာ ကေလးေတြထဲက အပါအဝင္ျဖစ္ေနပါတယ္။

Mia (Mckzone Daily)

Source : nextshark

Unicode

တရုတ်နိုင်ငံ ကျေးလက်ဒေသရှိ မိဘတွေဆီကထားခဲ့ခံရတဲ့ ကောင်လေးနှစ်ဦးဟာ အနီးအနားရှိမြို့မှာ အလုပ်လုပ်နေတယ်လို့ထင်နေတဲ့မိဘတွေကို သွားတွေ့ဖို့ ၃နာရီနီးပါးလောက် ဘတ်စ်ကားရဲ့အောက်မှာပုန်းရင်း လိုက်ခိုစီးခဲ့ကြပါတယ်။Guangxiအနောက်ပိုင်း Nazuoမြို့နယ်က ကျေးရွာတစ်ရွာမှာ အခုလက်ရှိဆွေမျိုးတွေနဲ့အတူ နေထိုင်တဲ့ အဆိုပါ ၈နှစ်၊၉နှစ်အရွယ်ရှိညီအစ်ကိုနှစ်ဦးကို မိဘတွေက အလုပ်ကောင်းကောင်းရှာလုပ်နိုင်ဖို့ ဆွေမျိုးတွေဆီထားခဲ့တာပါ။မိဘတွေကို သတိရတာကြောင့် အဆိုပါကောင်လေးတွေဟာ သူတို့မိဘတွေအလုပ်လုပ်နေတယ်လို့ထင်နေတဲ့Blaiseမြို့ကို သွားဖို့ အတန်းလစ်ကာ အဆိုပါမြို့ကိုဆိုက်ရောက်မဲ့ဘတ်စ်ကားရဲ့အောက်ပိုင်းမှာ ပုန်းရင်းလိုက်ခိုစီးခဲ့ကြပြီး ၃၆ကီလိုမီတာ(၅၆မိုင်)နှုန်းဖြင့် ၃နာရီအကြာလိုက်စီးခဲ့ကြကြောင်း China News က ဖော်ပြထားပါတယ်။Blaiseမြို့ခရီးရဲ့သုံးပုံတစ်ပုံလောက်မှာ Xillinကောင်တီရှိဘူတာရုံလုံခြုံရေးဝန်ထမ်းတွေက သူတို့နှစ်ဦးကိုရှာတွေ့ခဲ့ပြီး ကံကောင်းထောက်မစွာနဲ့ ဘာမှမဖြစ်ဘဲ တစ်ကိုယ်လုံးမှာရွံ့တွေသာပေနေခဲ့ကြပါတယ်။

ထို့နောက် အဝတ်အစားအသစ်တွေလဲပေးကာ အစားအစာတွေလည်းကျွေးခဲ့ပြီးနောက် သူတို့ကျောင်းက သူ့တို့ကို ခြေရာခံလိုက်နိုင်ခဲ့ပြီး ချက်ချင်းပြန်ခေါ်ဖို့ လူတစ်ဦးကို စေလွှတ်ခဲ့ကြကြောင်း Shanghaiistသတင်းအရ သိရပါတယ်။သူတို့မိဘတွေကို သွားတွေ့ဖို့ခရီးစဉ်ကအောင်မြင်သွားခဲ့ပေမဲ့ ဆွေမျိုးတွေက မိဘအိမ်နဲ့နီးကပ်စွာနေထိုင်နေရသလိုခံစားရအောင် မိဘတွေက Baiseမြို့မှာ အလုပ်လုပ်နေတယ်လို့ သူတို့ကိုတမင်လိမ်ပြောခဲ့ကြတာပါ။တကယ်တော့ သူတို့မိဘတွေက Guangdongပြည်နယ်မှာ ရှိနေခဲ့ကြတာပါ။အဆိုပါညီအစ်ကိုနှစ်ဦးဟာ တရုတ်နိုင်ငံရဲ့မိဘတွေဆီက ထားခဲ့ခံရတဲ့ သန်းပေါင်းများစွာသော ကလေးတွေထဲက အပါအဝင်ဖြစ်နေပါတယ်။

Mia (Mckzone Daily)

Be the first to comment on "ျမိဳ႕မွာ အလုပ္ထြက္လုပ္ေနတဲ့မိဘႏွစ္ပါးကို သြားေရာက္ေတြ႔ဆံုဖို႔ ဘတ္စ္ကားရဲ႕ေအာက္ဖက္မွာပုန္းခိုၿပီး လိုက္ပါးစီးနင္ခဲ့ၾကတဲ့ ညီအစ္ကို2ဦး"

Leave a comment

Your email address will not be published.


*