အငြိမ်းစားယူတော့မဲ့ စစ်ခွေး နှင့် သူ့အား ကိုင်တွယ်ထိန်းကျောင်းခဲ့တဲ့စစ်သားတို့ရဲ့ ကြီးမားတဲ့သံယောဇဉ်



Mia (Mckzone Daily)

Source : nextshark

Unicode

တရုတ်နိုင်ငံအရှေ့ပိုင်းရှိ Jiangsu ပြည်နယ် Suqiang မြို့မှ မကြာခင်အငြိမ်းစားယူတော့မဲ့ စစ်တပ်ခွေး နှင့် သူ့အား ထိန်းကျောင်းကိုင်တွယ်ခဲ့တဲ့စစ်သားတို့ရဲ့ကြီးမားတဲ့သံယောဇဉ်ဟာ ကမ္ဘာအနှံ့ရှိ Netizen များစွာရဲ့နှလုံးသားကိုအရည်ပျော်သွားစေခဲ့ပါတယ်။အဆိုပါDuo Duo လို့ခေါ်တဲ့ ဂျာမန်သိုးထိန်းစစ်တပ်ခွေးဟာ ခြေထောက်ထောက်ပြီးအပြန်အလှန်အလေးပြုနေတုန်း ကိုင်တွယ်သူ Wang Xudongကို ကြည့်ရင်း မျက်ရည်ကျနေခဲ့တာပါ။Duo Duo ဟာ ဘူတာရုံကိုကင်းလှည့်ဖို့သွားတယ်လို့ထင်နေခဲ့ပြီး သူ့ကိုကိုင်တွယ်တဲ့သခင်နဲ့ အခြားစစ်သားတွေက ရုတ်တရက် သူ့ကိုအလေးပြုခြင်းဖြင့် ချီးကျူးဂုဏ်ပြုပေးခဲ့ကြပါတယ်။

အစီရင်ခံစာရဲ့ဖော်ပြချက်အရ Wang Xudong က Duo Duo ကို ထွက်သွားဖို့အမိန့်ထုတ်ခဲ့ပေမဲ့ ခွေးလေးဟာ အမိန့်ကိုနာခံဖို့ငြင်းဆန်ခဲ့ပြီး သူ့ရဲ့ပိုင်ရှင်ကိုင်တွယ်သူအနားမှာဘဲရှိနေခဲ့ပါတယ်။ပိုစိတ်လှုပ်ရှားစရာကောင်းတာတစ်ခုက အစောင့်တွေဟာ နောက်ဆုံးအကြိမ်အဖြစ် သူတို့ရဲ့အစောင့်တပ်ကိုနှုတ်ဆက်ခဲ့သလို Duo Duo ကိုနှုတ်ဆက်တော့ Duoလည်း ပြန်နှုတ်ဆက်အလေးပြုရင်း သူ့သခင်ကိုယ်တွယ်သူကိုဘဲ ကြည့်နေခဲ့ပြီး Duo Duo ဟာ ၁၀ စက္ကန့်အကြာမျက်ရည်ကျနေခဲ့ကြောင်း တရုတ်မီဒီယာတွေက ဖော်ပြထားပါတယ်။

Mia (Mckzone Daily)

  • Leave a Comment