အစားအသောက်လိုက်ပို့ပေးရင်း ဆိုင်ကယ်အခိုးခံလိုက်ရတဲ့ အမျိုးသမီး နဲ့ ဘုရင်မကြီးရဲ့ သနားဂရုဏာ



Mia (Mckzone Daily)

Source : worldofbuzz

Unicode

ပြီးခဲ့တဲ့ရက်တုန်းက Nur Athirah Abdul Latiff ဆိုတဲ့အမျိုးသမီးဟာ မလေးရှားနိုင်ငံ Selangor ပြည်နယ် Batu Caves လိုဏ်ဂူမှာ အစားအသောက်လိုက်ပို့ပေးနေတုန်း သူမရဲ့Food Delivery ဆိုင်ကယ်အခိုးခံလိုက်ရတဲ့အကြောင်းကို မျှဝေခဲ့ပါတယ်။သူမကြုံခဲ့ရတဲ့ကံကြမ္မာဟာ နိုင်ငံသားတွေရဲ့အာရုံကိုဖမ်းစားခဲ့ပြီး သူမဆိုင်ကယ်ဆုံးရှုံးမှုနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကိုလည်းဖြန့်ဝေပေးခဲ့ပါတယ်။Nur Athirah ရဲ့သတင်းဟာDYMM Tengku Permaisuri Norashikin ဆိုတဲ့Selangor ဘုရင်မ ထံရောက်သွားခဲ့ပြီး အဆိုပါဘုရင်မဟာ Nur Athirah ရဲ့ကံကြမ္မာနဲ့ပတ်သက်ပြီး အလွန်ဝမ်းနည်းနေခဲ့ကာ ဆိုင်ကယ်အသစ်တစ်စီးဝယ်ပေးဖို့အတွက် ပုဂ္ဂိုလ်ရေးအရသဘောတူခဲ့ပါတယ်။

ဘုရင်မရဲ့ official facebook စာမျက်နှာအရ Selangor ဘုရင်မရဲ့အလှူငွေကို Police Escort (ADC)၊ စစ်ဆေးရေး Noor Hidayu Aziz မှတဆင့် Nur Athirahကိုပေးအပ်ပေးခဲ့ပြီး ဘုရင်မကလည်း Nur Athirah ရဲ့ကံမကောင်းတဲ့ကံကြမ္မာအကြောင်းကို သတင်းမှာဖတ်လိုက်ရတော့ သူမဝမ်းနည်းပူဆွေးခဲ့ရပြီး ဒီအလှူနဲ့ Nur Athirah ရဲ့နေ့စဉ်အလုပ်ကိုကောင်းမွန်စွာသွားလာနိုင်ပြီး မိသားစုကိုလည်းကူညီနိုင်လိမ့်မယ်လို့မျှော်လင့်ကြောင်းလည်း ပြောကြားခဲ့ပါသေးတယ်။ဟိုတလောကလည်းမြန်မာမှာ Foodpanda က ကောင်လေးရဲ့စက်ဘီးလည်း အခိုးခံလိုက်ရသေးတယ်။ဒါမဲ့ သဘောကောင်းတဲ့အိမ်နဲ့ တွေ့လို့ အဲ့အိမ်ပိုင်ရှင်က ပိုက်ဆံပေးပြီး စက်ဘီးအသစ်တစ်စီးဝယ်ခိုင်းလိုက်သေးတယ်။ရိုးရိုးသားသားရှာစားတဲ့လူကိုမှ ရွေးလုပ်တဲ့သူခိုး ဝဋ်မလည်ဖို့ ဆုတောင်းထားလို့သာ ပြောလိုက်ချင်ပါတော့တယ်။

Mia (Mckzone Daily)

  • Leave a Comment