မိုးပ်ံပူေဖာင္းစီးရင္း အျမင့္ေပ 10,000 ေရာက္မွျပဳတ္က်ကာ ေသဆံုးသြားခဲ့ရတဲ့ သားအမိႏွစ္ေယာက္(႐ုပ္/သံ)

တ႐ုတ္ႏိုင္ငံမွာ ေနထိုင္တဲ့သားအမိႏွစ္ေယာက္ဟာ မိုးပ်ံပူေဖာင္းစီးရင္း အျမင့္ေပ 10,000 ေရာက္မွမိုးပ်ံပူေဖာင္းေပါက္ကြဲသြားခဲ့လို႔ ျပဳတ္က်ကာေသဆံုးသြားခဲ့ရမႈျဖစ္ပြားခဲ့ပါတယ္ ။ အဆိုပါ Video ကိုတ႐ုတ္ social media site ျဖစ္တဲ့ Weibo မွာေတာ့ ေဖာ္ျပထားပါတယ္ ။အဆိုပါအျဖစ္အပ်က္ဟာ ၿပီးခဲ့တဲ့ ေအာက္တိုဘာလ 1ရက္ေန႔မွာ တ႐ုတ္ႏိုင္ငံ Shandong ျပည္နယ္မွာျဖစ္ပြားခဲ့တာျဖစ္ၿပီး video ထဲမွာ အေမျဖစ္သူႏွင့္ သမီးျဖစ္သူတို႔ဟာ တစ္ေယာက္ထိုင္ခံု ႏွင့္ တစ္ေယာက္တစ္ဖက္စီခြဲထိုင္ကာ မိုးပ်ံပူေဖာင္းစၿပီးစီးခဲ့တာပါ ။ တျခားမိုးပ်ံပူေဖာင္ေတြလို ခရီးသြားဧည့္သည္ေတြတက္စီးဖို႔ ျခင္းေတာင္းမ်ိဳးမပါ႐ွိပါဘူး ။ မိုးပ်ံပူေဖာင္း တစ္ခုလံုးက လံုးဝကိုမခိုင္ခံ့တဲ့ပံုစံမ်ိဳးႏွင့္ ႀကိဳးမ်ားျဖင့္သာခ်ိတ္ဆြဲထားတာကိုလည္း ေတြ႔႐ွိရမွာပါ ။

အဆိုပါ မိုးပ်ံပူေဖာင္းဟာ ၎တို႔သားအမိႏွစ္ေယာက္လံုးကို အျမင့္ေပေပါင္း 10,000 အထိေခၚေဆာင္သြားခဲ့တာပါ ။ မိုးပ်ံပူေဖာင္းမ်ားရဲ႕ ပံုမွန္အျမင့္ေပဟာ ေပေပါင္း 1000 နဲ႔ 3000 ၾကားသား႐ွိသင့္ေၾကာင္း Outdoor Troop ရဲ႕ေဖာ္ျပခ်က္မ်ားအရသိ႐ွိရပါတယ္ ။ ႐ုတ္တရက္ကိုပဲ အဆိုပါမိုးပ်ံပူေဖာင္းဟာ လွမ္းမျမင္ႏိုင္ေတာ့ေလာက္တဲ့ အျမင့္ေပအထိကို ေရာက္႐ွိသြားခဲ့ၿပီး မ်က္ျမင္သက္ေသေတြရဲ႕ေျပာၾကားခ်က္ကေတာ့ သားအမိႏွစ္ေယာက္လံုးေျမျပင္ေပၚသို႔ အ႐ွိန္ျပင္းျပင္းႏွင့္ ဆိုးဆိုးရြားရြားျပဳတ္က်ေသဆံုးသြားခဲ့ရတာကို ေတြ႔႐ွိခဲ့ရေၾကာင္း ေျပာဆိုခဲ့ၾကပါတယ္ ။ ထို႔အျပင္ Oriental Daily သတင္းေဆာင္းပါးတြင္ ေဖာ္ျပထားခ်က္အရ သားအမိႏွစ္ေယာက္လံုး ေျမျပင္ေပၚျပဳတ္က်ခဲ့ခ်ိန္မွာေတာ့ ႐ုပ္အေလာင္းမွာ အစိတ္စိတ္အမႊာမႊာကြဲေၾက သြားခဲ့ရေၾကာင္းလည္း ေဖာ္ျပထားခဲ့ပါတယ္ ။

ရဲအရာ႐ွိမ်ားကေတာ့ အဆိုပါမိုးပ်ံပူေဖာင္းကုမၸဏီဟာ တရားဝင္မဟုတ္သည့္အတြက္ ဥပေဒႏွင့္ဆန္႔က်င္ေနေၾကာင္းလည္း သိ႐ွိရပါတယ္ ။ အဆိုပါ အျဖစ္အပ်က္ကိုေတာ့ ဥပေဒႏွင့္ဆန္႔က်င္ၿပီး ျပစ္မႈက်ဴ းလြန္းခဲ့သည့္လုပ္ရပ္အျဖစ္ ေဖာ္ျပထားခဲ့ပါတယ္ ။ ထို႔အျပင္ ၎မိုးပ်ံပူေဖာင္းကုမၸဏီဟာ လတ္မွတ္ဝယ္ယူထားခဲ့ၾကေသာ အျခားေသာလာေရာက္လည္ပတ္သူမ်ားကိုလည္း ေငြျပန္အမ္းေပးခဲ့ရပါတယ္ ။ ယခုကိစၥရပ္အတြက္လည္း စံုးစမ္းစစ္ေဆးမႈမ်ား ဆက္လက္ျပဳလုပ္ေနေၾကာင္း သိ႐ွိရပါတယ္ ။

ဒါေၾကာင့္ မိုးပ်ံပူေဖာင္းစီးဖူးခ်င္ၾကတဲ့သူေတြအတြက္ ယခုကဲ့သို႔အျဖစ္အပ်က္မ်ိဳးမျဖစ္ပြားေအာင္ အဆိုပါလုပ္ငန္းအဖြဲ႔အစည္းမ်ား၏အေျခအေန ၊ လံုျခံဳမႈမ်ားကို အရင္စစ္ေဆးၿပီးမွသာ ဆံုးျဖတ္ခ်က္ခ်သင့္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တရုတ်နိုင်ငံမှာ နေထိုင်တဲ့သားအမိနှစ်ယောက်ဟာ မိုးပျံပူဖောင်းစီးရင်း အမြင့်ပေ 10,000 ရောက်မှမိုးပျံပူဖောင်းပေါက်ကွဲသွားခဲ့လို့ ပြုတ်ကျကာသေဆုံးသွားခဲ့ရမှုဖြစ်ပွားခဲ့ပါတယ် ။ အဆိုပါ Video ကိုတရုတ် social media site ဖြစ်တဲ့ Weibo မှာတော့ ဖော်ပြထားပါတယ် ။အဆိုပါအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ 1ရက်နေ့မှာ တရုတ်နိုင်ငံ Shandong ပြည်နယ်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး video ထဲမှာ အမေဖြစ်သူနှင့် သမီးဖြစ်သူတို့ဟာ တစ်ယောက်ထိုင်ခုံ နှင့် တစ်ယောက်တစ်ဖက်စီခွဲထိုင်ကာ မိုးပျံပူဖောင်းစပြီးစီးခဲ့တာပါ ။ တခြားမိုးပျံပူဖောင်တွေလို ခရီးသွားဧည့်သည်တွေတက်စီးဖို့ ခြင်းတောင်းမျိုးမပါရှိပါဘူး ။ မိုးပျံပူဖောင်း တစ်ခုလုံးက လုံးဝကိုမခိုင်ခံ့တဲ့ပုံစံမျိုးနှင့် ကြိုးများဖြင့်သာချိတ်ဆွဲထားတာကိုလည်း တွေ့ရှိရမှာပါ ။

အဆိုပါ မိုးပျံပူဖောင်းဟာ ၎င်းတို့သားအမိနှစ်ယောက်လုံးကို အမြင့်ပေပေါင်း 10,000 အထိခေါ်ဆောင်သွားခဲ့တာပါ ။ မိုးပျံပူဖောင်းများရဲ့ ပုံမှန်အမြင့်ပေဟာ ပေပေါင်း 1000 နဲ့ 3000 ကြားသားရှိသင့်ကြောင်း Outdoor Troop ရဲ့ဖော်ပြချက်များအရသိရှိရပါတယ် ။ ရုတ်တရက်ကိုပဲ အဆိုပါမိုးပျံပူဖောင်းဟာ လှမ်းမမြင်နိုင်တော့လောက်တဲ့ အမြင့်ပေအထိကို ရောက်ရှိသွားခဲ့ပြီး မျက်မြင်သက်သေတွေရဲ့ပြောကြားချက်ကတော့ သားအမိနှစ်ယောက်လုံးမြေပြင်ပေါ်သို့ အရှိန်ပြင်းပြင်းနှင့် ဆိုးဆိုးရွားရွားပြုတ်ကျသေဆုံးသွားခဲ့ရတာကို တွေ့ရှိခဲ့ရကြောင်း ပြောဆိုခဲ့ကြပါတယ် ။ ထို့အပြင် Oriental Daily သတင်းဆောင်းပါးတွင် ဖော်ပြထားချက်အရ သားအမိနှစ်ယောက်လုံး မြေပြင်ပေါ်ပြုတ်ကျခဲ့ချိန်မှာတော့ ရုပ်အလောင်းမှာ အစိတ်စိတ်အမွှာမွှာကွဲကြေ သွားခဲ့ရကြောင်းလည်း ဖော်ပြထားခဲ့ပါတယ် ။

ရဲအရာရှိများကတော့ အဆိုပါမိုးပျံပူဖောင်းကုမ္ပဏီဟာ တရားဝင်မဟုတ်သည့်အတွက် ဥပဒေနှင့်ဆန့်ကျင်နေကြောင်းလည်း သိရှိရပါတယ် ။ အဆိုပါ အဖြစ်အပျက်ကိုတော့ ဥပဒေနှင့်ဆန့်ကျင်ပြီး ပြစ်မှုကျူ းလွန်းခဲ့သည့်လုပ်ရပ်အဖြစ် ဖော်ပြထားခဲ့ပါတယ် ။ ထို့အပြင် ၎င်းမိုးပျံပူဖောင်းကုမ္ပဏီဟာ လတ်မှတ်ဝယ်ယူထားခဲ့ကြသော အခြားသောလာရောက်လည်ပတ်သူများကိုလည်း ငွေပြန်အမ်းပေးခဲ့ရပါတယ် ။ ယခုကိစ္စရပ်အတွက်လည်း စုံးစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေကြောင်း သိရှိရပါတယ် ။

ဒါကြောင့် မိုးပျံပူဖောင်းစီးဖူးချင်ကြတဲ့သူတွေအတွက် ယခုကဲ့သို့အဖြစ်အပျက်မျိုးမဖြစ်ပွားအောင် အဆိုပါလုပ်ငန်းအဖွဲ့အစည်းများ၏အခြေအနေ ၊ လုံခြုံမှုများကို အရင်စစ်ဆေးပြီးမှသာ ဆုံးဖြတ်ချက်ချသင့်ကြောင်း ဖော်ပြလိုက်ရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "မိုးပ်ံပူေဖာင္းစီးရင္း အျမင့္ေပ 10,000 ေရာက္မွျပဳတ္က်ကာ ေသဆံုးသြားခဲ့ရတဲ့ သားအမိႏွစ္ေယာက္(႐ုပ္/သံ)"

Leave a comment

Your email address will not be published.


*