လက္ထဲမွာ ယန္း၉၆သာရွိတဲ့အသက္ ၆၃ႏွစ္အရြယ္ ဂ်ပန္အလုပ္လက္မဲ့အမ်ိဳးသားတစ္ဦးဟာ ဂ်ပန္နိုင္ငံ Fukuokaၿမိဳ့ရဲ့စားေသာက္ဆိုင္တစ္ခုမွာ စားေသာက္ၿပီး ေငြရွင္းဖို့မလုံေလာက္ေတာ့တာေၾကာင့္ အဖမ္းခံဖို့သူကိုယ္တိုင္ ရဲကိုဖုန္းဆက္ေခၚခဲ့ပါတယ္။အဆိုပါအလုပ္လက္မဲ့ အဖိုးႀကီးဟာ ယန္း ၆၅၀ဖိုး စားေသာက္ၿပီးေနာက္ တန္ေၾကးေငြမရွင္းဘဲ ဆိုင္ကမန္ေနဂ်ာအား ရဲစခန္းကိုဖုန္းဆက္ေခၚဖို့ေျပာခဲ့ၿပီး ဆိုင္မန္ေနဂ်ာကလည္း ေကာင္းေကာင္းမြန္မြန္ဘဲဆက္ဆံကာ ေနာက္မွအေႂကြးျပန္ဆပ္ဖို့သာ ေျပာခဲ့ပါတယ္။ဆိုင္မန္ေနဂ်ာက ေဒသခံေတြကို ေခၚဖို့တြန္႔ဆုတ္ေနခ်ိန္မွာ အဆိုပါအဖိုးႀကီးက ရဲစခန္းကို ဖုန္းဆက္ေခၚကာ သူ႔လုပ္ခဲ့တဲ့လုပ္ရပ္အေၾကာင္းအျပည့္အစုံကိုေျပာျပရင္း လာေရာက္ဖမ္းဆီးေပးဖို့ေျပာခဲ့ပါတယ္။

Elderly Japanese man, seated
အခ်ဳပ္ထဲကို အႀကိမ္ေပါင္းမနည္းေရာက္ဖူးတဲ့အဆိုပါအဖိုးႀကီးဟာ ဗိုက္အရမ္းဆာေနခဲ့ေပမဲ့ အစားအစာေတြအတြက္ ေငြအလုံအေလာက္မရွိေၾကာင္း ေဒသခံေတြကို ေျပာျပခဲ့ပါေသးတယ္။ဂ်ပန္နိုင္ငံရဲ့ရာဇဝတ္မွု၂၀ရာခိုင္ႏွုန္းေလာက္ဟာ သက္ႀကီးရြယ္အိုေတြက်ဴးလြန္ေလ့ရွိၿပီး အဲ့တာေတြကလည္း ဂ်ပန္အတြက္ အဆန္းမဟုတ္ေတာ့ပါဘူး။သက္ႀကီးရြယ္အိုေတြက်ဴးလြန္တဲ့ရာဇဝတ္မွုေတြဟာ မ်ားေသာအားျဖင့္ စားေသာက္ဆိုင္ထဲေတြမွာ ျဖစ္တတ္ၿပီး ဆိုင္ရွင္ေတြကလည္း အဲ့လိုျပႆနာေတြေၾကာင့္ အျမဲအခက္ေတြ႕ၾကရပါတယ္။
တရားေရးဝန္ႀကီးဌာနမွ တာဝန္ရွိသူ Shinsuke Nishioka က အဆိုပါအမွုေတြေၾကာင့္ ေထာင္ဝန္ထမ္းေတြကို သူနာျပဳေတြလို ေစာင့္ေရွာက္ခိုင္းဖို့ ဖိအားေပးေနတယ္လို့ဆိုထားၿပီး ဂ်ပန္သုေတသီ Yuki Shinkoကလည္း သက္ႀကီးရြယ္အိုေတြဟာ အလုပ္ရွာလုပ္ဖို့ ခက္ခဲတာေၾကာင့္ ေထာင္ထဲကဘဝကိုသာ ပိုလက္ေတြ႕က်တယ္လို့သတ္မွတ္ထားၾကေၾကာင္း ေျပာျပထားပါတယ္။တကယ္လည္း ဂ်ပန္လူမ်ိဳးေတြဟာ အသက္ရွည္ၾကၿပီး သက္ႀကီးရြယ္အိုေတြလည္း အေတာ္ေလးမ်ားတဲ့ နိုင္ငံပါ။
Mia (Mckzone Daily)
Source : nextshark
Unicode
လက်ထဲမှာ ယန်း၉၆သာရှိတဲ့အသက် ၆၃နှစ်အရွယ် ဂျပန်အလုပ်လက်မဲ့အမျိုးသားတစ်ဦးဟာ ဂျပန်နိုင်ငံ Fukuokaမြို့ရဲ့စားသောက်ဆိုင်တစ်ခုမှာ စားသောက်ပြီး ငွေရှင်းဖို့မလုံလောက်တော့တာကြောင့် အဖမ်းခံဖို့သူကိုယ်တိုင် ရဲကိုဖုန်းဆက်ခေါ်ခဲ့ပါတယ်။အဆိုပါအလုပ်လက်မဲ့ အဖိုးကြီးဟာ ယန်း ၆၅၀ဖိုး စားသောက်ပြီးနောက် တန်ကြေးငွေမရှင်းဘဲ ဆိုင်ကမန်နေဂျာအား ရဲစခန်းကိုဖုန်းဆက်ခေါ်ဖို့ပြောခဲ့ပြီး ဆိုင်မန်နေဂျာကလည်း ကောင်းကောင်းမွန်မွန်ဘဲဆက်ဆံကာ နောက်မှအကြွေးပြန်ဆပ်ဖို့သာ ပြောခဲ့ပါတယ်။ဆိုင်မန်နေဂျာက ဒေသခံတွေကို ခေါ်ဖို့တွန့်ဆုတ်နေချိန်မှာ အဆိုပါအဖိုးကြီးက ရဲစခန်းကို ဖုန်းဆက်ခေါ်ကာ သူ့လုပ်ခဲ့တဲ့လုပ်ရပ်အကြောင်းအပြည့်အစုံကိုပြောပြရင်း လာရောက်ဖမ်းဆီးပေးဖို့ပြောခဲ့ပါတယ်။
အချုပ်ထဲကို အကြိမ်ပေါင်းမနည်းရောက်ဖူးတဲ့အဆိုပါအဖိုးကြီးဟာ ဗိုက်အရမ်းဆာနေခဲ့ပေမဲ့ အစားအစာတွေအတွက် ငွေအလုံအလောက်မရှိကြောင်း ဒေသခံတွေကို ပြောပြခဲ့ပါသေးတယ်။ဂျပန်နိုင်ငံရဲ့ရာဇဝတ်မှု၂၀ရာခိုင်နှုန်းလောက်ဟာ သက်ကြီးရွယ်အိုတွေကျူးလွန်လေ့ရှိပြီး အဲ့တာတွေကလည်း ဂျပန်အတွက် အဆန်းမဟုတ်တော့ပါဘူး။သက်ကြီးရွယ်အိုတွေကျူးလွန်တဲ့ရာဇဝတ်မှုတွေဟာ များသောအားဖြင့် စားသောက်ဆိုင်ထဲတွေမှာ ဖြစ်တတ်ပြီး ဆိုင်ရှင်တွေကလည်း အဲ့လိုပြဿနာတွေကြောင့် အမြဲအခက်တွေ့ကြရပါတယ်။
တရားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ Shinsuke Nishioka က အဆိုပါအမှုတွေကြောင့် ထောင်ဝန်ထမ်းတွေကို သူနာပြုတွေလို စောင့်ရှောက်ခိုင်းဖို့ ဖိအားပေးနေတယ်လို့ဆိုထားပြီး ဂျပန်သုတေသီ Yuki Shinkoကလည်း သက်ကြီးရွယ်အိုတွေဟာ အလုပ်ရှာလုပ်ဖို့ ခက်ခဲတာကြောင့် ထောင်ထဲကဘဝကိုသာ ပိုလက်တွေ့ကျတယ်လို့သတ်မှတ်ထားကြကြောင်း ပြောပြထားပါတယ်။တကယ်လည်း ဂျပန်လူမျိုးတွေဟာ အသက်ရှည်ကြပြီး သက်ကြီးရွယ်အိုတွေလည်း အတော်လေးများတဲ့ နိုင်ငံပါ။
Mia (Mckzone Daily)