က်ဥ္းေျမာင္းတဲ့ေျမေနရာကို အက်ိဳးရွိရွိ အသုံးခ်ၿပီး သပ္ရပ္လွပတဲ့ေနအိမ္အျဖစ္ ေျပာင္းလဲဖန္တီးျပခဲ့တဲ့ ဗိသုကာပညာ႐ွင္

ဂ်ပန္ဗိသုကာ Kota Mizuishi ဒီဇိုင္းေရးဆြဲေပးခဲ့တဲ့ ေသးငယ္ၿပီးေနခ်င္စဖြယ္ေကာင္းတဲ့ဒီအိမ္ေလးဟာ ဂ်ပန္နိုင္ငံ တိုက်ိဳၿမိဳ့ ေနအိမ္ထူထပ္မ်ားျပားတဲ့Suginami ရပ္ကြက္ရဲ့ျမစ္ကမ္းေဘးတစ္ေနရာမွာ တည္ရွိတာပါ။၂၀၁၁ ခုႏွစ္မွာ ေဆာက္လုပ္ၿပီးစီးခဲ့ၿပီး “ Horinouchi in House” လို့အမည္တပ္ထားတဲ့ အဆိုပါႏွစ္ထပ္အိမ္ဟာ အေသးစိတ္ ၅၅၅ စတုရန္းေပက်ယ္ဝန္းၿပီး ေယာက္်ား၊ဇနီးနဲ႔ ကေလးမေလးစတဲ့ မိသားစုသုံးေယာက္တို့ေနထိုင္ၾကပါတယ္။အိမ္ရဲ့အက်ယ္အ၀န္းကို ေဒသတြင္းစည္းမ်ဥ္းစည္းကမ္းေတြနဲ႔အညီ ခြင့္ျပဳခ်က္ရတည္ေဆာက္ထားတာပါ။အိမ္အေပၚထပ္မွာ အိပ္ခန္း၊ မီးဖိုေခ်ာင္၊ ထမင္းစားခန္းႏွင့္ဧည့္ခန္းတို့ပါဝင္ၿပီး ေရွ႕ကိုအနည္းငယ္ထိုးထြက္ေနတဲ့ေနရာရဲ့ေအာက္ဟာ ကားရပ္နားဖို့ေနရာျဖစ္ပါတယ္။

ေပါင္းစည္းထားတဲ့စတုဂံမွန္တိုင္ႏွစ္ခုၾကားက်ဥ္းေျမာင္းတဲ့ေနရာမွာ စားပြဲခုံနဲ႔လသာေဆာင္တို့ပါရွိပါတယ္။Mizuishi ဟာ ကန႔္သတ္ထားတဲ့ဧရိယာမွာ ဆန္းသစ္ၿပီး ျမစ္နဲ႔ဆက္သြယ္မွုအမ်ိဳးမ်ိဳးခံစားရေစဖို့ အဆိုပါအိမ္ေလးကို ဒီဇိုင္းဆြဲခဲ့တာပါ။ေန႔ခင္းဘက္မွာ သဘာဝအလင္းေရာင္အလြယ္တကူ၀င္ေရာက္နိုင္တဲ့ အမိုးျမင့္ထပ္ခိုးတစ္ခုလည္းပါရွိၿပီး အိမ္ေထာင္ဦးစီးရဲ့ အိပ္ခန္းတစ္ခန္းနဲ႔ေရခ်ိဳးခန္းဟာ က်ယ္ဝန္းတဲ့ေျမညီထပ္ေနရာေကာင္းမွာ ပါရွိပါတယ္။ဒီေတာ့ အနည္းငယ္သာရွိတဲ့ေျမေနရာကို အထင္ႀကီးေလာက္တဲ့ ဗိသုကာဆိုင္ရာအံ့ဖြယ္ေခတ္သစ္အႏုပညာလက္ရာတစ္ခုအျဖစ္ ေျပာင္းလဲအသုံးျပဳခဲ့တဲ့ Mizuishiရဲ့ဒီဇိုင္းလက္ရာေတြကိုလည္း ၾကည့္ရွုခဲ့လိုက္ၾကပါအုံး။

3

4

5

6

7

8

9

10

Mia (Mckzone Daily)

Source : nextshark

Unicode

ဂျပန်ဗိသုကာ Kota Mizuishi ဒီဇိုင်းရေးဆွဲပေးခဲ့တဲ့ သေးငယ်ပြီးနေချင်စဖွယ်ကောင်းတဲ့ဒီအိမ်လေးဟာ ဂျပန်နိုင်ငံ တိုကျိုမြို့ နေအိမ်ထူထပ်များပြားတဲ့Suginami ရပ်ကွက်ရဲ့မြစ်ကမ်းဘေးတစ်နေရာမှာ တည်ရှိတာပါ။၂၀၁၁ ခုနှစ်မှာ ဆောက်လုပ်ပြီးစီးခဲ့ပြီး “ Horinouchi in House” လို့အမည်တပ်ထားတဲ့ အဆိုပါနှစ်ထပ်အိမ်ဟာ အသေးစိတ် ၅၅၅ စတုရန်းပေကျယ်ဝန်းပြီး ယောက်ျား၊ဇနီးနဲ့ ကလေးမလေးစတဲ့ မိသားစုသုံးယောက်တို့နေထိုင်ကြပါတယ်။အိမ်ရဲ့အကျယ်အဝန်းကို ဒေသတွင်းစည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ခွင့်ပြုချက်ရတည်ဆောက်ထားတာပါ။အိမ်အပေါ်ထပ်မှာ အိပ်ခန်း၊ မီးဖိုချောင်၊ ထမင်းစားခန်းနှင့်ဧည့်ခန်းတို့ပါဝင်ပြီး ရှေ့ကိုအနည်းငယ်ထိုးထွက်နေတဲ့နေရာရဲ့အောက်ဟာ ကားရပ်နားဖို့နေရာဖြစ်ပါတယ်။

ပေါင်းစည်းထားတဲ့စတုဂံမှန်တိုင်နှစ်ခုကြားကျဉ်းမြောင်းတဲ့နေရာမှာ စားပွဲခုံနဲ့လသာဆောင်တို့ပါရှိပါတယ်။Mizuishi ဟာ ကန့်သတ်ထားတဲ့ဧရိယာမှာ ဆန်းသစ်ပြီး မြစ်နဲ့ဆက်သွယ်မှုအမျိုးမျိုးခံစားရစေဖို့ အဆိုပါအိမ်လေးကို ဒီဇိုင်းဆွဲခဲ့တာပါ။နေ့ခင်းဘက်မှာ သဘာဝအလင်းရောင်အလွယ်တကူဝင်ရောက်နိုင်တဲ့ အမိုးမြင့်ထပ်ခိုးတစ်ခုလည်းပါရှိပြီး အိမ်ထောင်ဦးစီးရဲ့ အိပ်ခန်းတစ်ခန်းနဲ့ရေချိုးခန်းဟာ ကျယ်ဝန်းတဲ့မြေညီထပ်နေရာကောင်းမှာ ပါရှိပါတယ်။ဒီတော့ အနည်းငယ်သာရှိတဲ့မြေနေရာကို အထင်ကြီးလောက်တဲ့ ဗိသုကာဆိုင်ရာအံ့ဖွယ်ခေတ်သစ်အနုပညာလက်ရာတစ်ခုအဖြစ် ပြောင်းလဲအသုံးပြုခဲ့တဲ့ Mizuishiရဲ့ဒီဇိုင်းလက်ရာတွေကိုလည်း ကြည့်ရှုခဲ့လိုက်ကြပါအုံး။

Mia (Mckzone Daily)

Be the first to comment on "က်ဥ္းေျမာင္းတဲ့ေျမေနရာကို အက်ိဳးရွိရွိ အသုံးခ်ၿပီး သပ္ရပ္လွပတဲ့ေနအိမ္အျဖစ္ ေျပာင္းလဲဖန္တီးျပခဲ့တဲ့ ဗိသုကာပညာ႐ွင္"

Leave a comment

Your email address will not be published.


*