ဦးေႏွာက္ကင္ဆာေၾကာင့္ ေသလုေမ်ာပါးျဖစ္ေနခဲ့တဲ့ သားေလးရဲ႕ဆႏၵကို ျဖည့္ဆည္းေပးခဲ့ၾကတဲ့ မီးသတ္တပ္ဖြဲ႔ (႐ုပ္/သံ)

မေလး႐ွားႏိုင္ငံက အသက္ 7ႏွစ္အရြယ္သားငယ္ေလးဟာ အဆင့္4႐ွိတဲ့ Diffuse Intrinsic Pontine Glioma (DIPG) ဆိုတဲ့ဦးေႏွာက္ကင္ဆာကိုခံစားေနရေပမဲ့လည္း သူ၏ေနာက္ဆံုးစိတ္ဆႏၵကိုျဖည့္ဆည္းေပးႏိုင္ခဲ့ၾကပါတယ္ ။ DIPG ကေတာ့ ဦးေႏွာက္တြင္းအသားပိုမ်ားတိုးပြားလာျခင္းမ်ိဳးျဖစ္ၿပီး လက္႐ွိမွာေတာ့ သားငယ္ေလး Ahmad Danial ဟာ ေရာဂါသက္သာေစတဲ့ေဆးမ်ားႏွင့္ ကုသမႈမ်ားျပဳလုပ္ေနေပမဲ့လည္း က်န္းမာေရးအေျခအေန တိုးတက္ေကာင္းမြန္လာျခင္းမ်ိဳးမ႐ွိခဲ့ပဲ အသက္ဆက္႐ွင္ႏိုင္ဖို႔အခြင့္အလမ္းသိပ္မ႐ွိေတာ့ပါဘူး ။ Ahmad Danial ဟာယခုကဲ့သို႔ေသာေရာဂါမ်ိဳးမခံစားရခင္အခ်ိန္က မီးသတ္သမားတစ္ေယာက္ျဖစ္လာဖို႔ ရည္မွန္းခ်က္႐ွိေနခဲ့တာပါ ။ယခုခ်ိန္မွာ အေၾကာေသသြားခဲ့ၿပီး စကားမေျပာႏိုင္ေတာ့ဘူးဆိုေပမဲ့လည္း သူ၏အိမ္မက္ကိုေတာ့ အမွန္တကယ္အေကာင္အထည္ေဖာ္ႏိုင္ခဲ့ပါတယ္ ။

ကေလးငယ္ရဲ႕အိမ္မက္ကေတာ့ မီးေလာင္ကြၽမ္းေနတဲ့ေနရာကိုၾကားသိလိုက္တာနဲ႔ခ်က္ခ်င္း မီးသတ္တပ္ဖြဲ႔ကေနတစ္ဆင့္ ျပည္သူေတြကိုသြားေရာက္ကယ္တင္ဖို႔ျဖစ္ပါတယ္ ။ မေလး႐ွားႏိုင္ငံ Pahangျပည္နယ္ရဲ႕ မီးသတ္ဌာနကၫြန္ၾကားေရးမႉးဟာ ေကာင္ေလးရဲ႕အေၾကာင္းကိုၾကားၾကားၿပီးခ်င္း ပိုမေနာက္က်ခင္သူ၏စိတ္ဆႏၵကိုျဖည့္ဆည္းေပးလိုက္ဖို႔ ဆံုျဖတ္ခ်က္ခ်ခဲ့ပါတယ္ ။ ” သားေလးရဲ႕မိဘေတြရဲ႕ စိတ္ခံစားေနရမႈကို ကြၽန္ေတာ္နားလည္တယ္ ၊ ၿပီးေတာ့ ကြၽန္ေတာ္တို႔လည္းသူတို႔ရဲ႕ေဝဒနာေတြကို ေဝမ်ွခ်င္ပါတယ္ ” ဆိုၿပီးေျပာဆိုခဲ့ပါတယ္ ။ မီးသတ္ကားကို ၫြန္ၾကားေရးမွဴ းကိုယ္တိုင္ေမာင္းႏွင္ေပခဲ့ၿပီး မီးသတ္တပ္ဖြဲ႔တစ္ဖြဲ႔လံုးက Ahmad Danial ကို 10မိနစ္ခန္႔ Berserah ရပ္ကြပ္တစ္ေလ်ွာက္ေမာင္ႏွင္းေခၚေဆာင္သြားေပးခဲ့ၾကပါတယ္ ။ ဒါတင္မကေသးပါဘူး မီးသတ္သမားတစ္ေယာက္ရဲ႕အေတြ႔အၾကံဳကိုရ႐ွိေစဖို႔အတြက္ Ahmad Danial အတြက္မီးသတ္သမားဝတ္စံုကိုပါျပင္ဆင္ေပးခဲ့ၾကပါတယ္ ။

Ahmad Danial ၏ဖခင္ျဖစ္သူေျပာျပခ်က္အရ ၿပီခဲ့တဲ့ March လ ေလာက္ကစတင္ၿပီးသားငယ္ေလးဟာ ေနမေကာင္းစျဖစ္လာခဲ့တာပါ ။ ထို႔ေနာက္ သူ၏က်န္းမာေရးအေျခအေနဟာအလ်င္အျမန္ကိုဆိုးရြားလာခဲ့ၿပီးေနာက္ ေဆးရံုသို႔ေခၚေဆာင္သြားခဲ့ခ်ိန္မွာေတာ့ ဦးေႏွာက္ကင္ဆာေရာဂါခံစားေနရတာျဖစ္ေၾကာင္း ႐ွာေဖြေတြ႔႐ွိခဲ့ၿပီးေနာက္ သားငယ္ေလးကို ၿပီးခဲ့တဲ့ May လ ကတည္းကအိမ္သို႔ျပန္ေခၚျပန္ၿပီး ေဆးရံုကေပးတဲ့ေဆးမ်ားကိုသာတိုက္ေကြၽးခဲ့ပါတယ္ ။

ထို႔အျပင္ Ahmad Danial တြင္ အစ္ကိုတစ္ေယာက္႐ွိခဲ့ဖူးၿပီး အစ္ကိုျဖစ္သူမွာလည္း အဆုတ္ထဲဘတ္တီးရီးယားေရာဂါပိုးဝင္ၿပီး ကူးစက္ေရာဂါခံစားခဲ့ရကာေသဆံုးသြားခဲ့ျခင္းျဖစ္ပါတယ္ ။ ထို႔ေၾကာင့္ Ahmad Danial ရဲ႕မိဘႏွစ္ပါးလံုးဟာ အဆိုပါေၾကကြဲဝမ္းနည္းဖို႔ေကာင္းလြန္းလွတဲ့ အေတြ႔အၾကံဳမ်ိဳး႐ွိေနခဲ့တဲ့အတြက္ သားငယ္ေလးကိုလံုးဝလက္မေလ်ွာ့ပဲ အေကာင္းဆံုးေထာက္ပံ့ေပးသြားမည္ဆိုတာကိုလဲ ” မိဘေတြအေနနဲ႔ သားေလး ျပန္ၿပီးမေကာင္းလာႏိုင္ေတာ့ဘူးဆိုတာကိုသိေနေပမဲ့လည္း အေကာင္းဆံုးဂ႐ုစိုက္မႈေတြ ေပးႏိုင္ဖို႔ကြၽန္ေတာ္တို႔ႀကိဳးစားေနပါတယ္ ” ဆိုၿပီးေျပာဆိုသြားခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မလေးရှားနိုင်ငံက အသက် 7နှစ်အရွယ်သားငယ်လေးဟာ အဆင့်4ရှိတဲ့ Diffuse Intrinsic Pontine Glioma (DIPG) ဆိုတဲ့ဦးနှောက်ကင်ဆာကိုခံစားနေရပေမဲ့လည်း သူ၏နောက်ဆုံးစိတ်ဆန္ဒကိုဖြည့်ဆည်းပေးနိုင်ခဲ့ကြပါတယ် ။ DIPG ကတော့ ဦးနှောက်တွင်းအသားပိုများတိုးပွားလာခြင်းမျိုးဖြစ်ပြီး လက်ရှိမှာတော့ သားငယ်လေး Ahmad Danial ဟာ ရောဂါသက်သာစေတဲ့ဆေးများနှင့် ကုသမှုများပြုလုပ်နေပေမဲ့လည်း ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်လာခြင်းမျိုးမရှိခဲ့ပဲ အသက်ဆက်ရှင်နိုင်ဖို့အခွင့်အလမ်းသိပ်မရှိတော့ပါဘူး ။ Ahmad Danial ဟာယခုကဲ့သို့သောရောဂါမျိုးမခံစားရခင်အချိန်က မီးသတ်သမားတစ်ယောက်ဖြစ်လာဖို့ ရည်မှန်းချက်ရှိနေခဲ့တာပါ ။ယခုချိန်မှာ အကြောသေသွားခဲ့ပြီး စကားမပြောနိုင်တော့ဘူးဆိုပေမဲ့လည်း သူ၏အိမ်မက်ကိုတော့ အမှန်တကယ်အကောင်အထည်ဖော်နိုင်ခဲ့ပါတယ် ။

ကလေးငယ်ရဲ့အိမ်မက်ကတော့ မီးလောင်ကျွမ်းနေတဲ့နေရာကိုကြားသိလိုက်တာနဲ့ချက်ချင်း မီးသတ်တပ်ဖွဲ့ကနေတစ်ဆင့် ပြည်သူတွေကိုသွားရောက်ကယ်တင်ဖို့ဖြစ်ပါတယ် ။ မလေးရှားနိုင်ငံ Pahangပြည်နယ်ရဲ့ မီးသတ်ဌာနကညွန်ကြားရေးမှူးဟာ ကောင်လေးရဲ့အကြောင်းကိုကြားကြားပြီးချင်း ပိုမနောက်ကျခင်သူ၏စိတ်ဆန္ဒကိုဖြည့်ဆည်းပေးလိုက်ဖို့ ဆုံဖြတ်ချက်ချခဲ့ပါတယ် ။ ” သားလေးရဲ့မိဘတွေရဲ့ စိတ်ခံစားနေရမှုကို ကျွန်တော်နားလည်တယ် ၊ ပြီးတော့ ကျွန်တော်တို့လည်းသူတို့ရဲ့ဝေဒနာတွေကို ဝေမျှချင်ပါတယ် ” ဆိုပြီးပြောဆိုခဲ့ပါတယ် ။ မီးသတ်ကားကို ညွန်ကြားရေးမှူ းကိုယ်တိုင်မောင်းနှင်ပေခဲ့ပြီး မီးသတ်တပ်ဖွဲ့တစ်ဖွဲ့လုံးက Ahmad Danial ကို 10မိနစ်ခန့် Berserah ရပ်ကွပ်တစ်လျှောက်မောင်နှင်းခေါ်ဆောင်သွားပေးခဲ့ကြပါတယ် ။ ဒါတင်မကသေးပါဘူး မီးသတ်သမားတစ်ယောက်ရဲ့အတွေ့အကြုံကိုရရှိစေဖို့အတွက် Ahmad Danial အတွက်မီးသတ်သမားဝတ်စုံကိုပါပြင်ဆင်ပေးခဲ့ကြပါတယ် ။

Ahmad Danial ၏ဖခင်ဖြစ်သူပြောပြချက်အရ ပြီခဲ့တဲ့ March လ လောက်ကစတင်ပြီးသားငယ်လေးဟာ နေမကောင်းစဖြစ်လာခဲ့တာပါ ။ ထို့နောက် သူ၏ကျန်းမာရေးအခြေအနေဟာအလျင်အမြန်ကိုဆိုးရွားလာခဲ့ပြီးနောက် ဆေးရုံသို့ခေါ်ဆောင်သွားခဲ့ချိန်မှာတော့ ဦးနှောက်ကင်ဆာရောဂါခံစားနေရတာဖြစ်ကြောင်း ရှာဖွေတွေ့ရှိခဲ့ပြီးနောက် သားငယ်လေးကို ပြီးခဲ့တဲ့ May လ ကတည်းကအိမ်သို့ပြန်ခေါ်ပြန်ပြီး ဆေးရုံကပေးတဲ့ဆေးများကိုသာတိုက်ကျွေးခဲ့ပါတယ် ။

ထို့အပြင် Ahmad Danial တွင် အစ်ကိုတစ်ယောက်ရှိခဲ့ဖူးပြီး အစ်ကိုဖြစ်သူမှာလည်း အဆုတ်ထဲဘတ်တီးရီးယားရောဂါပိုးဝင်ပြီး ကူးစက်ရောဂါခံစားခဲ့ရကာသေဆုံးသွားခဲ့ခြင်းဖြစ်ပါတယ် ။ ထို့ကြောင့် Ahmad Danial ရဲ့မိဘနှစ်ပါးလုံးဟာ အဆိုပါကြေကွဲဝမ်းနည်းဖို့ကောင်းလွန်းလှတဲ့ အတွေ့အကြုံမျိုးရှိနေခဲ့တဲ့အတွက် သားငယ်လေးကိုလုံးဝလက်မလျှော့ပဲ အကောင်းဆုံးထောက်ပံ့ပေးသွားမည်ဆိုတာကိုလဲ ” မိဘတွေအနေနဲ့ သားလေး ပြန်ပြီးမကောင်းလာနိုင်တော့ဘူးဆိုတာကိုသိနေပေမဲ့လည်း အကောင်းဆုံးဂရုစိုက်မှုတွေ ပေးနိုင်ဖို့ကျွန်တော်တို့ကြိုးစားနေပါတယ် ” ဆိုပြီးပြောဆိုသွားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ဦးေႏွာက္ကင္ဆာေၾကာင့္ ေသလုေမ်ာပါးျဖစ္ေနခဲ့တဲ့ သားေလးရဲ႕ဆႏၵကို ျဖည့္ဆည္းေပးခဲ့ၾကတဲ့ မီးသတ္တပ္ဖြဲ႔ (႐ုပ္/သံ)"

Leave a comment

Your email address will not be published.


*