အေအာက္အဦးေျမေနရာကို အစိုးရထံ မနည္းမေနာတဲ့ေစ်းနဲ႔ျဖတ္ေရာင္းခဲ့တဲ့ အိမ္ၿခံေျမပိုင္ရွင္တစ္ဦး

တ႐ုတ္နိုင္ငံ Shenzhenၿမိဳ့က က်န္ရွိေနေသးတဲ့ တိုက္အေဆာက္အဦးေဟာင္းတစ္ခုဟာ ယခုလမွာ ၿဖိဳခ်ေတာ့မွာျဖစ္ၿပီး အဲဒီမတိုင္မီ ပိုင္ရွင္ျဖစ္သူက အစိုးရထံမွ မနည္းမေနာတဲ့တန္ေၾကးေငြရရွိခဲ့ပါတယ္။အဆိုပါ အိမ္ၿခံေျမပိုင္ရွင္ Yangဟာ Longhua ခရိုင္ Shenzhenၿမိဳ့က ေဟာင္းႏြမ္းပ်က္စီးေနတဲ့ အဆိုပါအေဆာက္အဦးအပါအဝင္ ေျမေနရာမ်ားစြာကို ထိန္းသိမ္းလာခဲ့တာ ၇ႏွစ္တာၾကာခဲ့ၿပီးျဖစ္ၿပီး ေနာက္ဆုံးမွာေတာ့ တ႐ုတ္အစိုးရအား ဖ်က္စီးခြင့္ေပးဖို့ ဆုံးျဖတ္ခဲ့ပါတယ္။အဆိုပါအေဆာက္အဦးေနရာကို အစိုးရက မီးရထားဘူတာ႐ုံအတြက္ ဒီဇိုင္းဆြဲသတ္မွတ္ထားၿပီးေနာက္ ၂၀၁၀ခုႏွစ္ကတည္းက ၿဖိဳခ်ဖို့ စီစဥ္ထားခဲ့တာပါ။

ကံေကာင္းခ်င္ေတာ့ Yang အတြက္ အိမ္ၿခံေျမအက်ိဳးေဆာင္ေတြက တစ္စတုရန္းမီတာကို ယြမ္ ၅၀,၀၀၀ မွ ၅၅,၀၀၀ (ျမန္မာေငြ သိန္း ၉၀မွ သိန္း၁၁၀)အထိခန္႔မွန္းထားၾကပါတယ္။Yangဟာ သူ႔ရဲ့ပိုင္ဆိုင္မွုကို လြန္ခဲ့တဲ့ ၇ႏွစ္ကတည္းက ေရာင္းခ်ခဲ့ပါက ယြမ္ေငြ ၆.၅သန္း(သိန္းေပါင္း ၁၂,၀၀၀) ေက်ာ္ေလာက္ ေပါက္ေစ်းရမယ္လို့ခန္႔မွန္းထားၾကၿပီး ယခုအခ်ိန္မွာေတာ့ ေဒသခံအစိုးရက Yangရဲ့စတုရန္းမီတာ ၁၀၀၀ေလာက္ရွိတဲ့ပိုင္ဆိုင္မွုအတြက္ ယြမ္ေငြ ၁၆ သန္း(သိန္းေပါင္း ၃၀,၀၀၀)ေက်ာ္ တန္ဖိုးျဖတ္ေပးခဲ့ၿပီး အဆိုပါေျမေနရာအားလုံးကို ေျမာက္ပိုင္း Shenzhen ၿမိဳ့ရဲ့ဘူတာ႐ုံအသစ္တိုးခ်ဲ႕မွုအစိတ္အပိုင္းတစ္ခုအျဖစ္ အသုံးျပဳသြားမွာျဖစ္ပါတယ္။

Yangဟာ ၁၉၉၃ခုႏွစ္ကတည္းက သူမအိမ္ၿခံေျမေနရာမွာ လူေနအိမ္ရာေတြေဆာက္လုပ္ဖို့ ရည္ရြယ္ခဲ့ေပမဲ့ ေဆာက္လုပ္ေရးကို အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အၿပီးမသတ္နိုင္ခဲ့ပါဘူး။အဲ့ေတာ့ ဖ်က္ဆီးတဲ့ေနရာမွာ ႏွစ္ေယာက္မရွိတဲ့တ႐ုတ္က အဆိုပါ အေဆာက္အဦးကို ၂၄နာရီအတြင္း ၿဖိဳခ်လိုက္ပါေတာ့တယ္။ဒီတသက္ ပိုက္ဆံေတြျဖဳန္းလို့ေတာင္ကုန္မွာမဟုတ္တဲ့ Yangအတြက္ကေတာ့ ဝမ္းသာအားရမွုႀကီးတစ္ခုအလားျဖစ္ေနခဲ့ပါေတာ့တယ္။။ဒါေၾကာင့္ ဝယ္ထားတဲ့ေျမေနရာေလးေတြရွိရင္လည္း မေရာင္းဘဲ Yangလို ေခါင္းမာမာနဲ႔ဥထားၾကပါလို့ ေျပာခဲ့လိုက္ခ်င္ပါတယ္။

Mia (Mckzone Daily)

Source : nextshark

Unicode

တရုတ်နိုင်ငံ Shenzhenမြို့က ကျန်ရှိနေသေးတဲ့ တိုက်အဆောက်အဦးဟောင်းတစ်ခုဟာ ယခုလမှာ ဖြိုချတော့မှာဖြစ်ပြီး အဲဒီမတိုင်မီ ပိုင်ရှင်ဖြစ်သူက အစိုးရထံမှ မနည်းမနောတဲ့တန်ကြေးငွေရရှိခဲ့ပါတယ်။အဆိုပါ အိမ်ခြံမြေပိုင်ရှင် Yangဟာ Longhua ခရိုင် Shenzhenမြို့က ဟောင်းနွမ်းပျက်စီးနေတဲ့ အဆိုပါအဆောက်အဦးအပါအဝင် မြေနေရာများစွာကို ထိန်းသိမ်းလာခဲ့တာ ၇နှစ်တာကြာခဲ့ပြီးဖြစ်ပြီး နောက်ဆုံးမှာတော့ တရုတ်အစိုးရအား ဖျက်စီးခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။အဆိုပါအဆောက်အဦးနေရာကို အစိုးရက မီးရထားဘူတာရုံအတွက် ဒီဇိုင်းဆွဲသတ်မှတ်ထားပြီးနောက် ၂၀၁၀ခုနှစ်ကတည်းက ဖြိုချဖို့ စီစဉ်ထားခဲ့တာပါ။

ကံကောင်းချင်တော့ Yang အတွက် အိမ်ခြံမြေအကျိုးဆောင်တွေက တစ်စတုရန်းမီတာကို ယွမ် ၅၀,၀၀၀ မှ ၅၅,၀၀၀ (မြန်မာငွေ သိန်း ၉၀မှ သိန်း၁၁၀)အထိခန့်မှန်းထားကြပါတယ်။Yangဟာ သူ့ရဲ့ပိုင်ဆိုင်မှုကို လွန်ခဲ့တဲ့ ၇နှစ်ကတည်းက ရောင်းချခဲ့ပါက ယွမ်ငွေ ၆.၅သန်း(သိန်းပေါင်း ၁၂,၀၀၀) ကျော်လောက် ပေါက်ဈေးရမယ်လို့ခန့်မှန်းထားကြပြီး ယခုအချိန်မှာတော့ ဒေသခံအစိုးရက Yangရဲ့စတုရန်းမီတာ ၁၀၀၀လောက်ရှိတဲ့ပိုင်ဆိုင်မှုအတွက် ယွမ်ငွေ ၁၆ သန်း(သိန်းပေါင်း ၃၀,၀၀၀)ကျော် တန်ဖိုးဖြတ်ပေးခဲ့ပြီး အဆိုပါမြေနေရာအားလုံးကို မြောက်ပိုင်း Shenzhen မြို့ရဲ့ဘူတာရုံအသစ်တိုးချဲ့မှုအစိတ်အပိုင်းတစ်ခုအဖြစ် အသုံးပြုသွားမှာဖြစ်ပါတယ်။

Yangဟာ ၁၉၉၃ခုနှစ်ကတည်းက သူမအိမ်ခြံမြေနေရာမှာ လူနေအိမ်ရာတွေဆောက်လုပ်ဖို့ ရည်ရွယ်ခဲ့ပေမဲ့ ဆောက်လုပ်ရေးကို အကြောင်းအမျိုးမျိုးကြောင့် အပြီးမသတ်နိုင်ခဲ့ပါဘူး။အဲ့တော့ ဖျက်ဆီးတဲ့နေရာမှာ နှစ်ယောက်မရှိတဲ့တရုတ်က အဆိုပါ အဆောက်အဦးကို ၂၄နာရီအတွင်း ဖြိုချလိုက်ပါတော့တယ်။ဒီတသက် ပိုက်ဆံတွေဖြုန်းလို့တောင်ကုန်မှာမဟုတ်တဲ့ Yangအတွက်ကတော့ ဝမ်းသာအားရမှုကြီးတစ်ခုအလားဖြစ်နေခဲ့ပါတော့တယ်။။ဒါကြောင့် ဝယ်ထားတဲ့မြေနေရာလေးတွေရှိရင်လည်း မရောင်းဘဲ Yangလို ခေါင်းမာမာနဲ့ဥထားကြပါလို့ ပြောခဲ့လိုက်ချင်ပါတယ်။

Mia (Mckzone Daily)

  • Leave a Comment