ထီဆုႀကီးေပါက္ၿပီးေနာက္ ဘုန္းႀကီးေက်ာင္းကို ျပည္သူေတြ အတင္းဝင္ေရာက္လာတာေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ေနခဲ့ရတဲ့ ဘုန္းေတာ္ႀကီး (႐ုပ္သံ)

ထိုင္းထီ ဘတ္ ၁၈သန္းဖိုးေပါက္သြားခဲ့တဲ့ဆရာေတာ္ဘုန္းဘုန္းတစ္ပါးဟာ အလွူေငြေတာင္းခံဖို့ ဘုန္းႀကီးေက်ာင္းဝန္းကိုဝင္ေရာက္စီးနင္းေနတဲ့ျပည္သူေတြအား ေရွာင္ရွားဖို့ လူသိနည္းတဲ့ေနရာတစ္ခုသို့ ထြက္ေျပးတိမ္းေရွာင္ခဲ့ပါတယ္။ထိုင္းနိုင္ငံ Nonthaburiျပည္နယ္ Nonthaburi ၿမိဳ့ Wat Thinnakorn Nimit ဘုန္းႀကီးေက်ာင္းရွိ သက္ေတာ္ ၆၇ႏွစ္အရြယ္ ဘြဲ႕အမည္Ajahn Montri Samujjo ဆိုတဲ့ဆရာေတာ္ဘုန္းဘုန္းဟာ ဒီတနလၤာေန႔က ထြက္ရွိတဲ့ ထိုင္းထီ ဘတ္၆သန္း(ျမန္မာေငြ သိန္း၂၅၃)တန္ဖိုးရွိတဲ့ထီလက္မွတ္ ၃ခုစီကိုေပါက္သြားခဲ့ေၾကာင္း ေဒသခံမီဒီယာမ်ားမွတဆင့္ သိရပါတယ္။ဘုန္းဘုန္းPiakလို့ လူသိမ်ားတဲ့ အဆိုပါဘုန္းဘုန္းဟာ ဘုန္းႀကီးေက်ာင္းဝန္းထဲမွာ လမ္းေလၽွာက္ေနခဲ့ရင္း ထီလက္မွတ္ေရာင္းတဲ့လူတစ္ေယာက္က ဘုန္းဘုန္းဆီ ခ်ဥ္းကပ္လာၿပီး သူမေရာင္းနိုင္ေတာ့တဲ့ထီလက္မွတ္ေတြကို ဝယ္ေပးနိုင္မလားလို့ ေမးခဲ့ပါတယ္။

ဘုန္းဘုန္းက စိတ္မေကာင္းျဖစ္တာနဲ႔ အဆိုပါ ထီေရာင္းသမားကို ကူညီေပးဖို့ ထီလက္မွတ္ ဘတ္၂,၀၀၀ဖိုး ဝယ္ယူေပးခဲ့လိုက္ပါတယ္။ထီထြက္တဲ့ေန႔မွာေတာ့ အဆိုပါ ဘုန္းဘုန္းဟာ သူဝယ္ခဲ့တဲ့ထီလက္မွတ္၃ခုကထီေပါက္ဂဏန္းျဖစ္ေနခဲ့တာကို အံ့ဩသြားခဲ့ရပါတယ္။ဘုန္းဘုန္းဟာ သူ႔ရဲ့သားသမီးသုံးေယာက္အား တစ္ဦးကို ထိုင္းဘတ္ ၁သန္း(၄၂ သိန္း)ဆီေပးခဲ့ၿပီး တျခား ဘုန္းႀကီးေက်ာင္းမွာ လိုအပ္သမၽွ နဲ႔ အမွန္တကယ္လိုအပ္ေနသူတခ်ိဳ့ကိုပါ လွူဒါန္းေပးခဲ့ပါတယ္။

ဘုန္းဘုန္းထီေပါက္ၿပီးလွူဒါန္းမွုေတြျပဳလုပ္ေနတဲ့သတင္းဟာ online ေပၚပ်ံ႕ႏွံ့သြားခဲ့ၿပီးေနာက္ ထိုင္းျပည္သူေတြဟာ ဘုန္းႀကီးေက်ာင္းသို့ အတင္းဝင္ေရာက္ၿပီး အလွူေငြလွူဒါန္းေပးဖို့ေတာင္းခံၾကကာ အျခားဆရာေတာ္ဘုန္းဘုန္းေတြကို ညမွာက်ိမ္းလို့ေတာင္မရ​ေလာက္ေတာ့တဲ့အထိ အခက္ေတြ႕ေစခဲ့ေၾကာင္း Coconuts Bangkok သတင္းက ေဖာ္ျပထားပါတယ္။လက္ေထာက္ဆရာေတာ္ဘုန္းဘုန္း Sitthi Woraditက အဆိုပါ ဘုန္းဘုန္းဟာ တျခားျပည္နယ္ရွိ အမည္မသိတဲ့ဘုန္းႀကီးေက်ာင္းမွာ ေျပာင္းေရြ႕ဖို့ ေတာင္းဆိုခဲ့ၿပီးေနာက္ သူတို့ရဲ့ဘုန္းႀကီးေက်ာင္းမွာ မရွိေတာ့ေၾကာင္း အတည္ျပဳေျပာၾကားေပးခဲ့ပါတယ္။”သူတျခားေနရာကို ႂကြသြားၿပီ ေက်းဇူးျပဳၿပီး ဒီေက်ာင္းကို မလာၾကပါနဲ႔။ဒီကိစၥဟာ သံဃာေတာ္ေတြကို အေႏွာက္အယွက္ျဖစ္ေစၿပီး အျမင္မေတာ္ျဖစ္ေစတယ္”လို့ လက္ေထာက္ဆရာေတာ္ဘုန္းဘုန္းက ေဒသခံသတင္းေထာက္ေတြထံ ဆိုထားခဲ့ပါတယ္။

Mia (Mckzone Daily)

Source : nextshark

Unicode

ထိုင်းထီ ဘတ် ၁၈သန်းဖိုးပေါက်သွားခဲ့တဲ့ဆရာတော်ဘုန်းဘုန်းတစ်ပါးဟာ အလှူငွေတောင်းခံဖို့ ဘုန်းကြီးကျောင်းဝန်းကိုဝင်ရောက်စီးနင်းနေတဲ့ပြည်သူတွေအား ရှောင်ရှားဖို့ လူသိနည်းတဲ့နေရာတစ်ခုသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပါတယ်။ထိုင်းနိုင်ငံ Nonthaburiပြည်နယ် Nonthaburi မြို့ Wat Thinnakorn Nimit ဘုန်းကြီးကျောင်းရှိ သက်တော် ၆၇နှစ်အရွယ် ဘွဲ့အမည်Ajahn Montri Samujjo ဆိုတဲ့ဆရာတော်ဘုန်းဘုန်းဟာ ဒီတနင်္လာနေ့က ထွက်ရှိတဲ့ ထိုင်းထီ ဘတ်၆သန်း(မြန်မာငွေ သိန်း၂၅၃)တန်ဖိုးရှိတဲ့ထီလက်မှတ် ၃ခုစီကိုပေါက်သွားခဲ့ကြောင်း ဒေသခံမီဒီယာများမှတဆင့် သိရပါတယ်။ဘုန်းဘုန်းPiakလို့ လူသိများတဲ့ အဆိုပါဘုန်းဘုန်းဟာ ဘုန်းကြီးကျောင်းဝန်းထဲမှာ လမ်းလျှောက်နေခဲ့ရင်း ထီလက်မှတ်ရောင်းတဲ့လူတစ်ယောက်က ဘုန်းဘုန်းဆီ ချဉ်းကပ်လာပြီး သူမရောင်းနိုင်တော့တဲ့ထီလက်မှတ်တွေကို ဝယ်ပေးနိုင်မလားလို့ မေးခဲ့ပါတယ်။

ဘုန်းဘုန်းက စိတ်မကောင်းဖြစ်တာနဲ့ အဆိုပါ ထီရောင်းသမားကို ကူညီပေးဖို့ ထီလက်မှတ် ဘတ်၂,၀၀၀ဖိုး ဝယ်ယူပေးခဲ့လိုက်ပါတယ်။ထီထွက်တဲ့နေ့မှာတော့ အဆိုပါ ဘုန်းဘုန်းဟာ သူဝယ်ခဲ့တဲ့ထီလက်မှတ်၃ခုကထီပေါက်ဂဏန်းဖြစ်နေခဲ့တာကို အံ့ဩသွားခဲ့ရပါတယ်။ဘုန်းဘုန်းဟာ သူ့ရဲ့သားသမီးသုံးယောက်အား တစ်ဦးကို ထိုင်းဘတ် ၁သန်း(၄၂ သိန်း)ဆီပေးခဲ့ပြီး တခြား ဘုန်းကြီးကျောင်းမှာ လိုအပ်သမျှ နဲ့ အမှန်တကယ်လိုအပ်နေသူတချို့ကိုပါ လှူဒါန်းပေးခဲ့ပါတယ်။

ဘုန်းဘုန်းထီပေါက်ပြီးလှူဒါန်းမှုတွေပြုလုပ်နေတဲ့သတင်းဟာ online ပေါ်ပျံ့နှံ့သွားခဲ့ပြီးနောက် ထိုင်းပြည်သူတွေဟာ ဘုန်းကြီးကျောင်းသို့ အတင်းဝင်ရောက်ပြီး အလှူငွေလှူဒါန်းပေးဖို့တောင်းခံကြကာ အခြားဆရာတော်ဘုန်းဘုန်းတွေကို ညမှာကျိမ်းလို့တောင်မရလောက်တော့တဲ့အထိ အခက်တွေ့စေခဲ့ကြောင်း Coconuts Bangkok သတင်းက ဖော်ပြထားပါတယ်။လက်ထောက်ဆရာတော်ဘုန်းဘုန်း Sitthi Woraditက အဆိုပါ ဘုန်းဘုန်းဟာ တခြားပြည်နယ်ရှိ အမည်မသိတဲ့ဘုန်းကြီးကျောင်းမှာ ပြောင်းရွေ့ဖို့ တောင်းဆိုခဲ့ပြီးနောက် သူတို့ရဲ့ဘုန်းကြီးကျောင်းမှာ မရှိတော့ကြောင်း အတည်ပြုပြောကြားပေးခဲ့ပါတယ်။”သူတခြားနေရာကို ကြွသွားပြီ ကျေးဇူးပြုပြီး ဒီကျောင်းကို မလာကြပါနဲ့။ဒီကိစ္စဟာ သံဃာတော်တွေကို အနှောက်အယှက်ဖြစ်စေပြီး အမြင်မတော်ဖြစ်စေတယ်”လို့ လက်ထောက်ဆရာတော်ဘုန်းဘုန်းက ဒေသခံသတင်းထောက်တွေထံ ဆိုထားခဲ့ပါတယ်။

Mia (Mckzone Daily)

  • Leave a Comment