ၾကက္သားျပားေၾကာ္ဆိုတဲ့ အသံၾကားတာနဲ႔ ၆၂ ရက္ၾကာသတိလစ္ေမ့ေျမာေနရာကေန ခ်က္ခ်င္းနိုးထလာခဲ့တဲ့ ေကာင္ေလး

ထိုင္ဝမ္ရွိ ယာဥ္တိုက္မွုေၾကာင့္သတိလစ္ေမ့ေျမာေနခဲ့တဲ့ ၁၈ ႏွစ္အရြယ္ေကာင္ေလး Chiu ဟာ “မင္းအရမ္းႀကိဳက္တဲ့ၾကက္အသားျပား ဝယ္လာတယ္”ဆိုတဲ့အစ္ကိုျဖစ္သူရဲ့စကားကိုၾကားၿပီးေနာက္ Chiu ဟာ မယုံၾကည္နိုင္ေလာက္ေအာင္ဘဲ နိုးထလာခဲ့ပါတယ္။ထိုင္ဝမ္သတင္းမ်ားေဖာ္ျပခ်က္အရ အဆိုပါChiu ဟာ စကူဘီဘီးဆိုင္ကယ္ေမာင္းေနတုန္း မေတာ္တဆယာဥ္တိုက္မွုတစ္ခုမွာ ပါဝင္ပတ္သက္သြားခဲ့ရၿပီး သူ႔ရဲ့ကိုယ္တြင္းအၤဂါ subdural hydrops, pneumothorax၊ သရက္ရြက္၊ ေက်ာက္ကပ္နဲ႔ အသည္းတို့ရဲ့ယိုယြင္းပ်က္စီးမွု၊ဝမ္းဗိုက္ပိုင္းဒဏ္ရာရမွု စတဲ့ဒဏ္ရာမ်ားစြာ အျပင္းအထန္ရရွိခဲ့တာေၾကာင့္ သူဟာComa ျဖစ္သြားခဲ့ရပါတယ္။Ton Yen အေထြေထြေရာဂါကုေဆး႐ုံႀကီးရွိ ICU ဌာနရဲ့ညႊန္ၾကားေရးမွူး Hsieh tsung-hsin အဆိုအရ Chiu ကို ေဆး႐ုံသို့အျမန္ပို့ေဆာင္ခဲ့ၿပီး အေရးေပၚခြဲစိတ္ကုသမွုခ်က္ခ်င္းခံယူခဲ့ေပမဲ့လည္း သူဟာအခ်ိန္အေတာ္ၾကာၾကာ ေမ့ေျမာသြားခဲ့ပါတယ္။

ႏွစ္လတာကာလအတြင္း Chiu ဟာခြဲစိတ္ကုသမွုေျခာက္ႀကိမ္ ခံယူခဲ့ရကာ မိသားစုေတြကလည္း သူ႔အနားအျမဲရွိေနခဲ့ၿပီး သူျပန္လည္နာလန္ထူနိုင္ဖို့အျမဲဆုေတာင္းေနခဲ့ၾကပါတယ္။Coma ခံစားေနရတဲ့ Chiu ရဲ့၆၂ရက္ေျမာက္ေန႔မွာ သတိလစ္ေနတဲ့သူ႔ညီအား မင္းအရမ္းႀကိဳက္တဲ့ၾကက္အသားျပားဝယ္လာတယ္ လို့စေနာက္ေျပာခဲ့တဲ့ အစ္ကိုျဖစ္သူရဲ့စကားေၾကာင့္ အံ့ဩစရာေကာင္းေလာက္ေအာင္ဘဲ Chiu ရဲ့ေသြးခုန္ႏွုန္း႐ုတ္တရက္အရွိန္ျမင့္လာခဲ့ၿပီး သူဟာသတိျပန္ရဖို့စတင္လာခဲ့ပါတယ္။

ေဆးဘက္ဆိုင္ရာဝန္ထမ္းေတြက Chiu ရဲ့အဆုံးစြန္ျပန္လည္နာလန္ထူမွုဟာ ရွင္သန္ဖို့သူ႔ရဲ့ခိုင္မာတဲ့အလိုေတာ္ျဖစ္တယ္ လို့ မယုံမၾကည္နဲ႔မွတ္ယူစြပ္စြဲခဲ့ၾကပါတယ္။ျပန္လည္က်န္းမာလာတဲ့ Chiu ဟာ အခ်ိန္အေတာ္ၾကာ ေဆး႐ုံဆင္းၿပီးေနာက္ သူ႔အားကယ္တင္ေပးခဲ့တဲ့လူေတြကို ေက်းဇူးတင္ေၾကာင္းေျပာဖို့ ကိတ္မုန္႔တစ္လုံးနဲ႔ ေဆး႐ုံကိုျပန္သြားခဲ့ပါေသးတယ္။ၾကက္သားအသားျပားဆိုတဲ့အသံၾကားၿပီးၿပီခ်င္း နိုးလာတဲ့ ၾကက္သားခ်စ္သူ Chiuလည္း ဒီလိုျပန္လည္နာလန္ထူၿပီးေနာက္ အသက္ရွည္ရွည္နဲ႔က်န္းမာစြာဆက္လက္ေနထိုင္ေနလိမ့္မယ္လို့လည္း ေမၽွာ္လင့္မိပါတယ္။

Mia (Mckzone Daily)

Source : worldofbuzz

Unicode

ထိုင်ဝမ်ရှိ ယာဉ်တိုက်မှုကြောင့်သတိလစ်မေ့မြောနေခဲ့တဲ့ ၁၈ နှစ်အရွယ်ကောင်လေး Chiu ဟာ “မင်းအရမ်းကြိုက်တဲ့ကြက်အသားပြား ဝယ်လာတယ်”ဆိုတဲ့အစ်ကိုဖြစ်သူရဲ့စကားကိုကြားပြီးနောက် Chiu ဟာ မယုံကြည်နိုင်လောက်အောင်ဘဲ နိုးထလာခဲ့ပါတယ်။ထိုင်ဝမ်သတင်းများဖော်ပြချက်အရ အဆိုပါChiu ဟာ စကူဘီဘီးဆိုင်ကယ်မောင်းနေတုန်း မတော်တဆယာဉ်တိုက်မှုတစ်ခုမှာ ပါဝင်ပတ်သက်သွားခဲ့ရပြီး သူ့ရဲ့ကိုယ်တွင်းင်္အဂါ subdural hydrops, pneumothorax၊ သရက်ရွက်၊ ကျောက်ကပ်နဲ့ အသည်းတို့ရဲ့ယိုယွင်းပျက်စီးမှု၊ဝမ်းဗိုက်ပိုင်းဒဏ်ရာရမှု စတဲ့ဒဏ်ရာများစွာ အပြင်းအထန်ရရှိခဲ့တာကြောင့် သူဟာComa ဖြစ်သွားခဲ့ရပါတယ်။Ton Yen အထွေထွေရောဂါကုဆေးရုံကြီးရှိ ICU ဌာနရဲ့ညွှန်ကြားရေးမှူး Hsieh tsung-hsin အဆိုအရ Chiu ကို ဆေးရုံသို့အမြန်ပို့ဆောင်ခဲ့ပြီး အရေးပေါ်ခွဲစိတ်ကုသမှုချက်ချင်းခံယူခဲ့ပေမဲ့လည်း သူဟာအချိန်အတော်ကြာကြာ မေ့မြောသွားခဲ့ပါတယ်။

နှစ်လတာကာလအတွင်း Chiu ဟာခွဲစိတ်ကုသမှုခြောက်ကြိမ် ခံယူခဲ့ရကာ မိသားစုတွေကလည်း သူ့အနားအမြဲရှိနေခဲ့ပြီး သူပြန်လည်နာလန်ထူနိုင်ဖို့အမြဲဆုတောင်းနေခဲ့ကြပါတယ်။Coma ခံစားနေရတဲ့ Chiu ရဲ့၆၂ရက်မြောက်နေ့မှာ သတိလစ်နေတဲ့သူ့ညီအား မင်းအရမ်းကြိုက်တဲ့ကြက်အသားပြားဝယ်လာတယ် လို့စနောက်ပြောခဲ့တဲ့ အစ်ကိုဖြစ်သူရဲ့စကားကြောင့် အံ့ဩစရာကောင်းလောက်အောင်ဘဲ Chiu ရဲ့သွေးခုန်နှုန်းရုတ်တရက်အရှိန်မြင့်လာခဲ့ပြီး သူဟာသတိပြန်ရဖို့စတင်လာခဲ့ပါတယ်။

ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက Chiu ရဲ့အဆုံးစွန်ပြန်လည်နာလန်ထူမှုဟာ ရှင်သန်ဖို့သူ့ရဲ့ခိုင်မာတဲ့အလိုတော်ဖြစ်တယ် လို့ မယုံမကြည်နဲ့မှတ်ယူစွပ်စွဲခဲ့ကြပါတယ်။ပြန်လည်ကျန်းမာလာတဲ့ Chiu ဟာ အချိန်အတော်ကြာ ဆေးရုံဆင်းပြီးနောက် သူ့အားကယ်တင်ပေးခဲ့တဲ့လူတွေကို ကျေးဇူးတင်ကြောင်းပြောဖို့ ကိတ်မုန့်တစ်လုံးနဲ့ ဆေးရုံကိုပြန်သွားခဲ့ပါသေးတယ်။ကြက်သားအသားပြားဆိုတဲ့အသံကြားပြီးပြီချင်း နိုးလာတဲ့ ကြက်သားချစ်သူ Chiuလည်း ဒီလိုပြန်လည်နာလန်ထူပြီးနောက် အသက်ရှည်ရှည်နဲ့ကျန်းမာစွာဆက်လက်နေထိုင်နေလိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ်။

Mia (Mckzone Daily)

  • Leave a Comment