Victoria အမှု တရားခံဟု ရုံးတင်စွပ်​စွဲခံထားရတဲ့ ယာဉ်မောင်း အောင်ကြီးအတွက်​ အကိုဖြစ်​သူ၏​ပေါက်​ကွဲသံ

Victoria လေးရဲ့ သက်ငယ်မုဒိမ်းမှု ကတော့ ပရိသတ်အားလုံး စိတ်ဝင်အစားခံရဆုံး အမှုတစ်ခုလဲဖြစ်ပါတယ်။ တရားခံမတွေ့ပဲ ဇာတ်ကြောရှည်နေတဲ့ သမီးလေးရဲ့ အမှုဟာ ဒီနေ့မှာတော့ တရားခံတွေ့ပြီဆိုပြီးသတင်းတက်လာခဲ့ပါတယ်။ တရားခံက ယာဉ်မောင်းအောင်ကြီးပါဆိုပြီး တက်လာတာပဲဖြစ်ပါတယ်။ ပရိသတ်တွေကတော့ မဖြစ်နိုင်ဘူး လူစားထိုးတာဆိုပြီးဝေဖန်မှုတွေမြင့်တက်နေတာပဲဖြစ်ပါတယ်။

အောင်ကြီးရဲ့ အသိုင်းအဝိုင်းကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး အမှန်တရားအတွက်ချပြလာပါပြီ။”Wisdom Hill ကိစ္စ စဖြစ်ကတည်းကဒရိုင်ဘာအောင်ကြီးရဲ့ အစ်ကိုကြီးဖြစ်သူနဲ့ ဆီကုန်အချိန်ကုန်ခံပီး လိုက်ပါကူညီခဲ့တာပါ။တရားရုံး ကရီမန်ယူတာကအစလိုက်ပါခဲ့တာပါ။ Wisdom Hill ကကြီးကြပ်ရေးမှူးအပါအ၀င် အဲ့ဒီကဆရာမတွေနဲ့ပါ ရဲစခန်းမှာ တွေ့ဖူးတယ်။ ကြီးကြပ်ရေးမှူး ခင်ဗျားဘာမျက်နှာနဲ့ဘာစကားပြောခဲ့တယ် ကိုပညာဆိုတဲ့လူ ဘာစကားပြောခဲ့တယ်ဆိုတာခင်ဗျားတို့အသိဆုံးပါ။ခင်ဗျားတို့ဗျာတော်တော်စုတ်ပဲ့ပီး ဒါပညာတတ်တဲ့လားကွ။အောင်ကြီး လုံးဝ မဖြစ်နိုင်ဘူးဆိုတာ သိတယ်။ ဒါအမှုမှန်ဖေါ်ထုတ်ရာမှာ တော်တော်အောက်တန်းစားဆန်တဲ့ ပြယုဒ်ဘဲ။Wisdom Hill အခုမှတော်တော်ရွံဖို့ကောင်းသွားပီ 🙁 ။သေချာတာကတော့ ဒါတော်တော်စုတ်ပဲ့ပြီးအောက်တန်းကျတာဘဲ။

ကောင်းပီ ဒီည ကျောင်းကြီးကြပ်ရေးမှူး ခင်ဗျား ဘာပြောခဲ့လဲကိုပညာ ရဲစခန်းပေါ်တီကိုအောက်မှာ ခင်ဗျား ဘာပြောခဲ့လဲဆိုတာအကုန် တင်ပြမယ်။ ရှင်းတယ်နော်။၆၆(ဃ) နဲ့တော့မချိန်းခြောက်နဲ့။ကြောက်တဲ့သွေး မိဘကမထည့်ထားပေးခဲ့ဘူး။ခင်ဗျားတို့ပြောတာဘဲတင်ပြမှာ။ ဆိုပြီး လူမှုကွန်ယက်စာမျက်နှာမှာတင်ထားတာဖြစ်ပါတယ်။

credit – celefamily.com

Be the first to comment on "Victoria အမှု တရားခံဟု ရုံးတင်စွပ်​စွဲခံထားရတဲ့ ယာဉ်မောင်း အောင်ကြီးအတွက်​ အကိုဖြစ်​သူ၏​ပေါက်​ကွဲသံ"

Leave a comment

Your email address will not be published.


*