ေအးစိမ့္လြန္းတဲ့ ရာသီဥတုဒဏ္ကို မခံႏိုင္ေတာ့လို႔ ကားအင္ဂ်င္ထဲမွာဝင္ခိုေနမိခဲ့တဲ့ ေၾကာင္ေလးရဲ႕အျဖစ္

အခုအခ်ိန္မွာ ရာသီဥတုစိုစြတ္ၿပီး အေအးမ်ားလာတာေၾကာင့္ ေၾကာင္ေလးေတြဟာ အေအးဒဏ္ခံနိုင္တဲ့အေႏြးဓာတ္ေတြ ရွာေဖြဖို့ လိုအပ္လာပါတယ္။ဒါေၾကာင့္ တစ္ခါတစ္ရံ သူတို့ေတြဟာ ကားအင္ဂ်င္ေတြထဲဝင္ေနတတ္ၾကပါတယ္။မေလးရွားမီးေဘးႏွင့္ကယ္ဆယ္ေရးအဖြဲ႕က ၿပီးခဲ့တဲ့ ေအာက္တိုဘာ ၂၅ရက္ေန႔က မေလးရွားနိုင္ငံ Subangၿမိဳ့ရွိ ကားအင္ဂ်င္ထဲမွာဝင္ေနတဲ့ ေၾကာင္ေပါက္ေလးကို ကယ္ဆယ္ခဲ့ေၾကာင္း သူတို့ရဲ့Facebook pageမွာ ေဖာ္ျပထားပါတယ္။

“Subangၿမိဳ့ Jalan SS15/6Aက ေၾကာင္ေလးကို အထူးဝန္ေဆာင္မွုေပးခဲ့တယ္။ကားအင္ဂ်င္ထဲက ေၾကာင္ကို ကယ္ဆယ္ေရးအဖြဲ႕က ေအာင္ျမင္စြာ ကယ္တင္နိုင္ခဲ့တယ္”လို့ ေရးထားပါတယ္။လြန္ခဲ့တဲ့ရက္သတၱပတ္ေတြေလာက္က မိုးရြာလိုက္မရြာလိုက္ျဖစ္တာေၾကာင့္ တေနရာရာသြားရင္ သင့္ကားပတ္ပတ္လည္သို့မဟုတ္အတြင္းထဲမွာခိုလွုံေနတတ္တဲ့ေၾကာင္ေလးေတြမရွိေနေအာင္ သင္တို့ရဲ့ကားအင္ဂ်င္နဲ႔တာယာေတြေအာက္ကို စစ္ေဆးေပးဖို့ အထူးလိုအပ္ပါတယ္။

အဲ့လိုစစ္ေဆးေပးဖို့က မခက္ခဲေပမဲ့ အေတာ္ေလးအေရးႀကီးပါတယ္။အထူးသျဖင့္ ပစၥည္းေတြနဲ႔ရွုပ္ေနတတ္တဲ့ကားေနရာေတြမွာပါ။ ဘာလို့လဲဆိုေတာ့ ဘယ္သူကမွ အျပစ္မဲ့တိရိစၧာန္ေလးေတြကို မေတာ္တဆမသတ္ျဖတ္လိုၾကတာေၾကာင့္ပါ။ဒီေတာ့ အင္ဂ်င္ထဲဝင္ေနတဲ့ေၾကာင္ေလးကို အျမန္ေတြ႕သြားတဲ့ကားပိုင္ရွင္နဲ႔ အႏၲရာယ္ကင္းကင္းကယ္ထုတ္ေပးခဲ့ၾကတဲ့ ကယ္ဆယ္ေရးအဖြဲ႕ေတြကိုလည္း ေက်းဇူးအထူးတင္မိၿပီး စာဖတ္သူတို့လည္း အိမ္မွာအေကာင္ေလးေတြရွိခဲ့ရင္ အထူးဂ႐ုစိုက္ၾကပါလို့ ေျပာခဲ့ခ်င္ပါတယ္။

Mia (Mckzone Daily)

Source : worldofbuzz

Unicode

အခုအချိန်မှာ ရာသီဥတုစိုစွတ်ပြီး အအေးများလာတာကြောင့် ကြောင်လေးတွေဟာ အအေးဒဏ်ခံနိုင်တဲ့အနွေးဓာတ်တွေ ရှာဖွေဖို့ လိုအပ်လာပါတယ်။ဒါကြောင့် တစ်ခါတစ်ရံ သူတို့တွေဟာ ကားအင်ဂျင်တွေထဲဝင်နေတတ်ကြပါတယ်။မလေးရှားမီးဘေးနှင့်ကယ်ဆယ်ရေးအဖွဲ့က ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ရက်နေ့က မလေးရှားနိုင်ငံ Subangမြို့ရှိ ကားအင်ဂျင်ထဲမှာဝင်နေတဲ့ ကြောင်ပေါက်လေးကို ကယ်ဆယ်ခဲ့ကြောင်း သူတို့ရဲ့Facebook pageမှာ ဖော်ပြထားပါတယ်။

“Subangမြို့ Jalan SS15/6Aက ကြောင်လေးကို အထူးဝန်ဆောင်မှုပေးခဲ့တယ်။ကားအင်ဂျင်ထဲက ကြောင်ကို ကယ်ဆယ်ရေးအဖွဲ့က အောင်မြင်စွာ ကယ်တင်နိုင်ခဲ့တယ်”လို့ ရေးထားပါတယ်။လွန်ခဲ့တဲ့ရက်သတ္တပတ်တွေလောက်က မိုးရွာလိုက်မရွာလိုက်ဖြစ်တာကြောင့် တနေရာရာသွားရင် သင့်ကားပတ်ပတ်လည်သို့မဟုတ်အတွင်းထဲမှာခိုလှုံနေတတ်တဲ့ကြောင်လေးတွေမရှိနေအောင် သင်တို့ရဲ့ကားအင်ဂျင်နဲ့တာယာတွေအောက်ကို စစ်ဆေးပေးဖို့ အထူးလိုအပ်ပါတယ်။

အဲ့လိုစစ်ဆေးပေးဖို့က မခက်ခဲပေမဲ့ အတော်လေးအရေးကြီးပါတယ်။အထူးသဖြင့် ပစ္စည်းတွေနဲ့ရှုပ်နေတတ်တဲ့ကားနေရာတွေမှာပါ။ ဘာလို့လဲဆိုတော့ ဘယ်သူကမှ အပြစ်မဲ့တိရိစ္ဆာန်လေးတွေကို မတော်တဆမသတ်ဖြတ်လိုကြတာကြောင့်ပါ။ဒီတော့ အင်ဂျင်ထဲဝင်နေတဲ့ကြောင်လေးကို အမြန်တွေ့သွားတဲ့ကားပိုင်ရှင်နဲ့ အန္တရာယ်ကင်းကင်းကယ်ထုတ်ပေးခဲ့ကြတဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကိုလည်း ကျေးဇူးအထူးတင်မိပြီး စာဖတ်သူတို့လည်း အိမ်မှာအကောင်လေးတွေရှိခဲ့ရင် အထူးဂရုစိုက်ကြပါလို့ ပြောခဲ့ချင်ပါတယ်။

Mia (Mckzone Daily)

Be the first to comment on "ေအးစိမ့္လြန္းတဲ့ ရာသီဥတုဒဏ္ကို မခံႏိုင္ေတာ့လို႔ ကားအင္ဂ်င္ထဲမွာဝင္ခိုေနမိခဲ့တဲ့ ေၾကာင္ေလးရဲ႕အျဖစ္"

Leave a comment

Your email address will not be published.


*