ဒုကၡေရာက္ခ်ိန္ကူညီကယ္တင္ေပးခဲ့တဲ့ ကယ္တင္႐ွင္ႀကီးကို အျမဲမွတ္မိေနခဲ့တဲ့ သစၥာ႐ွိလြန္းလွတဲ့ လမ္းေဘးေခြးေလး

အျပစ္မဲ့တိရိစၧာန္ေလးေတြကို တစ္ကိုယ္ေကာင္းဆန္တဲ့လူေတြက သူတို့ရဲ့ေပ်ာ္ရႊင္တစ္ခုတည္းအတြက္နဲ႔ အလြဲသုံးစားျပဳလုပ္တတ္တဲ့အေၾကာင္းေတြကို မၾကာခဏၾကားဖူးၾကမွာပါ။Arm ဆိုတဲ့အမ်ိဳးသားဟာ သူ႔ရဲ့႐ုံးေရွ႕မွာထိုင္ေနတုန္း Bobby လို့ေခၚတဲ့ေခြးေလးနဲ႔ပထမဆုံးေတြ႕ဆုံခဲ့ၿပီး ဘီစကစ္အနည္းငယ္ေကၽြးခဲ့တဲ့အေၾကာင္းတခ်ိဳ့ကို Facebook ပိုစ့္တစ္ခုမွာ မၽွေဝခဲ့ပါတယ္။အဲ့ဒီေနာက္ပိုင္း Bobby ေလးဟာ မိုးရြာသည္ျဖစ္ေစ၊ေနသာသည္ျဖစ္ေစ Arm ႐ုံးအလာကို ေစာင့္ဆိုင္းေနခဲ့ၿပီး တစ္ေန႔မွာေတာ့ Armဟာ ခ်ဳံပုတ္ထဲမွာ ပါးနပ္တဲ့Bobbyရဲ့ခ်စ္စဖြယ္ေခြးေပါက္ငါးေကာင္ကို ေတြ႕ရွိခဲ့ရပါတယ္။ကံမေကာင္းစြာနဲ႔ မုန္တိုင္းတစ္ခုေၾကာင့္ သူမရဲ့ေခြးေပါက္စတစ္ေကာင္ ေသဆုံးသြားခဲ့ရၿပီးေနာက္ အလြန္အမင္းစိတ္ပူေနတဲ့Arm ဟာ Bobbyနဲ႔ သူမရဲ့ေခြးေပါက္ေလးေတြအတြက္ ယာယီခိုလွုံနိုင္မယ့္ေနရာတစ္ခုကို ဖန္တီးေပးခဲ့ပါတယ္။

အဆိုပါဖန္တီးေပးမွုဟာ သူ႔အတြက္ အရမ္းစိတ္လွုပ္ရွားဖို့ေကာင္းတဲ့အခိုက္အတန႔္ျဖစ္ေၾကာင္းလည္းဝန္ခံထားပါတယ္။အခ်ိန္အတန္ၾကာၿပီးေနာက္ Arm ဟာ Bobbyနဲ႔သူမရဲ့ေခြးေပါက္အားလုံးကိုဂ႐ုစိုက္ေပးဖို့ဆႏၵရွိေနတဲ့မိသားစုကိုေအာင္ျမင္စြာရွာေဖြနိုင္ခဲ့ၿပီး Bobbyေလးကိုလည္း အထည္တစ္ခုေပးကာ ႏုတ္ဆက္ခဲ့ပါတယ္။Bobby တို့အတြက္အိမ္အသစ္တစ္လုံးရွာေပးခဲ့တဲ့အျပင္ Bobbyနဲ႔သူမရဲ့ေခြးေပါက္ေလးေတြအတြက္ ရန္ပုံေငြစုေဆာင္းနိုင္ဖို့ Bobbyအေၾကာင္းကို Arm က စာအုပ္ထုတ္ေဝခဲ့ပါေသးတယ္။လအနည္းငယ္အၾကာမွာ Armဟာ႐ုပ္ဖ်က္ၿပီး Bobbyတို့ဆီကို အလည္သြားေတာ့ သူ႔ရဲ့လွည့္စားဟန္ေဆာင္မွုကို Bobbyက ခ်က္ခ်င္းရိပ္မိကာ သိသြားခဲ့ပါတယ္။

Arm လုပ္ေပးခဲ့တဲ့အၾကင္နာတရားကို အသိအမွတ္ျပဳေပးေနတဲ့ Bobby နဲ႔အရြယ္ေရာက္ေခြးကေလးေတြရဲ့ပုံကို ေတြ႕ရမွာပါ။Armဟာ Bobbyနဲ႔ေခြးေပါက္ေလးေတြအေပၚ သူ႔ရဲ့တာ၀န္ဝတၱရားေတြမရွိေတာ့ေပမဲ့လည္း သူ႔မိတ္ေဆြေလးေတြအတြက္ လစဥ္လတိုင္းေထာက္ပံ့ေပးေနမယ္ျဖစ္ေၾကာင္း ကတိေပးေျပာၾကားခဲ့ပါေသးတယ္။Armလိုအျပစ္မဲ့သတၱဝါေလးေတြကိုၾကင္နာတတ္တဲ့လူေတြဟာ ကၽြန္ေတာ္တို့လူသားေတြရဲ့ယုံၾကည္မွုေတြကို ျပန္ရဖို့ထိုက္တန္ေနစျမဲပါ။Arm နဲ႔ Bobby တို့အၾကား သံေယာဇဥ္ေႏွာင္ႀကိဳးဟာ ခင္ဗ်ားတို့ရဲ့ႏွလုံးသားကိုေႏြးေထြးေစၿပီး ၂၀၂၀ ျပည့္ႏွစ္မွာ ကၽြန္ေတာ္တို့လူသားအားလုံးအတြက္ အက်ိဳးရွိေစတဲ့စြမ္းအားတစ္ခု ျဖစ္ေနေစမွာပါ။

4

5

6

7

8

9

10

Mia (Mckzone Daily)

Source : worldofbuzz

Unicode

အပြစ်မဲ့တိရိစ္ဆာန်လေးတွေကို တစ်ကိုယ်ကောင်းဆန်တဲ့လူတွေက သူတို့ရဲ့ပျော်ရွှင်တစ်ခုတည်းအတွက်နဲ့ အလွဲသုံးစားပြုလုပ်တတ်တဲ့အကြောင်းတွေကို မကြာခဏကြားဖူးကြမှာပါ။Arm ဆိုတဲ့အမျိုးသားဟာ သူ့ရဲ့ရုံးရှေ့မှာထိုင်နေတုန်း Bobby လို့ခေါ်တဲ့ခွေးလေးနဲ့ပထမဆုံးတွေ့ဆုံခဲ့ပြီး ဘီစကစ်အနည်းငယ်ကျွေးခဲ့တဲ့အကြောင်းတချို့ကို Facebook ပိုစ့်တစ်ခုမှာ မျှဝေခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်း Bobby လေးဟာ မိုးရွာသည်ဖြစ်စေ၊နေသာသည်ဖြစ်စေ Arm ရုံးအလာကို စောင့်ဆိုင်းနေခဲ့ပြီး တစ်နေ့မှာတော့ Armဟာ ချုံပုတ်ထဲမှာ ပါးနပ်တဲ့Bobbyရဲ့ချစ်စဖွယ်ခွေးပေါက်ငါးကောင်ကို တွေ့ရှိခဲ့ရပါတယ်။ကံမကောင်းစွာနဲ့ မုန်တိုင်းတစ်ခုကြောင့် သူမရဲ့ခွေးပေါက်စတစ်ကောင် သေဆုံးသွားခဲ့ရပြီးနောက် အလွန်အမင်းစိတ်ပူနေတဲ့Arm ဟာ Bobbyနဲ့ သူမရဲ့ခွေးပေါက်လေးတွေအတွက် ယာယီခိုလှုံနိုင်မယ့်နေရာတစ်ခုကို ဖန်တီးပေးခဲ့ပါတယ်။

အဆိုပါဖန်တီးပေးမှုဟာ သူ့အတွက် အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတဲ့အခိုက်အတန့်ဖြစ်ကြောင်းလည်းဝန်ခံထားပါတယ်။အချိန်အတန်ကြာပြီးနောက် Arm ဟာ Bobbyနဲ့သူမရဲ့ခွေးပေါက်အားလုံးကိုဂရုစိုက်ပေးဖို့ဆန္ဒရှိနေတဲ့မိသားစုကိုအောင်မြင်စွာရှာဖွေနိုင်ခဲ့ပြီး Bobbyလေးကိုလည်း အထည်တစ်ခုပေးကာ နုတ်ဆက်ခဲ့ပါတယ်။Bobby တို့အတွက်အိမ်အသစ်တစ်လုံးရှာပေးခဲ့တဲ့အပြင် Bobbyနဲ့သူမရဲ့ခွေးပေါက်လေးတွေအတွက် ရန်ပုံငွေစုဆောင်းနိုင်ဖို့ Bobbyအကြောင်းကို Arm က စာအုပ်ထုတ်ဝေခဲ့ပါသေးတယ်။လအနည်းငယ်အကြာမှာ Armဟာရုပ်ဖျက်ပြီး Bobbyတို့ဆီကို အလည်သွားတော့ သူ့ရဲ့လှည့်စားဟန်ဆောင်မှုကို Bobbyက ချက်ချင်းရိပ်မိကာ သိသွားခဲ့ပါတယ်။

Arm လုပ်ပေးခဲ့တဲ့အကြင်နာတရားကို အသိအမှတ်ပြုပေးနေတဲ့ Bobby နဲ့အရွယ်ရောက်ခွေးကလေးတွေရဲ့ပုံကို တွေ့ရမှာပါ။Armဟာ Bobbyနဲ့ခွေးပေါက်လေးတွေအပေါ် သူ့ရဲ့တာဝန်ဝတ္တရားတွေမရှိတော့ပေမဲ့လည်း သူ့မိတ်ဆွေလေးတွေအတွက် လစဉ်လတိုင်းထောက်ပံ့ပေးနေမယ်ဖြစ်ကြောင်း ကတိပေးပြောကြားခဲ့ပါသေးတယ်။Armလိုအပြစ်မဲ့သတ္တဝါလေးတွေကိုကြင်နာတတ်တဲ့လူတွေဟာ ကျွန်တော်တို့လူသားတွေရဲ့ယုံကြည်မှုတွေကို ပြန်ရဖို့ထိုက်တန်နေစမြဲပါ။Arm နဲ့ Bobby တို့အကြား သံယောဇဉ်နှောင်ကြိုးဟာ ခင်ဗျားတို့ရဲ့နှလုံးသားကိုနွေးထွေးစေပြီး ၂၀၂၀ ပြည့်နှစ်မှာ ကျွန်တော်တို့လူသားအားလုံးအတွက် အကျိုးရှိစေတဲ့စွမ်းအားတစ်ခု ဖြစ်နေစေမှာပါ။

Mia (Mckzone Daily)

  • Leave a Comment