Gymဆရာျဖစ္ေနေပမဲ့လည္း သမီးေလးေပ်ာ္ရႊင္ဖို႔ ဘဲေလးဝတ္စုံအျပည့္နဲ႔အကကို ႀကိဳးစားသင္ယူေနခဲ့တဲ့ ဖခင္ (႐ုပ္သံ)

မိဘေတြဟာ သားသမီးေတြေပ်ာ္ရႊင္ေစဖို့အတြက္ ဘယ္လိုအရာကိုမဆို လုပ္ေပးပါလိမ့္မယ္။ဒါေပမဲ့ Tennesseeျပည္နယ္က bodyထိန္းေပးတဲ့gymဆရာ Thanh Tran အမည္ရွိတဲ့အမ်ိုးသားမွာေတာ့ အနက္ေရာင္ဘဲေလးဝတ္စုံဝတ္ဆင္ကာ ဘဲေလးအကကို သူ႔ရဲ့၈ႏွစ္အရြယ္သမီး Adriana Crossနဲ႔အတူ ကေနခဲ့ပါတယ္။Adrianaရဲ့ ဘဲေလးအကသင္တန္းရဲ့သင္တန္းသားေတြက မိဘနဲ႔အတူကရတဲ့ညပြဲမွာ မိခင္ေခၚလာဖို့ သူမကို ေတာင္းဆိုခဲ့ၾကတာပါ။ဒါေပမဲ့ Adriannaရဲ့မိခင္ Rebecca Tranကလည္း ၇လရွိၿပီျဖစ္တဲ့ကိုယ္ဝန္အရင္းအမာႀကီးကို လြယ္ထားေနရတာေၾကာင့္ ကပြဲကိုမတက္ေရာက္နိုင္ခဲ့ပါဘူး။အဲ့လိုနဲ႔ သူမခင္ပြန္းThanhကို ကပြဲလိုက္တက္ေပးဖို့ေတာင္းဆိုေတာ့ အစပိုင္းမွာ ခင္ပြန္းသည္ဟာ ျငင္းဆန္ေနခဲ့ေပမဲ့ ဘဲေလးအကလို့ေျပာလိုက္ေတာ့”အိုး တကယ္လား”လို့ဆိုၿပီး အလြယ္တကူ သေဘာတူခဲ့ပါတယ္။

ဘဲေလးဝတ္စုံဝတ္ရဖို့ စိတ္လွုပ္ရွားေနခဲ့ၿပီး Adriana ရဲ့ေဘးမွာအျမဲရွိကာ မၾကာခဏသူမနဲ႔အတူ ဘာဘီအ႐ုပ္ေလးေတြကစားေနက် Thanhကေတာ့ သမီးျဖစ္သူရယ္ေမာဖို့ အခြင့္အေရးကို လက္လႊတ္မခံခဲ့ပါဘူး။အံ့ဩစရာေကာင္းတဲ့ဘဲေလးဝတ္စုံဝတ္ဆင္ထားတဲ့Thanhဟာ ရွက္မေနဘဲ သင္တန္းသားေတြနဲ႔မိဘေတြေရွ႕မွာ ျပဳံးျပဳံးႀကီးနဲ႔ အကကိုႀကိဳးစားကကာ ဟန္ခ်က္ညီဖို့ဘဲ အာ႐ုံေရာက္ေနခဲ့ပါတယ္။”သူကေတာ့ အေထြေထြအထူးထူးမရွိဘဲ ဘဲေလးအကၤ်ီကို ဝတ္ၿပီးဝင္သြားလိုက္တာဘဲ ဒါမဲ့ လူတိုင္းကသူ႔ကို ဝိုင္းၾကည့္ေနၾကေတာ့ သူမရယ္မိဖို့အေသႀကိဳးစားလိုက္ေသးတယ္ သူကအဲ့တိုင္းဘဲေလၽွာက္သြားခဲ့ေပမဲ့ အဲ့တာက လူေတြရဲ့တေန႔တာကို ေပ်ာ္ရႊင္သြားေစမယ္လို့ ကၽြန္မထင္တယ္”လို့ ဇနီးျဖစ္သူက ဆိုထားပါတယ္။

ဗီဒီယိုထဲမွာေတာ့ သမီးျဖစ္သူက ဆရာမညႊန္ၾကားတဲ့အတိုင္း လိုက္ကရင္း အေလးအနက္အာ႐ုံစိုက္ေနခဲ့ေပမဲ့ ေဘးကအေဖကေတာ့ ဟန္ညီဖို့ႀကိဳးစားရင္း ခက္ခက္ခဲခဲလိုက္ကေနခဲ့ပါတယ္။ဒါေပမဲ့ Adrianaကေတာ့ သူမဖခင္ကိုၾကည့္ၿပီး မရယ္မိဖို့ႀကိဳးစားေနတာကိုပါ ေတြ႕လိုက္ရပါတယ္။အဆိုပါဗီဒီယိုကို ၾကည့္လိုက္ရတဲ့မိဘေတြကေတာ့ Thanhကို ခ်စ္ဖို့အေကာင္းဆုံးအေဖအျဖစ္ ခ်ီးက်ဴးေျပာဆိုခဲ့ၾကပါတယ္။မိဘတိုင္းဟာ သားသမီးေတြအေပၚ ဘယ္ေတာ့မွ တာဝန္မပ်က္ကြက္တတ္ပါဘူး။သန္မာတဲ့gymဆရာတစ္ဦးျဖစ္ေပမဲ့ ႏြဲ႕ေႏွာင္းတဲ့အကကိုႀကိဳးစားကေနတဲ့Thanh ကိုၾကည့္ျခင္းအားျဖင့္ ဖခင္တစ္ေယာက္ရဲ့သမီးအေပၚထားတဲ့ ခ်စ္ျခင္းေမတၱာဘယ္ေလာက္ႀကီးမားတယ္ဆိုတာကို အထင္သားေတြ႕ျမင္ၾကမွာပါ။

Mia (Mckzone Daily)

Source : nextshark

Unicode

မိဘတွေဟာ သားသမီးတွေပျော်ရွှင်စေဖို့အတွက် ဘယ်လိုအရာကိုမဆို လုပ်ပေးပါလိမ့်မယ်။ဒါပေမဲ့ Tennesseeပြည်နယ်က bodyထိန်းပေးတဲ့gymဆရာ Thanh Tran အမည်ရှိတဲ့အမျိုးသားမှာတော့ အနက်ရောင်ဘဲလေးဝတ်စုံဝတ်ဆင်ကာ ဘဲလေးအကကို သူ့ရဲ့၈နှစ်အရွယ်သမီး Adriana Crossနဲ့အတူ ကနေခဲ့ပါတယ်။Adrianaရဲ့ ဘဲလေးအကသင်တန်းရဲ့သင်တန်းသားတွေက မိဘနဲ့အတူကရတဲ့ညပွဲမှာ မိခင်ခေါ်လာဖို့ သူမကို တောင်းဆိုခဲ့ကြတာပါ။ဒါပေမဲ့ Adriannaရဲ့မိခင် Rebecca Tranကလည်း ၇လရှိပြီဖြစ်တဲ့ကိုယ်ဝန်အရင်းအမာကြီးကို လွယ်ထားနေရတာကြောင့် ကပွဲကိုမတက်ရောက်နိုင်ခဲ့ပါဘူး။အဲ့လိုနဲ့ သူမခင်ပွန်းThanhကို ကပွဲလိုက်တက်ပေးဖို့တောင်းဆိုတော့ အစပိုင်းမှာ ခင်ပွန်းသည်ဟာ ငြင်းဆန်နေခဲ့ပေမဲ့ ဘဲလေးအကလို့ပြောလိုက်တော့”အိုး တကယ်လား”လို့ဆိုပြီး အလွယ်တကူ သဘောတူခဲ့ပါတယ်။

ဘဲလေးဝတ်စုံဝတ်ရဖို့ စိတ်လှုပ်ရှားနေခဲ့ပြီး Adriana ရဲ့ဘေးမှာအမြဲရှိကာ မကြာခဏသူမနဲ့အတူ ဘာဘီအရုပ်လေးတွေကစားနေကျ Thanhကတော့ သမီးဖြစ်သူရယ်မောဖို့ အခွင့်အရေးကို လက်လွှတ်မခံခဲ့ပါဘူး။အံ့ဩစရာကောင်းတဲ့ဘဲလေးဝတ်စုံဝတ်ဆင်ထားတဲ့Thanhဟာ ရှက်မနေဘဲ သင်တန်းသားတွေနဲ့မိဘတွေရှေ့မှာ ပြုံးပြုံးကြီးနဲ့ အကကိုကြိုးစားကကာ ဟန်ချက်ညီဖို့ဘဲ အာရုံရောက်နေခဲ့ပါတယ်။”သူကတော့ အထွေထွေအထူးထူးမရှိဘဲ ဘဲလေးအင်္ကျီကို ဝတ်ပြီးဝင်သွားလိုက်တာဘဲ ဒါမဲ့ လူတိုင်းကသူ့ကို ဝိုင်းကြည့်နေကြတော့ သူမရယ်မိဖို့အသေကြိုးစားလိုက်သေးတယ် သူကအဲ့တိုင်းဘဲလျှောက်သွားခဲ့ပေမဲ့ အဲ့တာက လူတွေရဲ့တနေ့တာကို ပျော်ရွှင်သွားစေမယ်လို့ ကျွန်မထင်တယ်”လို့ ဇနီးဖြစ်သူက ဆိုထားပါတယ်။

ဗီဒီယိုထဲမှာတော့ သမီးဖြစ်သူက ဆရာမညွှန်ကြားတဲ့အတိုင်း လိုက်ကရင်း အလေးအနက်အာရုံစိုက်နေခဲ့ပေမဲ့ ဘေးကအဖေကတော့ ဟန်ညီဖို့ကြိုးစားရင်း ခက်ခက်ခဲခဲလိုက်ကနေခဲ့ပါတယ်။ဒါပေမဲ့ Adrianaကတော့ သူမဖခင်ကိုကြည့်ပြီး မရယ်မိဖို့ကြိုးစားနေတာကိုပါ တွေ့လိုက်ရပါတယ်။အဆိုပါဗီဒီယိုကို ကြည့်လိုက်ရတဲ့မိဘတွေကတော့ Thanhကို ချစ်ဖို့အကောင်းဆုံးအဖေအဖြစ် ချီးကျူးပြောဆိုခဲ့ကြပါတယ်။မိဘတိုင်းဟာ သားသမီးတွေအပေါ် ဘယ်တော့မှ တာဝန်မပျက်ကွက်တတ်ပါဘူး။သန်မာတဲ့gymဆရာတစ်ဦးဖြစ်ပေမဲ့ နွဲ့နှောင်းတဲ့အကကိုကြိုးစားကနေတဲ့Thanh ကိုကြည့်ခြင်းအားဖြင့် ဖခင်တစ်ယောက်ရဲ့သမီးအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာဘယ်လောက်ကြီးမားတယ်ဆိုတာကို အထင်သားတွေ့မြင်ကြမှာပါ။

Mia (Mckzone Daily)

Be the first to comment on "Gymဆရာျဖစ္ေနေပမဲ့လည္း သမီးေလးေပ်ာ္ရႊင္ဖို႔ ဘဲေလးဝတ္စုံအျပည့္နဲ႔အကကို ႀကိဳးစားသင္ယူေနခဲ့တဲ့ ဖခင္ (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*