ပုံပ်က္ေနတဲ့မ်က္ႏွာအေနအထားေၾကာင့္သိမ္ငယ္ခဲ့ေပမဲ့ ခြဲစိတ္ျပဳျပင္မႈျပဳလုပ္ၿပီး မယုံႏိုင္ေလာက္ေအာင္ေျပာင္းလဲခဲ့တဲ့ အမ်ိဳးသား (႐ုပ္သံ)

ထိုင္းနိုင္ငံရွိ တီဗြီအစီအစဥ္တစ္ခုဟာ အမ်ိဳးသားအထည္ခ်ဳပ္လုပ္သားတစ္ဦးအား ၿပီးျပည့္စုံေအာင္ျပဳျပင္ေပးခဲ့ၿပီး သူ႔အေမမသိတဲ့လူတစ္ေယာက္အျဖစ္ေျပာင္းလဲေစခဲ့ပါတယ္။ကိုးရီးယားမွာေရပန္းစားတဲ့ Makeover TV စီးရီးရဲ့ထိုင္းversion ျဖစ္တဲ့ “ Let Me In Thailand” အစီအစဥ္မွာ ၂၂ ႏွစ္အရြယ္ Noppajit Monlinအမည္ရွိအမ်ိဳးသားဟာ Plastic Surgery မ်ားစြာျပဳလုပ္ခဲ့ၿပီး သူ႔ကိုယ္သူေတာင္မမွတ္မိေလာက္ေတာ့တဲ့အထိေျပာင္းလဲပစ္ခဲ့ပါတယ္။ပုံပ်က္ေနတဲ့ေမးရိုးဟာ အစာစားခ်ိန္မွာျပႆနာျဖစ္ေစတာေၾကာင့္ သူ႔ရဲ့အသြင္အျပင္ကိုေျပာင္းလဲပစ္ဖို့ Monlin က ႀကိဳးစားခဲ့တာပါ။Monlin ဟာ တနဂၤေႏြေန႔တိုင္းထုတ္လႊင့္တဲ့အဆိုပါအစီအစဥ္ရဲ့ Season 3 premiere မွာပါ၀င္ခဲ့ၿပီး သူ႔ရဲ့အျဖစ္အပ်က္ေတြေၾကာင့္ သူဟာေမးရိုး၊နဖူးႏွင့္မ်က္ခြံတို့ကို ခြဲစိတ္မွုမ်ားစြာျပဳလုပ္ဖို့ ေတာင္ကိုးရီးယားနိုင္ငံသို့ေစလႊတ္ခံခဲ့ရပါတယ္။သူဟာ သူ႔ရဲ့ေမးရိုးျပဳျပင္ဖို့ botoxေဆးေတြထိုးခဲ့ၿပီး အေရျပားကုသမွုကိုပါခံယူခဲ့ကာ သူ႔ရဲ့မ်က္ႏွာအျပစ္အနာအဆာေတြကိုလည္း ရွင္းလင္းဖယ္ရွားခဲ့ပါတယ္။

သုံးလအၾကာမွာျပန္လည္ေကာင္းမြန္လာတဲ့ Monlin ဟာ ခြဲစိတ္ကုသမွုအၿပီး ပထမဆုံးအႀကိမ္အျဖစ္ သူ႔ရဲ့မိခင္နဲ႔ေတြ႕ဆုံဖို့စီစဥ္ခဲ့ပါတယ္။ဒါေပမယ့္ မိခင္ျဖစ္သူဟာ သူ႔နဲ႔မ်က္ေစာင္းထိုးစားပြဲမွာထိုင္ေနတဲ့သားျဖစ္သူကိုခ်က္ခ်င္းမမွတ္မိခဲ့ပါဘူး။”ငါသူ႔ကိုတကယ္လြမ္းတယ္၊ ငါဟန္ေဆာင္ေနတာမဟုတ္ဘူး”လို့ ေျပာေနတဲ့မိခင္မ်က္ရည္မက်ခင္ Monlinဟာ ထိုင္ရာကေနထလာကာ မိခင္ျဖစ္သူနားခ်ဥ္းကပ္လာကာ”အေမ ကၽြန္ေတာ့္ကိုမွတ္မိလား၊ကၽြန္ေတာ့္ကိုၾကည့္ပါအုံး”လို့ေမးခဲ့ပါတယ္။”တကယ္ သားလား ေသခ်ာလား” လို့ မိခင္ျဖစ္သူက မယုံမၾကည္ေမးခဲ့ပါတယ္။”အရင္က ကၽြန္ေတာ့္မ်က္ႏွာအေနအထားပုံမွန္မဟုတ္တဲ့အတြက္ လူ႔အဖြဲ႕အစည္းကကၽြန္ေတာ့္ကိုလက္မခံခဲ့ၾကဘူး၊အခုေတာ့ကၽြန္ေတာ့္မွာသူငယ္ခ်င္းေတြပိုမ်ားလာၿပီ”လို့ Monlin က ဆိုခဲ့ပါတယ္။

လုပ္ထုံးလုပ္နည္းေတြက သူ႔ဘဝအေပၚအႀကီးအက်ယ္အက်ိဳးသက္ေရာက္ေစတယ္လို့လည္းဆိုထားပါတယ္။သူ႔ရဲ့႐ုပ္ရည္အသြင္အျပင္အသစ္နဲ႔ ေအာင္ျမင္ေက်ာ္ၾကားသူအျဖစ္ ေနထိုင္ျဖတ္သန္းသြားနိုင္ေပမဲ့လည္း Monlinဟာ သူ႔နဲ႔သုံးႏွစ္ၾကာခ်ိန္းေတြ႕ခဲ့တဲ့ ၂၆ ႏွစ္အရြယ္Tob အမည္ရွိတဲ့လိင္ေျပာင္းခ်စ္သူအေပၚ သူ႔ရဲ့ခ်စ္ျခင္းေမတၱာေတြက ေျပာင္းလဲသြားမွာမဟုတ္ေၾကာင္းလည္းေျပာၾကားခဲ့ပါတယ္။Tobက သူ႔ကိုအျမဲဂ႐ုစိုက္ေပးၿပီး သူတို့ႏွစ္ဦးဟာ စတြဲကတည္းက တစ္ဦးေပၚတစ္ဦးယုံၾကည္ကာ သစၥာရွိခဲ့ၾကတာပါ။Tobက အမ်ိဳးသမီးစင္စစ္တစ္ဦးမဟုတ္ေပမဲ့လည္း သူ႔အတြက္ကေတာ့အေကာင္းဆုံးအမ်ိဳးသမီးျဖစ္ေၾကာင္းလည္း ေျပာၾကားခဲ့ပါေသးတယ္။

4

5

6

7

Mia (Mckzone Daily)

Source : nextshark

Unicode

ထိုင်းနိုင်ငံရှိ တီဗွီအစီအစဉ်တစ်ခုဟာ အမျိုးသားအထည်ချုပ်လုပ်သားတစ်ဦးအား ပြီးပြည့်စုံအောင်ပြုပြင်ပေးခဲ့ပြီး သူ့အမေမသိတဲ့လူတစ်ယောက်အဖြစ်ပြောင်းလဲစေခဲ့ပါတယ်။ကိုးရီးယားမှာရေပန်းစားတဲ့ Makeover TV စီးရီးရဲ့ထိုင်းversion ဖြစ်တဲ့ “ Let Me In Thailand” အစီအစဉ်မှာ ၂၂ နှစ်အရွယ် Noppajit Monlinအမည်ရှိအမျိုးသားဟာ Plastic Surgery များစွာပြုလုပ်ခဲ့ပြီး သူ့ကိုယ်သူတောင်မမှတ်မိလောက်တော့တဲ့အထိပြောင်းလဲပစ်ခဲ့ပါတယ်။ပုံပျက်နေတဲ့မေးရိုးဟာ အစာစားချိန်မှာပြဿနာဖြစ်စေတာကြောင့် သူ့ရဲ့အသွင်အပြင်ကိုပြောင်းလဲပစ်ဖို့ Monlin က ကြိုးစားခဲ့တာပါ။Monlin ဟာ တနင်္ဂနွေနေ့တိုင်းထုတ်လွှင့်တဲ့အဆိုပါအစီအစဉ်ရဲ့ Season 3 premiere မှာပါဝင်ခဲ့ပြီး သူ့ရဲ့အဖြစ်အပျက်တွေကြောင့် သူဟာမေးရိုး၊နဖူးနှင့်မျက်ခွံတို့ကို ခွဲစိတ်မှုများစွာပြုလုပ်ဖို့ တောင်ကိုးရီးယားနိုင်ငံသို့စေလွှတ်ခံခဲ့ရပါတယ်။သူဟာ သူ့ရဲ့မေးရိုးပြုပြင်ဖို့ botoxဆေးတွေထိုးခဲ့ပြီး အရေပြားကုသမှုကိုပါခံယူခဲ့ကာ သူ့ရဲ့မျက်နှာအပြစ်အနာအဆာတွေကိုလည်း ရှင်းလင်းဖယ်ရှားခဲ့ပါတယ်။

သုံးလအကြာမှာပြန်လည်ကောင်းမွန်လာတဲ့ Monlin ဟာ ခွဲစိတ်ကုသမှုအပြီး ပထမဆုံးအကြိမ်အဖြစ် သူ့ရဲ့မိခင်နဲ့တွေ့ဆုံဖို့စီစဉ်ခဲ့ပါတယ်။ဒါပေမယ့် မိခင်ဖြစ်သူဟာ သူ့နဲ့မျက်စောင်းထိုးစားပွဲမှာထိုင်နေတဲ့သားဖြစ်သူကိုချက်ချင်းမမှတ်မိခဲ့ပါဘူး။”ငါသူ့ကိုတကယ်လွမ်းတယ်၊ ငါဟန်ဆောင်နေတာမဟုတ်ဘူး”လို့ ပြောနေတဲ့မိခင်မျက်ရည်မကျခင် Monlinဟာ ထိုင်ရာကနေထလာကာ မိခင်ဖြစ်သူနားချဉ်းကပ်လာကာ”အမေ ကျွန်တော့်ကိုမှတ်မိလား၊ကျွန်တော့်ကိုကြည့်ပါအုံး”လို့မေးခဲ့ပါတယ်။”တကယ် သားလား သေချာလား” လို့ မိခင်ဖြစ်သူက မယုံမကြည်မေးခဲ့ပါတယ်။”အရင်က ကျွန်တော့်မျက်နှာအနေအထားပုံမှန်မဟုတ်တဲ့အတွက် လူ့အဖွဲ့အစည်းကကျွန်တော့်ကိုလက်မခံခဲ့ကြဘူး၊အခုတော့ကျွန်တော့်မှာသူငယ်ချင်းတွေပိုများလာပြီ”လို့ Monlin က ဆိုခဲ့ပါတယ်။

လုပ်ထုံးလုပ်နည်းတွေက သူ့ဘဝအပေါ်အကြီးအကျယ်အကျိုးသက်ရောက်စေတယ်လို့လည်းဆိုထားပါတယ်။သူ့ရဲ့ရုပ်ရည်အသွင်အပြင်အသစ်နဲ့ အောင်မြင်ကျော်ကြားသူအဖြစ် နေထိုင်ဖြတ်သန်းသွားနိုင်ပေမဲ့လည်း Monlinဟာ သူ့နဲ့သုံးနှစ်ကြာချိန်းတွေ့ခဲ့တဲ့ ၂၆ နှစ်အရွယ်Tob အမည်ရှိတဲ့လိင်ပြောင်းချစ်သူအပေါ် သူ့ရဲ့ချစ်ခြင်းမေတ္တာတွေက ပြောင်းလဲသွားမှာမဟုတ်ကြောင်းလည်းပြောကြားခဲ့ပါတယ်။Tobက သူ့ကိုအမြဲဂရုစိုက်ပေးပြီး သူတို့နှစ်ဦးဟာ စတွဲကတည်းက တစ်ဦးပေါ်တစ်ဦးယုံကြည်ကာ သစ္စာရှိခဲ့ကြတာပါ။Tobက အမျိုးသမီးစင်စစ်တစ်ဦးမဟုတ်ပေမဲ့လည်း သူ့အတွက်ကတော့အကောင်းဆုံးအမျိုးသမီးဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါသေးတယ်။

Mia (Mckzone Daily)

Be the first to comment on "ပုံပ်က္ေနတဲ့မ်က္ႏွာအေနအထားေၾကာင့္သိမ္ငယ္ခဲ့ေပမဲ့ ခြဲစိတ္ျပဳျပင္မႈျပဳလုပ္ၿပီး မယုံႏိုင္ေလာက္ေအာင္ေျပာင္းလဲခဲ့တဲ့ အမ်ိဳးသား (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*