ေခြးေလးရဲ႕ ေဆးကုသစရိတ္ေစ်းႀကီးလြန္းလို႔ဆိုၿပီး ေခြးကိုေဆးခန္းမွာတင္႐ိုက္သတ္ဖို႔ႀကိဳးစားခဲ့တဲ့ ေခြးပိုင္႐ွင္ (႐ုပ္/သံ)

အိမ္ေမြးတိရစာၦန္ေတြကိုျပဳစုေစာင့္ေ႐ွာက္တာဟာ အမွန္တကယ္ေတာ့ကေလးငယ္တစ္ေယာက္ကို ျပဳစုေစာင့္ေ႐ွာက္ေနရသလိုပါပဲ ။ သူတို႔ေလးေတြ က်န္းမာၿပီးသန္စြမ္းေအာင္ အစားအစာေတြ ၊ ေဆးဝါးေတြနဲ႔ ဂ႐ုစိုက္ရမွာက အိမ္ေမြးတိရစာၦန္ပိုင္႐ွင္ေတြရဲ႕တာဝန္ပါ ။ ေသခ်ာသေလာက္ကေတာ့ သူတို႔ရဲ႕ေဆးကုသစရိတ္ေတြေၾကာင့္ ပိုင္႐ွင္ေတြကတစ္ခါတစ္ေလေတာ့ ညည္းညဴ မိၾကမွာပါပဲေလ ။ သို႔ေပမဲ့လည္း တ႐ုတ္ႏိုင္ငံကအမ်ိဳးသားတစ္ေယာက္ကေတာ့ အိမ္ေမြးတိရစာၦန္ေတြကိုေမြးဖို႔က သူ႔နဲ့လံုးဝမထိုက္တန္ဘူးဆိုတာကို သက္ေသျပလိုက္သလိုပါပဲ ။ အဆိုပါဆိုးဝါးလြန္းတဲ့ Video ကိုေတာ့ CCTV မွတ္တမ္းကေန ရယူခဲ့ၾကတာျဖစ္ၿပီး အဆိုပါအျဖစ္အပ်က္ဟာ ၿပီးခဲ့တဲ့ေအာက္တိုဘာလ 5ရက္ေန႔ ၊ ညေန 6:50 အခ်ိန္ခန္႔မွာျဖစ္ပြားခဲ့တာျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။

Video ထဲမွာေခြးပိုင္႐ွင္အမ်ိဳးသားတစ္ဦးႏွင့္ သူ၏သမီးျဖစ္သူတို႔ဟာ အနက္ေရာင္ေခြးေလးကိုေပြ႔ခ်ီၿပီး အိမ္ေမြးတိရစာၦန္ေဆးခန္းသို႔ေရာက္႐ွိလာခဲ့ၾကတာပါ ။ ေဆးခန္းမွဝန္ထမ္းတစ္ဦးက ေခြးေလးကိုေပြ ့ခ်ီၿပီးေလွာင္အိမ္အတြင္းထဲ့ထားဖို႔လုပ္ေနခ်ိန္မွာပဲ ေခြးပိုင္႐ွင္အမ်ိဳးသားကိုေခြးေလးကိုဆတ္ခနဲ႔ ဆြဲယူၿပီး အားအင္အျပည့္နဲ႔ျပင္းျပင္းထန္ထန္ေခြးေလးကိုၾကမ္းျပင္ေပၚသို႔ပစ္ေပါက္လိုက္ပါေတာ့တယ္ ။ အဆိုပါဝန္ထမ္း ႏွင့္ သမီးျဖစ္သူတို႔ဟာ အံ့ၾသထိတ္လန္႔လြန္းၿပီးရပ္ၾကည့္ေနခ်ိန္မွာပဲ ၎အမ်ိဳးသားဟာ အကူအညီမဲ့ေနတဲ့ေခြးေလးရဲ႕ ဦးေခါင္းႏွင့္ လည္ပင္းတို႔ကို ေဆာင့္နင္းၿပီး ကန္ေက်ာက္ပစ္ခဲ့ပါတယ္ ။

ခ်က္ခ်င္းပဲ ကေလးမေလးဟာ ၎အမ်ိဳးသားကိုခ်က္ခ်င္းဝင္တားၿပီး ေခြးေလးရဲ႕အေဝးသို႔တြန္႔ပို႔ခဲ့ပါတယ္ ။ ေဆးခန္းမွဝန္ထမ္းမွာလည္း ေခြးေလးကိုေနာက္ထပ္မႏွိပ္စက္ေအာင္အဆိုပါအမ်ိဳးသားကို ဝင္ေရာက္တားျမစ္ခဲ့ပါေတာ့တယ္။ အဆိုပါ Video ကို Facebook စာမ်က္ႏွာေပၚမွာ ေဆးကုသစရိတ္ကေတာ္ေတာ္မ်ားလြန္းလို႔ေခြးေလးကိုသတ္ပစ္ခ်င္ေနတဲ့အမ်ိဳးသား ဆိုတဲ့ေခါင္းစဥ္နဲ႔ေဝမ်ွခဲ့ပါတယ္ ။

႐ိုက္ႏွက္ႏွိပ္စက္ခံရၿပီးေနာက္ေခြးေလးမွာ ဘာဆက္ၿပီးျဖစ္ခဲ့လဲဆိုတာကေတာ့ ေသခ်ာမသိရသလို ၊ အဆိုပါေခြးပိုင္႐ွင္အမ်ိဳးသားမွာလည္း သူ၏လုပ္ရပ္ေၾကာင့္မည္သို႔ အျပစ္ေပးခံခဲ့ရလဲဆိုတာကိုေတာ့ သိ႐ွိရျခင္းမိ်ဳးမ႐ွိခဲ့ပါဘူး ။ ေခြးေလးအဆင္ေျပဖို႔နဲ႔ သူ႔ကိုအမွန္တကယ္ခ်စ္ျပီးလက္ခံေပးႏိုင္တဲ့ပိုင္႐ွင္မ်ိဳးနဲ႔သာ ဆံုစည္းႏိုင္ဖို႔ေမ်ွာ္လင့္ရမွာပါပဲေလ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အိမ်မွေးတိရစ္ဆာန်တွေကိုပြုစုစောင့်ရှောက်တာဟာ အမှန်တကယ်တော့ကလေးငယ်တစ်ယောက်ကို ပြုစုစောင့်ရှောက်နေရသလိုပါပဲ ။ သူတို့လေးတွေ ကျန်းမာပြီးသန်စွမ်းအောင် အစားအစာတွေ ၊ ဆေးဝါးတွေနဲ့ ဂရုစိုက်ရမှာက အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်တွေရဲ့တာဝန်ပါ ။ သေချာသလောက်ကတော့ သူတို့ရဲ့ဆေးကုသစရိတ်တွေကြောင့် ပိုင်ရှင်တွေကတစ်ခါတစ်လေတော့ ညည်းညူ မိကြမှာပါပဲလေ ။ သို့ပေမဲ့လည်း တရုတ်နိုင်ငံကအမျိုးသားတစ်ယောက်ကတော့ အိမ်မွေးတိရစ္ဆာန်တွေကိုမွေးဖို့က သူ့နဲ့လုံးဝမထိုက်တန်ဘူးဆိုတာကို သက်သေပြလိုက်သလိုပါပဲ ။ အဆိုပါဆိုးဝါးလွန်းတဲ့ Video ကိုတော့ CCTV မှတ်တမ်းကနေ ရယူခဲ့ကြတာဖြစ်ပြီး အဆိုပါအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့အောက်တိုဘာလ 5ရက်နေ့ ၊ ညနေ 6:50 အချိန်ခန့်မှာဖြစ်ပွားခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။

Video ထဲမှာခွေးပိုင်ရှင်အမျိုးသားတစ်ဦးနှင့် သူ၏သမီးဖြစ်သူတို့ဟာ အနက်ရောင်ခွေးလေးကိုပွေ့ချီပြီး အိမ်မွေးတိရစ္ဆာန်ဆေးခန်းသို့ရောက်ရှိလာခဲ့ကြတာပါ ။ ဆေးခန်းမှဝန်ထမ်းတစ်ဦးက ခွေးလေးကိုပွေ့ချီပြီးလှောင်အိမ်အတွင်းထဲ့ထားဖို့လုပ်နေချိန်မှာပဲ ခွေးပိုင်ရှင်အမျိုးသားကိုခွေးလေးကိုဆတ်ခနဲ့ ဆွဲယူပြီး အားအင်အပြည့်နဲ့ပြင်းပြင်းထန်ထန်ခွေးလေးကိုကြမ်းပြင်ပေါ်သို့ပစ်ပေါက်လိုက်ပါတော့တယ် ။ အဆိုပါဝန်ထမ်း နှင့် သမီးဖြစ်သူတို့ဟာ အံ့သြထိတ်လန့်လွန်းပြီးရပ်ကြည့်နေချိန်မှာပဲ ၎င်းအမျိုးသားဟာ အကူအညီမဲ့နေတဲ့ခွေးလေးရဲ့ ဦးခေါင်းနှင့် လည်ပင်းတို့ကို ဆောင့်နင်းပြီး ကန်ကျောက်ပစ်ခဲ့ပါတယ် ။

ချက်ချင်းပဲ ကလေးမလေးဟာ ၎င်းအမျိုးသားကိုချက်ချင်းဝင်တားပြီး ခွေးလေးရဲ့အဝေးသို့တွန့်ပို့ခဲ့ပါတယ် ။ ဆေးခန်းမှဝန်ထမ်းမှာလည်း ခွေးလေးကိုနောက်ထပ်မနှိပ်စက်အောင်အဆိုပါအမျိုးသားကို ဝင်ရောက်တားမြစ်ခဲ့ပါတော့တယ်။ အဆိုပါ Video ကို Facebook စာမျက်နှာပေါ်မှာ ဆေးကုသစရိတ်ကတော်တော်များလွန်းလို့ခွေးလေးကိုသတ်ပစ်ချင်နေတဲ့အမျိုးသား ဆိုတဲ့ခေါင်းစဉ်နဲ့ဝေမျှခဲ့ပါတယ် ။

ရိုက်နှက်နှိပ်စက်ခံရပြီးနောက်ခွေးလေးမှာ ဘာဆက်ပြီးဖြစ်ခဲ့လဲဆိုတာကတော့ သေချာမသိရသလို ၊ အဆိုပါခွေးပိုင်ရှင်အမျိုးသားမှာလည်း သူ၏လုပ်ရပ်ကြောင့်မည်သို့ အပြစ်ပေးခံခဲ့ရလဲဆိုတာကိုတော့ သိရှိရခြင်းမျိုးမရှိခဲ့ပါဘူး ။ ခွေးလေးအဆင်ပြေဖို့နဲ့ သူ့ကိုအမှန်တကယ်ချစ်ပြီးလက်ခံပေးနိုင်တဲ့ပိုင်ရှင်မျိုးနဲ့သာ ဆုံစည်းနိုင်ဖို့မျှော်လင့်ရမှာပါပဲလေ ။

Jasmine (Mckzone Daily)

Be the first to comment on "ေခြးေလးရဲ႕ ေဆးကုသစရိတ္ေစ်းႀကီးလြန္းလို႔ဆိုၿပီး ေခြးကိုေဆးခန္းမွာတင္႐ိုက္သတ္ဖို႔ႀကိဳးစားခဲ့တဲ့ ေခြးပိုင္႐ွင္ (႐ုပ္/သံ)"

Leave a comment

Your email address will not be published.


*