သတို႔သမီး နဲ႔လမ္းခြဲျပတ္စဲၿပီးေနာက္ “ငါ့ကိုယ္ငါခ်စ္တယ္”ဆိုၿပီး ကိုယ့္ကိုယ္ကိုျပန္လက္ထပ္ခဲ့တဲ့ အမ်ိဳးသား

ဒီBrazilနိုင္ငံသားအမ်ိဳးသားဟာ ေနရာတိုင္းမွာရွိတဲ့single ေလးေတြရဲ့စံျပပုဂၢိဳလ္တစ္ဦးျဖစ္ေကာင္းျဖစ္ေနနိုင္ပါတယ္။အသက္၃၃ႏွစ္အရြယ္ Diogo Rabeloအမည္ရွိေဒါက္တာတစ္ဦးဟာ Brazilနိုင္ငံ Bahiaျပည္နယ္ Itacaréၿမိဳ့ရွိအပန္းေျဖစခန္းတစ္ခုမွာ သူ႔ရဲ့ေဆြမ်ိဳးမိဘေတြတက္ေရာက္ခဲ့တဲ့ သူ႔ကိုယ္သူျပန္လက္ထပ္တဲ့ပြဲကို က်င္းပခဲ့ၿပီးေနာက္ social media မွာ လူသိမ်ားသြားခဲ့ပါတယ္။သူဟာသူ႔သတို့သမီးနဲ႔အႀကိမ္ေပါင္းမနည္းစကားမ်ားရန္ျဖစ္ခဲ့ၿပီး သူ႔တို့ရဲ့ေစ့စပ္ထားျခင္းကို ျဖတ္သိမ္းကာလမ္းခြဲခဲ့ၾကၿပီးေနာက္ စီစဥ္ထားခဲ့တဲ့ အဆိုပါ၃၅၀,၀၀၀BRL(ျမန္မာေငြ သိန္း၈၅၀ေက်ာ္)မဂၤေဆာင္ပြဲကို သူ႔ကိုယ္သူလက္ထပ္တဲ့ပြဲအျဖစ္ ျပဳလုပ္က်င္းပခဲ့ေၾကာင္း Indian Expressသတင္းအရ သိရပါတယ္။အဆိုးထဲကေနအျပဳသေဘာေဆာင္တဲ့အရာအျဖစ္ Rabeloဟာ သူကိုယ္တိုင္ အခမ္းအနားက်င္းပဆင္ႏႊဲခဲ့ၿပီး မွန္ေရွ႕မွာ သူ႔ကိုယ္သူ”I do”လို့ တိုင္တည္ေနခဲ့ပါတယ္။

“မင္းကိုလက္ထပ္တာ ဘာျပႆနာမွမရွိဘူး၊မင္းလိုခ်င္တဲ့နည္းလမ္းအတိုင္း မင္းေပ်ာ္ရႊင္ခြင့္ရွိတယ္၊မွန္တယ္မလား”လို့ သူ႔ရဲ့Instagram မွာဓာတ္ပုံစီးရီးနဲ႔အတူ မၽွေဝထားပါတယ္။သူ႔ရဲ့လက္ထပ္ပြဲအေျခအေနေၾကာင့္ Rabeloဟာ သူ႔ရဲ့exအေပၚ ျပင္းထန္တဲ့ခံစားခ်က္ေတြမရွိေပမဲ့ သူဟာ ေနရာတိုင္းမွာ သူလိုခ်င္တဲ့အရာ လြတ္လပ္စြာလုပ္ကိုင္နိုင္ဖို့ ဘယ္ေနရာကိုမဆို သြားလိုတာေၾကာင့္ သူ႔ကိုယ္သူေလးစားေနဆဲျဖစ္ေၾကာင္း ဆိုထားပါတယ္။”ဒီအခိုက္အတန္႔ကို အထူးေန႔ရက္အျဖစ္ရည္ရြယ္ၿပီး ငါတို့အိမ္မက္မက္ခဲ့ၾကတယ္၊အဲ့တာကို ငါတို့ရဲ့လ်ိဳ့ဝွက္ေနရာအျဖစ္ စိတ္ကူးခဲ့ၾကတယ္ ဒါေပမဲ့လမ္းတစ္ဝက္မွာ နင္ငါ့ကို ဒီမွာတစ္ေယာက္တည္းထားခဲ့တယ္ေပါ့ ငါဒီမွာ ငါ့စကားကို ငါတည္ပါတယ္ေနာ္”လို့ ဝမ္းနည္းေၾကကြဲတဲ့စကားအခ်ိဳ့ကို သူ႔ရဲ့Instagram မွာမၽွေဝထားပါေသးတယ္။

Rabelo က သူ႔အား လူတစ္ေယာက္ရဲ့တန္ဖိုးကိုသိေအာင္သင္ၾကားေပးခဲ့တဲ့ သူ႔ရဲ့exကို အသင္အျပေက်ာင္းတဲ့ဆရာလို့ ေခၚခဲ့ၿပီး သူ႔ကိုယ္သူခ်စ္တတ္ဖို့သင္ေပးခဲ့တာကိုလည္း ေက်းဇူးတင္ခဲ့ပါေသးတယ္။သူ႔exကို မမုန္းေပမဲ့ ေႏွာက္ယွက္ခံရၿပီးေနာက္ သူ႔exကိုလည္းမျမင္ခ်င္တာေၾကာင့္ သူ႔ရဲ့social media အေကာင့္ေတြကို ပိတ္ပစ္ေတာ့မွာျဖစ္ေၾကာင္း ဆိုထားပါတယ္။လမ္းခြဲခဲ့ၾကၿပီးေနာက္ Rabeloဟာ တစ္လခြဲေလာက္အေျခအေနကို ခြဲျခမ္းစိတ္ျဖာခဲ့ရၿပီး သူ႔ကိုယ္သူတန္ဖိုးထားဖို့ ဆုံးျဖတ္ခဲ့ပါတယ္။သူ႔ရဲ့လက္ထက္ပြဲမွာ”sologamy”ဆိုတဲ့ လြတ္လပ္ၿပီး ေပ်ာ္ရႊင္ဖို့အတြက္ တစ္စုံတစ္ဦးနဲ႔အတူ လက္ထက္ထိမ္းျမားပြဲလုပ္စရာမလိုဘူးလို့ သူ႔ကိုယ္သူ မက္ေဆ့ခ်္ေပးခဲ့ပါေသးတယ္။တကယ္ေတာ့ Rabelo ဟာအေတာ္ေလးဝမ္းနည္းေၾကကြဲေနခဲ့တာပါ။ဒီေတာ့ အဲ့လိုအျဖစ္အပ်က္ေတြနဲ႔ၾကဳံဆုံလာခဲ့ရရင္ အေရးႀကီးဆုံးက ကိုယ့္ကိုယ္ကို ခ်စ္ၿပီး တန္ဖိုးထားတတ္ဖို့ပါဘဲ။

Mia (Mckzone Daily)

Source : worldofbuzz

Unicode

ဒီBrazilနိုင်ငံသားအမျိုးသားဟာ နေရာတိုင်းမှာရှိတဲ့single လေးတွေရဲ့စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။အသက်၃၃နှစ်အရွယ် Diogo Rabeloအမည်ရှိဒေါက်တာတစ်ဦးဟာ Brazilနိုင်ငံ Bahiaပြည်နယ် Itacaréမြို့ရှိအပန်းဖြေစခန်းတစ်ခုမှာ သူ့ရဲ့ဆွေမျိုးမိဘတွေတက်ရောက်ခဲ့တဲ့ သူ့ကိုယ်သူပြန်လက်ထပ်တဲ့ပွဲကို ကျင်းပခဲ့ပြီးနောက် social media မှာ လူသိများသွားခဲ့ပါတယ်။သူဟာသူ့သတို့သမီးနဲ့အကြိမ်ပေါင်းမနည်းစကားများရန်ဖြစ်ခဲ့ပြီး သူ့တို့ရဲ့စေ့စပ်ထားခြင်းကို ဖြတ်သိမ်းကာလမ်းခွဲခဲ့ကြပြီးနောက် စီစဉ်ထားခဲ့တဲ့ အဆိုပါ၃၅၀,၀၀၀BRL(မြန်မာငွေ သိန်း၈၅၀ကျော်)မင်္ဂဆောင်ပွဲကို သူ့ကိုယ်သူလက်ထပ်တဲ့ပွဲအဖြစ် ပြုလုပ်ကျင်းပခဲ့ကြောင်း Indian Expressသတင်းအရ သိရပါတယ်။အဆိုးထဲကနေအပြုသဘောဆောင်တဲ့အရာအဖြစ် Rabeloဟာ သူကိုယ်တိုင် အခမ်းအနားကျင်းပဆင်နွှဲခဲ့ပြီး မှန်ရှေ့မှာ သူ့ကိုယ်သူ”I do”လို့ တိုင်တည်နေခဲ့ပါတယ်။

“မင်းကိုလက်ထပ်တာ ဘာပြဿနာမှမရှိဘူး၊မင်းလိုချင်တဲ့နည်းလမ်းအတိုင်း မင်းပျော်ရွှင်ခွင့်ရှိတယ်၊မှန်တယ်မလား”လို့ သူ့ရဲ့Instagram မှာဓာတ်ပုံစီးရီးနဲ့အတူ မျှဝေထားပါတယ်။သူ့ရဲ့လက်ထပ်ပွဲအခြေအနေကြောင့် Rabeloဟာ သူ့ရဲ့exအပေါ် ပြင်းထန်တဲ့ခံစားချက်တွေမရှိပေမဲ့ သူဟာ နေရာတိုင်းမှာ သူလိုချင်တဲ့အရာ လွတ်လပ်စွာလုပ်ကိုင်နိုင်ဖို့ ဘယ်နေရာကိုမဆို သွားလိုတာကြောင့် သူ့ကိုယ်သူလေးစားနေဆဲဖြစ်ကြောင်း ဆိုထားပါတယ်။”ဒီအခိုက်အတန့်ကို အထူးနေ့ရက်အဖြစ်ရည်ရွယ်ပြီး ငါတို့အိမ်မက်မက်ခဲ့ကြတယ်၊အဲ့တာကို ငါတို့ရဲ့လျို့ဝှက်နေရာအဖြစ် စိတ်ကူးခဲ့ကြတယ် ဒါပေမဲ့လမ်းတစ်ဝက်မှာ နင်ငါ့ကို ဒီမှာတစ်ယောက်တည်းထားခဲ့တယ်ပေါ့ ငါဒီမှာ ငါ့စကားကို ငါတည်ပါတယ်နော်”လို့ ဝမ်းနည်းကြေကွဲတဲ့စကားအချို့ကို သူ့ရဲ့Instagram မှာမျှဝေထားပါသေးတယ်။

Rabelo က သူ့အား လူတစ်ယောက်ရဲ့တန်ဖိုးကိုသိအောင်သင်ကြားပေးခဲ့တဲ့ သူ့ရဲ့exကို အသင်အပြကျောင်းတဲ့ဆရာလို့ ခေါ်ခဲ့ပြီး သူ့ကိုယ်သူချစ်တတ်ဖို့သင်ပေးခဲ့တာကိုလည်း ကျေးဇူးတင်ခဲ့ပါသေးတယ်။သူ့exကို မမုန်းပေမဲ့ နှောက်ယှက်ခံရပြီးနောက် သူ့exကိုလည်းမမြင်ချင်တာကြောင့် သူ့ရဲ့social media အကောင့်တွေကို ပိတ်ပစ်တော့မှာဖြစ်ကြောင်း ဆိုထားပါတယ်။လမ်းခွဲခဲ့ကြပြီးနောက် Rabeloဟာ တစ်လခွဲလောက်အခြေအနေကို ခွဲခြမ်းစိတ်ဖြာခဲ့ရပြီး သူ့ကိုယ်သူတန်ဖိုးထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။သူ့ရဲ့လက်ထက်ပွဲမှာ”sologamy”ဆိုတဲ့ လွတ်လပ်ပြီး ပျော်ရွှင်ဖို့အတွက် တစ်စုံတစ်ဦးနဲ့အတူ လက်ထက်ထိမ်းမြားပွဲလုပ်စရာမလိုဘူးလို့ သူ့ကိုယ်သူ မက်ဆေ့ချ်ပေးခဲ့ပါသေးတယ်။တကယ်တော့ Rabelo ဟာအတော်လေးဝမ်းနည်းကြေကွဲနေခဲ့တာပါ။ဒီတော့ အဲ့လိုအဖြစ်အပျက်တွေနဲ့ကြုံဆုံလာခဲ့ရရင် အရေးကြီးဆုံးက ကိုယ့်ကိုယ်ကို ချစ်ပြီး တန်ဖိုးထားတတ်ဖို့ပါဘဲ။

Mia (Mckzone Daily)

  • Leave a Comment