တောင်ကိုးရီးယားkpopidolတွေဖြစ်တဲ့ Kang Daniel နဲ့ TWICE အဖွဲ့ဝင်ခေါင်းဆောင် Jihyoတို့ လမ်းခွဲပြတ်စဲ



1

2

3

4

Mia (Mckzone Daily)

Source : zapzee

Unicode

တောင်ကိုးရီးယားkpop idolတွေဖြစ်တဲ့ Kang Danielနဲ့TWICEအဖွဲ့ဝင်ခေါင်းဆောင် Jihyoတို့ဟာ ၁နှစ်နဲ့၃လအကြာတွဲခဲ့ပြီးနောက် နှစ်ဦးသဘောတူလမ်းခွဲခဲ့ကြပါတယ်။Kang Danielနဲ့Jihyoတို့ဟာ ၂၀၁၈ခုနှစ်မှာ တွေ့ဆုံခဲ့ကြပြီး ပြီးခဲ့တဲ့နှစ် ဩဂုတ်လမှာ တရားဝင်စတွဲခဲ့ကြတာပါ။သူတို့နှစ်ဦးဟာ သူတို့ရဲ့ချစ်ခြင်းမေတ္တာကို ဆက်ထိန်းသိမ်းထားဖို့ အလုပ်အရမ်းများလွန်းနေပုံရပါတယ်။Kang Danielဟာ သူ့ရဲ့တစ်ကိုယ်တော်အလုပ်တွေကို ဆက်လက်လုပ်ဆောင်နေချိန်မှာ Jihyoမှာတော့ ယခုနှစ် ထွက်ရှိတဲ့ TWICEရဲ့album နှစ်ခုမှာ ပါဝင်လှုပ်ရှားနေပါတယ်။

သက်ဆိုင်တဲ့အေဂျင်စီတွေက သူတို့နှစ်ဦးမှာ ပြတ်သားတဲ့ရည်မှန်းချက်တွေရှိနေကြပြီး အလုပ်က ပိုအရေးကြီးတယ်လို့တွေးနေပုံရကြောင်း သူတို့နှစ်ဦးရဲ့လမ်းခွဲပြတ်စဲရတဲ့အကြောင်းနဲ့ပတ်သက်ပြီး အတည်ပြုပြောဆိုထားပါတယ်။ဒီအတောအတွင်းမှာ TWICE ရဲ့ Eyes wide ဆိုတဲ့albumအသစ်ထဲက Title songဖြစ်တဲ့ “I CAN’T STOP ME”သီချင်းကတော့ နိုင်ငံပေါင်း ၃၂နိုင်ငံရဲ့ iTunes Chartsမှာ ထိပ်ဆုံးရောက်နေပြီး Kang Danielကတော့ အခုလက်ရှိမှာ Album အသစ်တစ်ခုကို ဆက်လက်လုပ်ဆောင်နေပါတယ်။

Mia (Mckzone Daily)

  • Leave a Comment