လူပုေလးဆိုေပမဲ့ ေစသနာ့ဝန္ထမ္းအျဖစ္ ငလ်င္ဒဏ္သင့္ျပည္သူေတြကို ကိုယ္တိုင္ကယ္ဆယ္ေပးခဲ့တဲ့အမ်ိဳးသား (႐ုပ္သံ)

လူစဥ္မမီေရာဂါ(dwarfism)ခံစားေနရတဲ့ အမ်ိဳးသားတစ္ဦးဟာ ၿပီးခဲ့တဲ့အပတ္ တူရကီနိုင္ငံကို ၆.၆အဆင့္ျပင္းအားရွိတဲ့ေျမငလ်င္လွုပ္ခတ္ၿပီးေနာက္ ကယ္ဆယ္ေရးေစသနာ့ဝန္ထမ္းတစ္ဦးအျဖစ္ပါဝင္ခဲ့တာေၾကာင့္ တူရကီနိုင္ငံရဲ့ေခါင္းႀကီးပိုင္းသတင္းမွာ ေဖာ္ျပခံခဲ့ရပါတယ္။အသက္ ၂၉ႏွစ္အရြယ္ Ridvan Celikအမည္ရွိအဆိုပါအမ်ိဳးသားဟာ သူ႔ရဲ့ေသးငယ္တဲ့ခႏၶာကိုယ္အရြယ္အစားကို အသုံးျပဳၿပီး အေမွာင္ဘက္ငလ်င္ေဘးဒဏ္သင့္သူေတြကို ကူညီကယ္ဆယ္ေပးခဲ့တာေၾကာင့္ သူရဲေကာင္းတစ္ဦးအျဖစ္ လူသိမ်ားေက်ာ္ၾကားသြားခဲ့ပါတယ္။ကံေကာင္းေထာက္မစြာနဲ႔ ၃ေပအျမင့္သာရွိတဲ့ Ridvanရဲ့အရပ္ဟာ သူ႔အား က်ဥ္းေျမာင္းတဲ့ေနရာေတြထဲ ဝင္ေရာက္ခြင့္ေပးၿပီး အေပါက္ေသးေသးေတြထဲသို့ တြားသြားေစနိုင္ခဲ့တာေၾကာင့္ တိုင္းျပည္ရဲ့ငလ်င္ဒဏ္အဆိုးဆုံးခံရတဲ့ Izmirၿမိဳ့ရွိ အပ်က္အစီးေတြၾကားက လူေတြကို ကယ္တင္ေပးနိုင္ခဲ့ပါတယ္။

IZMIR, TURKEY – OCTOBER 30: A view of a quake damaged site after a magnitude 6.6 quake shook Turkey’s Aegean Sea coast, in Izmir, Turkey on October 30, 2020. (Photo by Mehmet Emin Menguarslan/Anadolu Agency via Getty Images)

အင္တာဗ်ဴးတစ္ခုမွာ Ridvanက”Istanbulၿမိဳ့ကေန ေျမငလ်င္လွုပ္တာနဲ႔ပတ္သက္ၿပီးၾကားခဲ့ရေတာ့ ငါကိုယ္တိုင္ကားလက္မွတ္ျဖတ္ၿပီး Izmirၿမိဳ့ကိုေရာက္လာခဲ့တယ္၊ဒီမွာ အေဖာ္ေတြအမ်ားႀကီးနဲ႔ေတြ႕ခဲ့တယ္ ဒီအျဖစ္အပ်က္ကိုျမင္ေတာ့ ၁၉၉၉ခုႏွစ္တုန္းက အပ်က္အစီးေတြၾကားက ကေလးငယ္ေလးေတြနဲ႔မိဘေတြကို ျပန္သတိရမိတယ္ ငါခ်စ္တဲ့လူေတြလို့ခံယူၿပီး ကယ္ဆယ္ေပးဖို့ အႏၲရာယ္ထဲကို ခုန္ဝင္ခဲ့တယ္ ငါ တြန္႔ဆုတ္မေနခဲ့ဘူး”လို့ ေျဖၾကားထားပါတယ္။

Ridvanဟာ တူရကီကိုသာမကကမၻာတစ္ဝွမ္းက အင္တာနက္သုံးစြဲသူေတြကို လွုံေဆာ္ေစခဲ့တဲ့လူတစ္ဦးျဖစ္လာရတာလည္း ေျပာေနစရာေတာင္မလိုေတာ့ပါဘူး။အစီရင္ခံစာေတြအရ တူရကီရဲ့ေျမငလ်င္ဟာ လူဦးေရေပါင္း ၁၁၆ဦးေသဆုံးေစခဲ့ၿပီျဖစ္ၿပီး မ်ားစြာတဲ့လူေတြ ေပ်ာက္ဆုံးေနေသးတာေၾကာင့္ ကယ္ဆယ္ေရးလုပ္ငန္းေတြ ဆက္လက္လုပ္ေဆာင္ေနၾကပါတယ္။သို့ေပမဲ့ အပူခ်ိန္က်ဆင္းေနျခင္းေၾကာင့္ ေစသနာ့ဝန္ထမ္းေတြအတြက္ အခက္ေတြ႕ေစကာ ပိုမိုစိန္ေခၚမွုေတြျဖစ္လာေနပါတယ္။ကိုယ္တတ္နိုင္စြမ္းသေလာက္ ေစသနာထားၿပီး ႀကိဳးစားကူညီေပးေနတဲ့ Ridvanကို အရမ္းဘဲေလးစားအားက်ေနမိပါတယ္။

Ridvan Celik (29), who is 98 centimeters in length, was searching and rescuing people for 4 days without sleeping, after the 6.6 magnitude earthquake in Izmir. (Newsflash)

Mia (Mckzone Daily)

Source : elitereaders

Unicode

လူစဉ်မမီရောဂါ(dwarfism)ခံစားနေရတဲ့ အမျိုးသားတစ်ဦးဟာ ပြီးခဲ့တဲ့အပတ် တူရကီနိုင်ငံကို ၆.၆အဆင့်ပြင်းအားရှိတဲ့မြေငလျင်လှုပ်ခတ်ပြီးနောက် ကယ်ဆယ်ရေးစေသနာ့ဝန်ထမ်းတစ်ဦးအဖြစ်ပါဝင်ခဲ့တာကြောင့် တူရကီနိုင်ငံရဲ့ခေါင်းကြီးပိုင်းသတင်းမှာ ဖော်ပြခံခဲ့ရပါတယ်။အသက် ၂၉နှစ်အရွယ် Ridvan Celikအမည်ရှိအဆိုပါအမျိုးသားဟာ သူ့ရဲ့သေးငယ်တဲ့ခန္ဓာကိုယ်အရွယ်အစားကို အသုံးပြုပြီး အမှောင်ဘက်ငလျင်ဘေးဒဏ်သင့်သူတွေကို ကူညီကယ်ဆယ်ပေးခဲ့တာကြောင့် သူရဲကောင်းတစ်ဦးအဖြစ် လူသိများကျော်ကြားသွားခဲ့ပါတယ်။ကံကောင်းထောက်မစွာနဲ့ ၃ပေအမြင့်သာရှိတဲ့ Ridvanရဲ့အရပ်ဟာ သူ့အား ကျဉ်းမြောင်းတဲ့နေရာတွေထဲ ဝင်ရောက်ခွင့်ပေးပြီး အပေါက်သေးသေးတွေထဲသို့ တွားသွားစေနိုင်ခဲ့တာကြောင့် တိုင်းပြည်ရဲ့ငလျင်ဒဏ်အဆိုးဆုံးခံရတဲ့ Izmirမြို့ရှိ အပျက်အစီးတွေကြားက လူတွေကို ကယ်တင်ပေးနိုင်ခဲ့ပါတယ်။

Ridvan Celik (29), who is 98 centimeters in length, was searching and rescuing people for 4 days without sleeping, after the 6.6 magnitude earthquake in Izmir.
(Newsflash)

အင်တာဗျူးတစ်ခုမှာ Ridvanက”Istanbulမြို့ကနေ မြေငလျင်လှုပ်တာနဲ့ပတ်သက်ပြီးကြားခဲ့ရတော့ ငါကိုယ်တိုင်ကားလက်မှတ်ဖြတ်ပြီး Izmirမြို့ကိုရောက်လာခဲ့တယ်၊ဒီမှာ အဖော်တွေအများကြီးနဲ့တွေ့ခဲ့တယ် ဒီအဖြစ်အပျက်ကိုမြင်တော့ ၁၉၉၉ခုနှစ်တုန်းက အပျက်အစီးတွေကြားက ကလေးငယ်လေးတွေနဲ့မိဘတွေကို ပြန်သတိရမိတယ် ငါချစ်တဲ့လူတွေလို့ခံယူပြီး ကယ်ဆယ်ပေးဖို့ အန္တရာယ်ထဲကို ခုန်ဝင်ခဲ့တယ် ငါ တွန့်ဆုတ်မနေခဲ့ဘူး”လို့ ဖြေကြားထားပါတယ်။

Ridvanဟာ တူရကီကိုသာမကကမ္ဘာတစ်ဝှမ်းက အင်တာနက်သုံးစွဲသူတွေကို လှုံဆော်စေခဲ့တဲ့လူတစ်ဦးဖြစ်လာရတာလည်း ပြောနေစရာတောင်မလိုတော့ပါဘူး။အစီရင်ခံစာတွေအရ တူရကီရဲ့မြေငလျင်ဟာ လူဦးရေပေါင်း ၁၁၆ဦးသေဆုံးစေခဲ့ပြီဖြစ်ပြီး များစွာတဲ့လူတွေ ပျောက်ဆုံးနေသေးတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေကြပါတယ်။သို့ပေမဲ့ အပူချိန်ကျဆင်းနေခြင်းကြောင့် စေသနာ့ဝန်ထမ်းတွေအတွက် အခက်တွေ့စေကာ ပိုမိုစိန်ခေါ်မှုတွေဖြစ်လာနေပါတယ်။ကိုယ်တတ်နိုင်စွမ်းသလောက် စေသနာထားပြီး ကြိုးစားကူညီပေးနေတဲ့ Ridvanကို အရမ်းဘဲလေးစားအားကျနေမိပါတယ်။

Mia (Mckzone Daily)

  • Leave a Comment