ရာသီဥတုအေးလာတာကြောင့် ကြက်လေးတွေအတွက် အထူးခရစ္စမတ်ဆွယ်တာ ထုတ်လုပ်ရောင်းချပေးခဲ့တဲ့online shop




Mia (Mckzone Daily)

Source : boredpanda

Unicode

မကြာမီအချိန်အတွင်းမှာ တစ်လကျော်ကျော်ဘဲကျန်တဲ့အနောက်တိုင်းနိုင်ငံတို့ရဲ့ အထူးအားလပ်ရက်ဆိုသလို ခရစ်စ္စမတ်နေ့လေးရောက်လာတော့မှာမို့ social media ပေါ်မှာ ခရစ်စမတ်အကြိုပစ္စည်းတွေရောင်းချနေကြတာကို တွေ့မြင်ရတော့မှာပါ။Etsyသို့မဟုတ် AnimalFunandFashionအမည်ရှိတဲ့ဒီonline shopလေးကတော့ ထူးထူးဆန်းဆန်းကြက်လေးတွေအတွက် ချစ်ဖို့ကောင်းတဲ့ခရစ်စ္စမတ်ဆွယ်တာလေးတွေကို အထူးထုတ်လုပ်ရောင်းချနေပါတယ်။အဆိုပါဆွယ်တာကို handmade ဖြစ်တဲ့တစ်ချောင်းထိုးနဲ့ထိုးထားပြီး Santa Claus ဝတ်စုံပုံစံ အနီရောင်ကိုမှဘေးကွပ်အဖြူရောင်သုံးထားပါတယ်။Size ကတော့ XS,S,Mနဲ့L အထိပါဝင်ပါတယ်။အဆိုပါအရောင်းရဆုံးစာရင်းဝင်ခရစ္စမတ်ဆွယ်တာတွေဟာ အရွယ်အစားပေါ်မူတည်ပြီး မြန်မာငွေ ၂၀၀၀၀ကနေ၂၅၀၀၀အထိ ဈေးအမျိုးမျိုးရှိနေပါသေးတယ်။
ဝယ်သူတစ်ဦးက “ဒီဆွယ်တာလေးက ချစ်ဖို့ကောင်းတယ် သေချာတဲ့ငါ့ရဲ့Silkieလေးလည်း အဲ့အင်္ကျီလေးကို အတော်လေးသဘောကျနေလောက်တယ်”လို့လည်းဆိုထားပါတယ်။

AnimalFunandFashionဟာ နယ်သာလန်မှာအခြေစိုက်ပြီးအထည်ပေါင်း ၂၁၄ထည်ကိုလည်း ရောင်းချပြီးခဲ့ပါပြီ။ထို့အပြင် ဝယ်သူတွေဟာ သူ့တို့ရဲ့ကြက်လေးအတွက်အထူးခရစ္စမတ်ဆွယ်တာလေးကို အတော်လေးသဘောတွေ့နှစ်သက်နေကြပြီး ကောင်းမွန်တဲ့review တွေပါပေးခဲ့ကြပါသေးတယ်။ဆောင်းဝင်တာနဲ့အမျှ ရာသီဥတုအေးဆိတ်လာတော့ ကြက်လေးတွေလည်း အနွေးဓာတ်လေးတွေလိုနေမှာအမှန်ပါဘဲ။ဒီတော့ ကြက်လေးတွေအတွက် အထူးထုတ်လုပ်ထားတဲ့ ခရစ္စမတ်ဆွယ်တာလေးရဲ့ပုံစံကို ကြည့်ရှုသွားလိုက်ကြပါအုံး။

Mia (Mckzone Daily)

  • Leave a Comment