Sugar daddyေတြနဲ႔ ခ်ိန္းေတြ႕ျခင္းျဖင့္ တစ္လလၽွင္ ျမန္မာေငြ သိန္း၁၃၁ေက်ာ္ရရွိေၾကာင္းထုတ္ေဖာ္ေျပာျပခဲ့တဲ့အမ်ိဳးသမီး

စကၤာပူနိုင္ငံရွိ အသက္ ၂၈ ႏွစ္အရြယ္ မေလးရွားလူမ်ိဳးအမ်ိဳးသမီးတစ္ဦးဟာ စကၤာပူကStraits Times သတင္းစာသို့ သူမအလုပ္လုပ္တဲ့အလုပ္ႏွစ္ခုမွ တစ္လကို စင္ကာပူေဒၚလာ ၁၄၀၀၀(ျမန္မာေငြ သိန္း၁၃၁ေက်ာ္) ရရွိေၾကာင္းေဖာ္ျပခဲ့ပါတယ္။ပထမတစ္ခုက ေစ်းကြက္ရွာေဖြေရးအမွုေဆာင္တစ္ဦး ျဖစ္ၿပီး ဒုတိယတစ္ခုမွာ Sugar baby တစ္ေယာက္အျဖစ္လုပ္ကိုင္ေၾကာင္း ေျပာျပခဲ့ပါတယ္။ပုံမွန္အားျဖင့္တစ္ခါတည္းအၿပီးေငြေပးေခ်ၿပီးတစ္ရက္တည္းအတြက္စင္ကာပူေဒၚလာ ၅၀၀ (၄သိန္း၈ေသာင္း) အထက္ေငြေတာင္းခံကာ နာမည္အရင္းမဟုတ္တဲ့Jenniအမည္ရွိအဆိုပါအမ်ိဳးသမီးဟာ စကၤာပူက Sugar daddyသုံးေယာက္နဲ႔သုံးလအတူေနထိုင္တဲ့အစီအစဥ္ေတြလည္းရွိေၾကာင္း Straits Times သတင္းကေဖာ္ျပခဲ့ပါတယ္။သူမရဲ့လက္ရွိ Sugar baby လုပ္ငန္းက အသက္ ၃၀ ႏွစ္အရြယ္ စကၤာပူစီးပြါးေရးလုပ္ငန္းရွင္တစ္ဦးဟာ သူမကိုလစဥ္ေထာက္ပံ့ေၾကးေငြအျဖစ္ စကၤာပူေဒၚလာ ၈၀၀၀ မွ ေဒၚလာ ၁၀,၀၀၀ (၇၈သိန္းမွ ၉၇သိန္း)အထိ ေပးေနပါတယ္။

အဆိုပါေထာက္ပံ့ေငြႏွင့္ သူမရဲ့ေစ်းကြက္ရွာေဖြေရးလုပ္ငန္းရဲ့ဝင္ေငြကို ေပါင္းလိုက္ျခင္းျဖင့္ တစ္လကို စကၤာပူေဒၚလာ ၁၄,၀၀၀ (သိန္း၁၃၁ေက်ာ္)အထိရွိေနခဲ့ပါတယ္။သူမလစဥ္ဝင္ေငြရဲ့သုံးပုံတစ္ပုံက သူမစုေဆာင္းေငြေတြျဖစ္ၿပီး က်န္ေငြေတြကိုေတာ့မ်က္ႏွာအလွျပင္ျခင္း၊လက္သည္းဆိုးျခင္း၊ဥေရာပႏွင့္အေမရိကန္ျပည္ေထာင္စုသို့အားလပ္ရက္ခရီးထြက္ျခင္း ႏွင့္ မေလးရွားရွိသူမမိသားစုသို့ေငြလႊဲေပးျခင္း တို့ျဖစ္ပါတယ္။Jinneဟာ ဥေရာပသို့အားလပ္ရက္ခရီးထြက္နိုင္ေလာက္တဲ့အထိအကုန္အက်ခံနိုင္တဲ့သူငယ္ခ်င္းျဖစ္သူကို သတိထားမိၿပီးေနာက္ စူးစမ္းကာ မေလးရွားနိုင္ငံထုတ္ Sugarbookဆိုတဲ့appကို ရွာေဖြေတြ႕ရွိခဲ့တာပါ။အစပိုင္းေတာ့ Jenni ဟာ ပိုက္ဆံရဖို့အတြက္ အဆိုပါappက Sugar daddyေတြအား သူမႏွင့္အိပ္ဖို့လိုမလိုကိုေမးခြန္းထုတ္ခဲ့ရပါတယ္။

ဒါေပမယ့္ အဆိုပါလုပ္ငန္းကိုႏွစ္ႏွစ္အၾကာလုပ္ကိုင္လာၿပီးတဲ့ေနာက္ အဲ့ဒီစိုးရိမ္ပူပန္မွုေတြ သူမမွာလုံးဝမရွိေတာ့ပါဘူး။သူမဟာ အိမ္ေထာင္ရွိအမ်ိဳးသားသို့မဟုတ္ အသက္၄၀ေက်ာ္အမ်ိဳးသားေတြကို လုံးဝဒိတ္မလုပ္ပါဘူး။Jenni ဟာ အဆိုပါ၀န္ေဆာင္မွုကိုျပည့္တန္ဆာလုပ္ငန္းအျဖစ္ မၾကာခဏနားလည္မွုအလြဲခံရေလ့ရွိေပမဲ့လည္း တူညီျခင္းမရွိေၾကာင္းေျပာၾကားခဲ့ပါတယ္။Jenniဟာ သူမရဲ့Sugar daddyခ်ိန္းေတြ႕မွုဘ၀ႏွင့္ပတ္သက္ၿပီး သူမမိသားစုေတြကိုေမွာင္မိုက္ေစေၾကာင္း ဝန္ခံခဲ့ၿပီး”ကၽြန္မသူတို့ကို မေျပာျပထားဘူး အကယ္လို့တစ္ေန႔သူတို့သိသြားခဲ့ရင္လည္း ကၽြန္မရဲရဲရင့္ရင့္ရင္ဆိုင္သြားမယ္”လို့လည္းဆိုထားပါတယ္။စာဖတ္သူတို့ေကာ ဒီအလုပ္အေၾကာင္းနဲ႔ပတ္သက္ၿပီး ဘယ္လိုထင္ျမင္ပါသလဲ။

Mia (Mckzone Daily)

Source : worldofbuzz

Unicode

စင်္ကာပူနိုင်ငံရှိ အသက် ၂၈ နှစ်အရွယ် မလေးရှားလူမျိုးအမျိုးသမီးတစ်ဦးဟာ စင်္ကာပူကStraits Times သတင်းစာသို့ သူမအလုပ်လုပ်တဲ့အလုပ်နှစ်ခုမှ တစ်လကို စင်ကာပူဒေါ်လာ ၁၄၀၀၀(မြန်မာငွေ သိန်း၁၃၁ကျော်) ရရှိကြောင်းဖော်ပြခဲ့ပါတယ်။ပထမတစ်ခုက ဈေးကွက်ရှာဖွေရေးအမှုဆောင်တစ်ဦး ဖြစ်ပြီး ဒုတိယတစ်ခုမှာ Sugar baby တစ်ယောက်အဖြစ်လုပ်ကိုင်ကြောင်း ပြောပြခဲ့ပါတယ်။ပုံမှန်အားဖြင့်တစ်ခါတည်းအပြီးငွေပေးချေပြီးတစ်ရက်တည်းအတွက်စင်ကာပူဒေါ်လာ ၅၀၀ (၄သိန်း၈သောင်း) အထက်ငွေတောင်းခံကာ နာမည်အရင်းမဟုတ်တဲ့Jenniအမည်ရှိအဆိုပါအမျိုးသမီးဟာ စင်္ကာပူက Sugar daddyသုံးယောက်နဲ့သုံးလအတူနေထိုင်တဲ့အစီအစဉ်တွေလည်းရှိကြောင်း Straits Times သတင်းကဖော်ပြခဲ့ပါတယ်။သူမရဲ့လက်ရှိ Sugar baby လုပ်ငန်းက အသက် ၃၀ နှစ်အရွယ် စင်္ကာပူစီးပွါးရေးလုပ်ငန်းရှင်တစ်ဦးဟာ သူမကိုလစဉ်ထောက်ပံ့ကြေးငွေအဖြစ် စင်္ကာပူဒေါ်လာ ၈၀၀၀ မှ ဒေါ်လာ ၁၀,၀၀၀ (၇၈သိန်းမှ ၉၇သိန်း)အထိ ပေးနေပါတယ်။

အဆိုပါထောက်ပံ့ငွေနှင့် သူမရဲ့ဈေးကွက်ရှာဖွေရေးလုပ်ငန်းရဲ့ဝင်ငွေကို ပေါင်းလိုက်ခြင်းဖြင့် တစ်လကို စင်္ကာပူဒေါ်လာ ၁၄,၀၀၀ (သိန်း၁၃၁ကျော်)အထိရှိနေခဲ့ပါတယ်။သူမလစဉ်ဝင်ငွေရဲ့သုံးပုံတစ်ပုံက သူမစုဆောင်းငွေတွေဖြစ်ပြီး ကျန်ငွေတွေကိုတော့မျက်နှာအလှပြင်ခြင်း၊လက်သည်းဆိုးခြင်း၊ဥရောပနှင့်အမေရိကန်ပြည်ထောင်စုသို့အားလပ်ရက်ခရီးထွက်ခြင်း နှင့် မလေးရှားရှိသူမမိသားစုသို့ငွေလွှဲပေးခြင်း တို့ဖြစ်ပါတယ်။Jinneဟာ ဥရောပသို့အားလပ်ရက်ခရီးထွက်နိုင်လောက်တဲ့အထိအကုန်အကျခံနိုင်တဲ့သူငယ်ချင်းဖြစ်သူကို သတိထားမိပြီးနောက် စူးစမ်းကာ မလေးရှားနိုင်ငံထုတ် Sugarbookဆိုတဲ့appကို ရှာဖွေတွေ့ရှိခဲ့တာပါ။အစပိုင်းတော့ Jenni ဟာ ပိုက်ဆံရဖို့အတွက် အဆိုပါappက Sugar daddyတွေအား သူမနှင့်အိပ်ဖို့လိုမလိုကိုမေးခွန်းထုတ်ခဲ့ရပါတယ်။

ဒါပေမယ့် အဆိုပါလုပ်ငန်းကိုနှစ်နှစ်အကြာလုပ်ကိုင်လာပြီးတဲ့နောက် အဲ့ဒီစိုးရိမ်ပူပန်မှုတွေ သူမမှာလုံးဝမရှိတော့ပါဘူး။သူမဟာ အိမ်ထောင်ရှိအမျိုးသားသို့မဟုတ် အသက်၄၀ကျော်အမျိုးသားတွေကို လုံးဝဒိတ်မလုပ်ပါဘူး။Jenni ဟာ အဆိုပါဝန်ဆောင်မှုကိုပြည့်တန်ဆာလုပ်ငန်းအဖြစ် မကြာခဏနားလည်မှုအလွဲခံရလေ့ရှိပေမဲ့လည်း တူညီခြင်းမရှိကြောင်းပြောကြားခဲ့ပါတယ်။Jenniဟာ သူမရဲ့Sugar daddyချိန်းတွေ့မှုဘဝနှင့်ပတ်သက်ပြီး သူမမိသားစုတွေကိုမှောင်မိုက်စေကြောင်း ဝန်ခံခဲ့ပြီး”ကျွန်မသူတို့ကို မပြောပြထားဘူး အကယ်လို့တစ်နေ့သူတို့သိသွားခဲ့ရင်လည်း ကျွန်မရဲရဲရင့်ရင့်ရင်ဆိုင်သွားမယ်”လို့လည်းဆိုထားပါတယ်။စာဖတ်သူတို့ကော ဒီအလုပ်အကြောင်းနဲ့ပတ်သက်ပြီး ဘယ်လိုထင်မြင်ပါသလဲ။

Mia (Mckzone Daily)

  • Leave a Comment