ကောင်မလေးကိုယ်ပေါ်တက်ပြီး အင်္ကျီကိုအတင်းဆွဲချွတ်ခဲ့တဲ့ ခပ်ဆိုးဆိုးမျောက်လေး (ရုပ်သံ)




Mia (Mckzone Daily)

Source : elitereaders

Unicode

တိရိစ္ဆာန်လေးတွေနဲ့နီးကပ်စွာ တွေ့ဆုံခြင်းဟာ အမြဲစိတ်ဝင်စားဖို့ကောင်းပြီး ဘာဆက်ဖြစ်မယ်ဆိုတာကိုလည်း ကြိုတင်ခန့်မှန်းရခက်ပါတယ်။သူတို့လုပ်လိုက်တဲ့ တချို့ဖြစ်ရပ်တွေမှာတော့ ရယ်စရာကောင်းနေတတ်ပါတယ်။ဘေးအန္တရာယ်တွေကို ကြုံတွေ့ရပြီးနောက် သင်ခန်းစာတွေကို ခက်ခက်ခဲခဲသင်ယူခဲ့ကြရတဲ့ ကမ္ဘာလှည့်ခရီးသွားတွေကို ကြည့်ကြည့်လိုက်ပါ။ကောင်းပါပြီ အဲ့ဒီစာရင်းထဲကို ထည့်ထဲဖို့ ကျွန်တော်တို့မှာ လူ နောက်တစ်ဦးရှိနေပါတယ်။အရှေ့တောင်အာရှတစ်ဝှမ်းကို လှည့်ပတ်သွားလာနေတဲ့ Los Angelesနိုင်ငံမှ Britanny Bowmanအမည်ရှိတဲ့ဒီအမျိုးသမီးဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့က မျောက်တွေအများကြီးရှိလို့လူကြိုက်များတဲ့နေရာတစ်ခုမှာ သူမခရီးစဉ်ကို ခေတ္တခနရပ်နားခဲ့ပါတယ်။

Britannyဟာ မျောက်လေးကို သူမကိုယ်ပေါ်တက်ခွင့်ပြုလိုက်ပေမဲ့ တစ်ခုခုဖြစ်မယ်ဆိုတဲ့အတွေးကြိုသိနေပုံရပါတယ်။အဲ့ဒီနောက် ရုတ်တရက်ဘဲ အဆိုပါမျောက်ဆိုးလေးက ထင်မှတ်မထားဘဲ သူမရဲ့င်္အကျီကိုဆွဲချပစ်လိုက်ပါတော့တယ်။အနာဂတ်ကို အကြားအမြင်ရသလို ကြိုသိနေပုံရတဲ့ကမ္ဘာလှည့်ခရီးသွားတွေကလည်း ကင်မရာနဲ့အမိအရရိုက်ကူးထားပါသေးတယ်။ကံကောင်းထောက်မစွာနဲ့ဘဲ Britannyကလည်း အလျင်အမြန် တုန့်ပြန့်ခဲ့ပြီး သူမရဲ့အပေါ်ပိုင်းအင်္ကျီဖြင့် သူမရင်သားကိုဖုံးအုပ်နိုင်ခဲ့ပါတယ်။အဆိုပါ ဗီဒီယိုဟာ social media ပေါ်ချက်ချင်းပျံ့နှံ့သွားခဲ့ပြီး အင်တာနက်သုံးစွဲသူတွေရဲ့အာရုံကို အကြိမ်ကြိမ်ဖမ်းစားနိုင်ခဲ့ပါတယ်။

Britannyက”ဒီဟာက ကျွန်မတို့ကို မျက်ရည်ကျလောက်တဲ့အထိ ရယ်မောစေခဲ့တယ် မျောက်က ကျွန်မပေါ်တက်တော့ အတော်လေးကြောက်နေခဲ့တာ သူကျွန်မအင်္ကျီကို ဆွဲချလိမ့်မယ်လို့ မစဉ်းစားခဲ့မိဘူး မျောက်လေးက နို့ရည်သောက်ဖို့ရှာနေတာလို့ ပိုင်ရှင်တွေကပြောတယ် ဒါတွေအားလုံးက မထင်ထားမိခဲ့တဲ့အရာပါ ကျွန်မတို့ ကင်မရာမှာ ရိုက်ကူးနိုင်ခဲ့လို့ဝမ်းသာတယ်”လို့ ဖြေကြားထားပါတယ်။ဘယ်လိုတောင် လက်အသေဆော့တဲ့မျောက်ပါလား။Britannyလည်း လက်သွက်ခဲ့လို့ပေါ့။ကောင်းပါပြီ Britannyရဲ့အဖြစ်က ကမ္ဘာလှည့်အမျိုးသမီးခရီးသွားတွေအတွက် သတိပေးမှုတစ်ခုဖြစ်နေလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။သင်ဟာ မကြာမီအချိန်မှာ ထိုင်းသွားဖို့ စိတ်ကူးထားပါက အထူးသဖြင့် အမျိုးသမီးတွေ အဆိုပါ အပေါ်ပိုင်းဆွဲချတတ်တဲ့မျောက်ဆိုးလေးတွေကို သတိပြုကြပါလို့ ပြောခဲ့ချင်ပါတယ်။

Mia (Mckzone Daily)

Be the first to comment on "ကောင်မလေးကိုယ်ပေါ်တက်ပြီး အင်္ကျီကိုအတင်းဆွဲချွတ်ခဲ့တဲ့ ခပ်ဆိုးဆိုးမျောက်လေး (ရုပ်သံ)"

Leave a comment

Your email address will not be published.


*