မိတ္ကပ္ဆရာအေရြးမွားသြားခဲ့လို႔ လက္ထပ္ပြဲေန႔မွာ စိတ္အလိုမက်ကာ ပုံပ်က္ပန္းပ်က္ျဖစ္ေနခဲ့ရတဲ့ စုံတြဲ

အမ်ိဳးသမီးေတြေတာ္ေတာ္မ်ားမ်ားဟာ လွပၿပီးအိမ္မက္ဆန္တဲ့နတ္သမီးပုံျပင္ေလးတစ္ပုဒ္လို မဂၤေဆာင္ခ်င္ၾကတာေၾကာင့္ အဲ့လိုအထူးေန႔မွာ လွလွပပေလးျဖစ္ေနဖို့အတြက္ ပိုက္ဆံအေျမာက္အမ်ားအကုန္က်ခံတတ္ၾကပါတယ္။ထိမ္းျမားလက္ထပ္ျခင္းဟာ ႀကီးမားတဲ့ကတိကဝတ္တစ္ခုျဖစ္ၿပီး တစ္ဘဝလုံးစာအတြက္ တန္ဖိုးထားရမယ့္ အမွတ္တရတစ္ခုလည္းမမွားပါဘူး။ဒါေပမဲ့ ထိုင္းနိုင္ငံက Darika Klinkuhlabအမည္ရွိတဲ့ဒီသတို့သမီးမွာေတာ့ေမၽွာ္လင့္ထားသလိုျဖစ္မလာေတာ့ သူမရဲ့မဂၤလာေဆာင္ပြဲမွာ အေတာ္ေလး စိတ္အလိုမက်ျဖစ္ခဲ့ပါတယ္။Darika Klinkuhlabဟာ သြားဖို့နည္းနည္းေဝးေနတဲ့ သူမပုံမွန္ျပင္ေနက်႕ အလွျပင္ဆိုင္ကို မသြားဘဲ မၾကာေသးမီကသူမအိမ္အနီးမွာ ဖြင့္ခဲ့တဲ့အလွျပင္ဆိုင္ရဲ့အလွျပင္ေပးဖို့ကမ္းလွမ္းခ်က္ကို လက္ခံေရြးခ်ယ္ခဲ့တာပါ။သူမရဲ့အထူးေန႔ႀကီးမွာ အဆိုပါဆိုင္ကို ေန႔လည္မြန္းတည့္ခ်ိန္ေလာက္ သြားခဲ့ၿပီး မိတ္ကပ္လိမ္းစဖို့ ၃နာရီေလာက္ ေစာင့္ေနခဲ့ရပါတယ္။ပိုဆိုးတာက ရလဒ္က ဆိုးရြားေနၿပီး မဂၤလာေဆာင္ပြဲကို ညေန ၄နာရီမွာစီစဥ္ထားတဲ့အတြက္ သူမရဲ့မိတ္ကပ္ကို ျပန္ျပင္ဖို့ အခ်ိန္မရေတာ့တာပါဘဲ။

သူမဟာ မိတ္ကပ္ရလဒ္ကို စိတ္ပ်က္ေနေပမဲ့လည္း သူမရဲ့မဂၤလာေဆာင္အခမ္းအနားကို စိတ္အလိုမက်စြာနဲ႔ဘဲျဖတ္သန္းခဲ့လိုက္ရပါတယ္။အဲဒီေနာက္ Facebook ေပၚက အမ်ိဳးသမီးေတြကို သူမလိုအျဖစ္မ်ိဳး မျဖစ္ရေအာင္ မိတ္ကပ္ဆရာကို ေသခ်ာေရြးခ်ယ္သင့္ေၾကာင္း မၽွေဝေျပာျပခဲ့ပါေတာ့တယ္။အဆိုပါစုံတြဲဟာ ဘယ္ေလာက္ဘဲၾကည့္ရဆိုးေနပါေစ သူတို့ပြဲကိုေတာ့ ဆက္လက္က်င္းပခဲ့ၾကရပါတယ္။အမွန္ေတာ့ မဂၤလာေဆာင္စုံတြဲက ၾကည့္ေကာင္းေနရၿပီး အထူးသျဖင့္ သတို့သမီးကမဂၤလာပြဲအတြင္း ရင္သပ္ရွုေမာရေလာက္တဲ့အထိ ျဖာထြက္လွပေနရမွာပါ။ Darika Klinkuhlabကေတာ့ အဲ့လိုျဖစ္မေနခဲ့ပါဘူး။သူမရဲ့Facebook ပိုစ့္ ပ်ံ႕ႏွံ့သြားၿပီးေနာက္ ဘန္ေကာက္ၿမိဳ့အေျခစိုက္ Park Eun Youngအမည္ရွိတဲ့ပေရာဖက္ရွင္နယ္ဓာတ္ပုံဆရာတစ္ဦးက ပုံေတြကိုျမင္သြားခဲ့ၿပီး သူမအဖြဲ႕နဲ႔မဂၤေဆာင္ဓာတ္ပုံေနာက္တစ္ေခါက္ျပန္ရိုက္ဖို့ Darika Klinkuhlabကို ဆယ္သြယ္ကမ္းလွမ္းခဲ့ပါေတာ့တယ္။

Darika Klinkuhlabက သူမေနတဲ့ Chai Nat ၿမိဳ့နဲ႔ ဘန္ေကာက္ကအေတာ္ေလးေဝးေနတာေၾကာင့္ အဆိုပါကမ္းလွမ္းခ်က္ကိုျငင္းဆိုခဲ့ပါတယ္။ဒါေပမဲ့ Darika Klinkuhlabဘဝမွာ အံ့အားသင့္စရာအျဖစ္အပ်က္တစ္ခုအလား အဆိုပါ ဓာတ္ပုံဆရာParkနဲ႔သူမအဖြဲ႕ဝင္ေတြက Chai Natၿမိဳ့ကို ေရာက္ခ်လာခဲ့ပါတယ္။ဒီေတာ့ Darika Klinkuhlabလည္း ေၾကာ့ရွင္းတဲ့ဝတ္စုံ၊ပိုေကာင္းတဲ့ဆံပင္အလွ၊မိတ္ကပ္ပညာရွင္ေတြနဲ႔ သူမရဲ့မဂၤေဆာင္ဓာတ္ပုံေတြကို ျပန္လည္ရိုက္ကူးနိုင္ခဲ့ပါတယ္။ဒီတစ္ေခါက္ေတာ့ ဓာတ္ပုံဆရာParkရဲ့လက္စြမ္းေၾကာင့္ ရလဒ္က အေတာ္ေလးကြာျခားေနၿပီး သူမရဲ့သဘာဝအလွေလးကို ပိုထင္ထင္ရွားရွားေပၚလြင္သြားေစခဲ့ပါတယ္။ဒါ့ေၾကာင့္ ဘဝရဲ့အလွပဆုံးအခိုက္အတန္႔တစ္ခုျဖစ္တဲ့ ကိုယ့္ရဲ့မဂၤလာေဆာင္ပြဲမွာ အလွျပင္ဆိုင္နဲ႔ မိတ္ကပ္ဆရာကို အေရြးမမွားေစဖို့ ေသခ်ာစုံးစမ္းေမးျမန္းၾကပါလို့ ေျပာခဲ့ခ်င္ပါတယ္။

4

5

6

7

Mia (Mckzone Daily)

Source : elitereaders

Unicode

အမျိုးသမီးတွေတော်တော်များများဟာ လှပပြီးအိမ်မက်ဆန်တဲ့နတ်သမီးပုံပြင်လေးတစ်ပုဒ်လို မင်္ဂဆောင်ချင်ကြတာကြောင့် အဲ့လိုအထူးနေ့မှာ လှလှပပလေးဖြစ်နေဖို့အတွက် ပိုက်ဆံအမြောက်အများအကုန်ကျခံတတ်ကြပါတယ်။ထိမ်းမြားလက်ထပ်ခြင်းဟာ ကြီးမားတဲ့ကတိကဝတ်တစ်ခုဖြစ်ပြီး တစ်ဘဝလုံးစာအတွက် တန်ဖိုးထားရမယ့် အမှတ်တရတစ်ခုလည်းမမှားပါဘူး။ဒါပေမဲ့ ထိုင်းနိုင်ငံက Darika Klinkuhlabအမည်ရှိတဲ့ဒီသတို့သမီးမှာတော့မျှော်လင့်ထားသလိုဖြစ်မလာတော့ သူမရဲ့မင်္ဂလာဆောင်ပွဲမှာ အတော်လေး စိတ်အလိုမကျဖြစ်ခဲ့ပါတယ်။Darika Klinkuhlabဟာ သွားဖို့နည်းနည်းဝေးနေတဲ့ သူမပုံမှန်ပြင်နေကျ့ အလှပြင်ဆိုင်ကို မသွားဘဲ မကြာသေးမီကသူမအိမ်အနီးမှာ ဖွင့်ခဲ့တဲ့အလှပြင်ဆိုင်ရဲ့အလှပြင်ပေးဖို့ကမ်းလှမ်းချက်ကို လက်ခံရွေးချယ်ခဲ့တာပါ။သူမရဲ့အထူးနေ့ကြီးမှာ အဆိုပါဆိုင်ကို နေ့လည်မွန်းတည့်ချိန်လောက် သွားခဲ့ပြီး မိတ်ကပ်လိမ်းစဖို့ ၃နာရီလောက် စောင့်နေခဲ့ရပါတယ်။ပိုဆိုးတာက ရလဒ်က ဆိုးရွားနေပြီး မင်္ဂလာဆောင်ပွဲကို ညနေ ၄နာရီမှာစီစဉ်ထားတဲ့အတွက် သူမရဲ့မိတ်ကပ်ကို ပြန်ပြင်ဖို့ အချိန်မရတော့တာပါဘဲ။

သူမဟာ မိတ်ကပ်ရလဒ်ကို စိတ်ပျက်နေပေမဲ့လည်း သူမရဲ့မင်္ဂလာဆောင်အခမ်းအနားကို စိတ်အလိုမကျစွာနဲ့ဘဲဖြတ်သန်းခဲ့လိုက်ရပါတယ်။အဲဒီနောက် Facebook ပေါ်က အမျိုးသမီးတွေကို သူမလိုအဖြစ်မျိုး မဖြစ်ရအောင် မိတ်ကပ်ဆရာကို သေချာရွေးချယ်သင့်ကြောင်း မျှဝေပြောပြခဲ့ပါတော့တယ်။အဆိုပါစုံတွဲဟာ ဘယ်လောက်ဘဲကြည့်ရဆိုးနေပါစေ သူတို့ပွဲကိုတော့ ဆက်လက်ကျင်းပခဲ့ကြရပါတယ်။အမှန်တော့ မင်္ဂလာဆောင်စုံတွဲက ကြည့်ကောင်းနေရပြီး အထူးသဖြင့် သတို့သမီးကမင်္ဂလာပွဲအတွင်း ရင်သပ်ရှုမောရလောက်တဲ့အထိ ဖြာထွက်လှပနေရမှာပါ။ Darika Klinkuhlabကတော့ အဲ့လိုဖြစ်မနေခဲ့ပါဘူး။သူမရဲ့Facebook ပိုစ့် ပျံ့နှံ့သွားပြီးနောက် ဘန်ကောက်မြို့အခြေစိုက် Park Eun Youngအမည်ရှိတဲ့ပရောဖက်ရှင်နယ်ဓာတ်ပုံဆရာတစ်ဦးက ပုံတွေကိုမြင်သွားခဲ့ပြီး သူမအဖွဲ့နဲ့မင်္ဂဆောင်ဓာတ်ပုံနောက်တစ်ခေါက်ပြန်ရိုက်ဖို့ Darika Klinkuhlabကို ဆယ်သွယ်ကမ်းလှမ်းခဲ့ပါတော့တယ်။

Darika Klinkuhlabက သူမနေတဲ့ Chai Nat မြို့နဲ့ ဘန်ကောက်ကအတော်လေးဝေးနေတာကြောင့် အဆိုပါကမ်းလှမ်းချက်ကိုငြင်းဆိုခဲ့ပါတယ်။ဒါပေမဲ့ Darika Klinkuhlabဘဝမှာ အံ့အားသင့်စရာအဖြစ်အပျက်တစ်ခုအလား အဆိုပါ ဓာတ်ပုံဆရာParkနဲ့သူမအဖွဲ့ဝင်တွေက Chai Natမြို့ကို ရောက်ချလာခဲ့ပါတယ်။ဒီတော့ Darika Klinkuhlabလည်း ကြော့ရှင်းတဲ့ဝတ်စုံ၊ပိုကောင်းတဲ့ဆံပင်အလှ၊မိတ်ကပ်ပညာရှင်တွေနဲ့ သူမရဲ့မင်္ဂဆောင်ဓာတ်ပုံတွေကို ပြန်လည်ရိုက်ကူးနိုင်ခဲ့ပါတယ်။ဒီတစ်ခေါက်တော့ ဓာတ်ပုံဆရာParkရဲ့လက်စွမ်းကြောင့် ရလဒ်က အတော်လေးကွာခြားနေပြီး သူမရဲ့သဘာဝအလှလေးကို ပိုထင်ထင်ရှားရှားပေါ်လွင်သွားစေခဲ့ပါတယ်။ဒါ့ကြောင့် ဘဝရဲ့အလှပဆုံးအခိုက်အတန့်တစ်ခုဖြစ်တဲ့ ကိုယ့်ရဲ့မင်္ဂလာဆောင်ပွဲမှာ အလှပြင်ဆိုင်နဲ့ မိတ်ကပ်ဆရာကို အရွေးမမှားစေဖို့ သေချာစုံးစမ်းမေးမြန်းကြပါလို့ ပြောခဲ့ချင်ပါတယ်။

Mia (Mckzone Daily)

Be the first to comment on "မိတ္ကပ္ဆရာအေရြးမွားသြားခဲ့လို႔ လက္ထပ္ပြဲေန႔မွာ စိတ္အလိုမက်ကာ ပုံပ်က္ပန္းပ်က္ျဖစ္ေနခဲ့ရတဲ့ စုံတြဲ"

Leave a comment

Your email address will not be published.


*