အမ်ားနဲ႔မတူ ကြဲျပားခ်င္လို႔ ခရမ္းေရာင္ Eye Tattoo ထိုးၿပီးေနာက္ အျမင္အာ႐ုံပ်က္စီးသြားခဲ့ရတဲ့ အမ်ိဳးသမီး

ဆုံးျဖတ္ခ်က္ေတြဟာ ေကာင္းသည္ျဖစ္ေစ ဆိုးသည္ျဖစ္ေစ တစ္ခါတစ္ရံ သူတို့ဟာ တည္ျမဲသြားတဲ့အက်ိဳးဆက္ေတြကို သယ္လာတတ္ပါတယ္။ကေနဒါနိုင္ငံ Ottawa ၿမိဳ့မွ အသက္၂၄ႏွစ္အရြယ္Catt Gallinger အမည္ရွိတဲ့ေမာ္ဒယ္မေလးဟာ သူမရဲ့ေၾကာက္မက္ဖြယ္အေတြ႕အၾကဳံကို အျခားသူအားသတိေပးဖို့ေမၽွာ္လင့္ခ်က္ျဖင့္ social media မွာ သူမရဲ့အေၾကာင္းကိုမၽွေဝခဲ့ပါတယ္။Catt Gallinger ဟာ ခရမ္းေရာင္မ်က္လုံးတက္တူးထိုးတဲ့လုပ္ထုံးလုပ္နည္းမွာ အလြန္ဆိုးဝါးစြာ မွားယြင္းသြားခဲ့ၿပီး ဘာမွမလုပ္နိုင္ေတာ့တဲ့သူမရဲ့ဆုံးျဖတ္ခ်က္ကို ေနာင္တရေနေပမဲ့လည္း သူမရဲ့ညာဘက္မ်က္လုံးအျမင္အာ႐ုံကို အဆုံးရွူံးခံခဲ့လိုက္ရပါတယ္။Catt ရဲ့ Facebook စာမ်က္ႏွာေတြမွာ သူမရဲ့မ်က္လုံးပ်က္စီးသြားပုံအဆင့္ဆင့္ကို ေဖာ္ျပထားပါေသးတယ္။

သူမရဲ့ညာဘက္မ်က္လုံးကခရမ္းေရာင္ေဆးရည္ ႐ုတ္တရက္စီးဆင္းလာေတာ့ သူမေဆး႐ုံသို့အျမန္သြားခဲ့ၿပီး ဆရာဝန္က သူမအား ပဋိဇီဝမ်က္လုံးေဆးရည္ေတြေပးၿပီးအိမ္သို့ျပန္ခိုင္းခဲ့ေပမဲ့လည္း သူမရဲ့အေျခအေနဟာ ပိုမိုဆိုးရြားလာခဲ့ပါတယ္။ဆရာဝန္ေတြက သူမအား ေဟာ္မုန္း၊ဗီတာမင္စတဲ့ကိုယ္ခႏၶာမွသဘာဝအေလ်ာက္ထုတ္လုပ္ေပးတဲ့ဓာတုျဒပ္ေပါင္းကို က်ဆင္းသြားေစတဲ့ေဆးေတြေပးခဲ့ၿပီး သုံးပတ္အၾကာမွာေတာ့ သူမရဲ့ မ်က္ၾကည္လႊာတစ္ဝိုက္မွာ ခရမ္းေရာင္တက္တူးကစတင္ခဲလာကာ သူမရဲ့အျမင္အာ႐ုံကိုမွုန္ဝါးသြားေစၿပီး ျပင္းထန္စြာခံစားရတဲ့အဆင္မေျပမွုေတြျဖစ္ေစခဲ့ေၾကာင္း DailyMail က ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ သူမရဲ့မ်က္လုံးအျမင္အာ႐ုံပ်က္စီးသြားနိုင္ေၾကာင္းႏွင့္ ထိုကဲ့သို့ျဖစ္ရျခင္းက သူတို့တက္တူးထိုးစဥ္ကာလအတြင္း အသုံးျပဳတဲ့ပစၥည္းအခ်ိဳ့ကိုစနစ္တက်ပိုးမသတ္ထားလို့လည္းျဖစ္နိုင္ေၾကာင္း ဆရာဝန္ေတြက ဆိုထားပါတယ္။ဒါေပမဲ့ Catt က ခြဲစိတ္ကုသမွုဟာသူမအေျခအေနကိုတိုးတက္ေကာင္းမြန္လာေစမယ္လို့လည္း ေမၽွာ္လင့္ေနခဲ့ပါတယ္။Catt ဟာ အျခားသူေတြအား အလားတူတက္တူးထိုးတဲ့လုပ္ထုံးလုပ္နည္းကို ျပဳလုပ္ဖို့စဥ္းစားေနသူေတြအတြက္ တက္တူးဆရာတစ္ေယာက္တည္းကိုသာမၾကည့္ဘဲ သူတို့ရဲ့ေဖာက္သည္အခ်ိဳ့သို့မဟုတ္ တက္တူးထိုးဖူးတဲ့လူေတြရဲ့အေတြ႕အၾကဳံေတြကိုႀကိဳတင္ေမးျမန္းေလ့လာၿပီး ေသခ်ာမွ တက္တူးထိုးၾကဖို့ သူမက သတိေပးခဲ့ပါေသးတယ္။

Mia (Mckzone Daily)

Source : elitereaders

Unicode

ဆုံးဖြတ်ချက်တွေဟာ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ တစ်ခါတစ်ရံ သူတို့ဟာ တည်မြဲသွားတဲ့အကျိုးဆက်တွေကို သယ်လာတတ်ပါတယ်။ကနေဒါနိုင်ငံ Ottawa မြို့မှ အသက်၂၄နှစ်အရွယ်Catt Gallinger အမည်ရှိတဲ့မော်ဒယ်မလေးဟာ သူမရဲ့ကြောက်မက်ဖွယ်အတွေ့အကြုံကို အခြားသူအားသတိပေးဖို့မျှော်လင့်ချက်ဖြင့် social media မှာ သူမရဲ့အကြောင်းကိုမျှဝေခဲ့ပါတယ်။Catt Gallinger ဟာ ခရမ်းရောင်မျက်လုံးတက်တူးထိုးတဲ့လုပ်ထုံးလုပ်နည်းမှာ အလွန်ဆိုးဝါးစွာ မှားယွင်းသွားခဲ့ပြီး ဘာမှမလုပ်နိုင်တော့တဲ့သူမရဲ့ဆုံးဖြတ်ချက်ကို နောင်တရနေပေမဲ့လည်း သူမရဲ့ညာဘက်မျက်လုံးအမြင်အာရုံကို အဆုံးရှူံးခံခဲ့လိုက်ရပါတယ်။Catt ရဲ့ Facebook စာမျက်နှာတွေမှာ သူမရဲ့မျက်လုံးပျက်စီးသွားပုံအဆင့်ဆင့်ကို ဖော်ပြထားပါသေးတယ်။

သူမရဲ့ညာဘက်မျက်လုံးကခရမ်းရောင်ဆေးရည် ရုတ်တရက်စီးဆင်းလာတော့ သူမဆေးရုံသို့အမြန်သွားခဲ့ပြီး ဆရာဝန်က သူမအား ပဋိဇီဝမျက်လုံးဆေးရည်တွေပေးပြီးအိမ်သို့ပြန်ခိုင်းခဲ့ပေမဲ့လည်း သူမရဲ့အခြေအနေဟာ ပိုမိုဆိုးရွားလာခဲ့ပါတယ်။ဆရာဝန်တွေက သူမအား ဟော်မုန်း၊ဗီတာမင်စတဲ့ကိုယ်ခန္ဓာမှသဘာဝအလျောက်ထုတ်လုပ်ပေးတဲ့ဓာတုဒြပ်ပေါင်းကို ကျဆင်းသွားစေတဲ့ဆေးတွေပေးခဲ့ပြီး သုံးပတ်အကြာမှာတော့ သူမရဲ့ မျက်ကြည်လွှာတစ်ဝိုက်မှာ ခရမ်းရောင်တက်တူးကစတင်ခဲလာကာ သူမရဲ့အမြင်အာရုံကိုမှုန်ဝါးသွားစေပြီး ပြင်းထန်စွာခံစားရတဲ့အဆင်မပြေမှုတွေဖြစ်စေခဲ့ကြောင်း DailyMail က ဖော်ပြထားပါတယ်။

ဒါ့အပြင် သူမရဲ့မျက်လုံးအမြင်အာရုံပျက်စီးသွားနိုင်ကြောင်းနှင့် ထိုကဲ့သို့ဖြစ်ရခြင်းက သူတို့တက်တူးထိုးစဉ်ကာလအတွင်း အသုံးပြုတဲ့ပစ္စည်းအချို့ကိုစနစ်တကျပိုးမသတ်ထားလို့လည်းဖြစ်နိုင်ကြောင်း ဆရာဝန်တွေက ဆိုထားပါတယ်။ဒါပေမဲ့ Catt က ခွဲစိတ်ကုသမှုဟာသူမအခြေအနေကိုတိုးတက်ကောင်းမွန်လာစေမယ်လို့လည်း မျှော်လင့်နေခဲ့ပါတယ်။Catt ဟာ အခြားသူတွေအား အလားတူတက်တူးထိုးတဲ့လုပ်ထုံးလုပ်နည်းကို ပြုလုပ်ဖို့စဉ်းစားနေသူတွေအတွက် တက်တူးဆရာတစ်ယောက်တည်းကိုသာမကြည့်ဘဲ သူတို့ရဲ့ဖောက်သည်အချို့သို့မဟုတ် တက်တူးထိုးဖူးတဲ့လူတွေရဲ့အတွေ့အကြုံတွေကိုကြိုတင်မေးမြန်းလေ့လာပြီး သေချာမှ တက်တူးထိုးကြဖို့ သူမက သတိပေးခဲ့ပါသေးတယ်။

Mia (Mckzone Daily)

  • Leave a Comment