ကြယ္ရာမွာခိုးေဖာက္ျပန္ေနတုန္း လြတ္ေျမာက္ဖို့ႀကိဳးစားရင္း ကိုယ့္အရွက္ကို ကိုယ္ျပန္မဆည္နိုင္ျဖစ္ခဲ့တဲ့ အမ်ိဳးသား (႐ုပ္သံ)

ဒီအရာက သင္ေန႔စဥ္ေန႔တိုင္းျမင္ေတြ႕ေနရမယ့္အရာေတာ့မဟုတ္ပါဘူး။အိမ္ေထာင္ေရးေဖာက္ျပားေနတဲ့အမ်ိဳးသားတစ္ဦးဟာ တိုက္ခန္းတစ္ခန္းရဲ့အျပင္ဘက္ျပတင္းေပါက္မွာ ရွက္စရာေကာင္းၿပီးအႏၲရာယ္မ်ားတဲ့အေျခအေနက်ေရာက္ေနခဲ့ရတဲ့ပုံကို ေဘးပတ္ဝန္းက်င္ကလူေတြက အမိအရရိုက္ကူးခဲ့ၾကပါတယ္။ဗီဒီယိုထဲမွာေတာ့ တိုက္ခန္းရဲ့တတိယထပ္ျပတင္းေပါက္မွာ တြဲခိုေနတဲ့အဆိုပါကိုယ္လုံးတီးနဲ႔အမ်ိဳးသားဟာ ေအာက္က ပိုက္နဲ႔ဝါယာႀကိဳးေပၚကို ေျခေထာက္ျဖင့္ ခႏၶာကိုယ္အေလးခ်ိန္ထိန္းကာ သူ႔လက္နဲ႔ျပတင္းေပါက္ေဘာင္ကို စြဲစြဲျမဲျမဲကိုင္ထားေနတာကို ေတြ႕ရမွာပါ။

ကံမေကာင္းစြာနဲ႔ ေနာက္ဆုံးေတာ့ သူ႔လက္ေတြက မကိုင္ထားနိုင္ေတာ့ဘဲ ေအာက္က အမွိုက္ပုံးတည့္တည့္ထဲကိုျပဳတ္က်သြားခဲ့ပါတယ္။အဆိုပါအမ်ိဳးသားဟာ လက္ပူးလက္ၾကပ္မိသြားမယ့္အေျခအေနကေနလြတ္ေျမာက္ဖို့ႀကိဳးစားခဲ့ေပမဲ့လည္း တိုက္ခန္းျပတင္းေပါက္မွ ပိုၿပီးရွက္ရြံ့ဖြယ္ေကာင္းတဲ့အေျခအေနသို့ေရာက္ရွိသြားခဲ့ပါတယ္။ဒီဗီဒီယိုဟာ အင္တာနက္အသုံးျပဳသူေတြရဲ့ အာ႐ုံကို ဖမ္းစားခဲ့ၿပီး အဆိုပါအမ်ိဳးသားကသူခ်စ္ရတဲ့ခ်စ္သူရဲ့ခင္ပြန္းကို ပုန္းလၽွိုးေနဖို့ႀကိဳးစားေနတယ္လို့လည္းယုံၾကည္ေနၾကပါတယ္။

အကယ္လို့ သူမကိုယ္တိုင္ကမလွည့္စားခဲ့ဘူးလို့ ေျပာေနရင္ေတာ့ တစ္စုံတစ္ေယာက္ကတိုက္ခန္းျပတင္းေပါက္ကေနထြက္ေျပးၿပီး ရွက္စရာေကာင္းတဲ့အေျခအေနအထိျဖစ္သြားခဲ့ရတဲ့အဆိုပါအေၾကာင္းက သက္ေသအျဖစ္ရွိေနမွာပါ။အင္တာနက္အသုံးျပဳသူေတြက ဒီဗီဒီယိုနဲ႔ပတ္သက္ၿပီး သူတို့ရဲ့အျမင္ကိုမၽွေဝခဲ့ၾကၿပီး တစ္ခ်ိဳ့က အဆိုပါအမ်ိဳးသားျပင္းထန္တဲ့ဒဏ္ရာမရေစဖို့ ေမၽွာ္လင့္ခဲ့ၾကသလို တစ္ခ်ိဳ့ကလည္း အဆိုပါအမ်ိဳသားရဲ့လိမ္လည္လွည့္စားမွုေၾကာင့္ သူ႔အားတန္ျပန္သက္ေရာက္ခံစားေစေၾကာင္းလည္း အမ်ိဳးမ်ိဳးေဝဖန္ေျပာဆိုထားၾကပါတယ္။ေနာက္ကြယ္မွာ ခိုးေဖာက္ျပန္ခဲ့တဲ့အဆိုပါအမ်ိဳးသားဟာ အဝတ္မပါဘဲ လုံးဝကိုယ္လုံးတီးနဲ႔ကို ပုံပ်က္ပန္းပ်က္ျဖစ္ေနခဲ့တာပါ။

Mia (Mckzone Daily)

Source : elitereaders

Unicode

ဒီအရာက သင်နေ့စဉ်နေ့တိုင်းမြင်တွေ့နေရမယ့်အရာတော့မဟုတ်ပါဘူး။အိမ်ထောင်ရေးဖောက်ပြားနေတဲ့အမျိုးသားတစ်ဦးဟာ တိုက်ခန်းတစ်ခန်းရဲ့အပြင်ဘက်ပြတင်းပေါက်မှာ ရှက်စရာကောင်းပြီးအန္တရာယ်များတဲ့အခြေအနေကျရောက်နေခဲ့ရတဲ့ပုံကို ဘေးပတ်ဝန်းကျင်ကလူတွေက အမိအရရိုက်ကူးခဲ့ကြပါတယ်။ဗီဒီယိုထဲမှာတော့ တိုက်ခန်းရဲ့တတိယထပ်ပြတင်းပေါက်မှာ တွဲခိုနေတဲ့အဆိုပါကိုယ်လုံးတီးနဲ့အမျိုးသားဟာ အောက်က ပိုက်နဲ့ဝါယာကြိုးပေါ်ကို ခြေထောက်ဖြင့် ခန္ဓာကိုယ်အလေးချိန်ထိန်းကာ သူ့လက်နဲ့ပြတင်းပေါက်ဘောင်ကို စွဲစွဲမြဲမြဲကိုင်ထားနေတာကို တွေ့ရမှာပါ။

ကံမကောင်းစွာနဲ့ နောက်ဆုံးတော့ သူ့လက်တွေက မကိုင်ထားနိုင်တော့ဘဲ အောက်က အမှိုက်ပုံးတည့်တည့်ထဲကိုပြုတ်ကျသွားခဲ့ပါတယ်။အဆိုပါအမျိုးသားဟာ လက်ပူးလက်ကြပ်မိသွားမယ့်အခြေအနေကနေလွတ်မြောက်ဖို့ကြိုးစားခဲ့ပေမဲ့လည်း တိုက်ခန်းပြတင်းပေါက်မှ ပိုပြီးရှက်ရွံ့ဖွယ်ကောင်းတဲ့အခြေအနေသို့ရောက်ရှိသွားခဲ့ပါတယ်။ဒီဗီဒီယိုဟာ အင်တာနက်အသုံးပြုသူတွေရဲ့ အာရုံကို ဖမ်းစားခဲ့ပြီး အဆိုပါအမျိုးသားကသူချစ်ရတဲ့ချစ်သူရဲ့ခင်ပွန်းကို ပုန်းလျှိုးနေဖို့ကြိုးစားနေတယ်လို့လည်းယုံကြည်နေကြပါတယ်။

အကယ်လို့ သူမကိုယ်တိုင်ကမလှည့်စားခဲ့ဘူးလို့ ပြောနေရင်တော့ တစ်စုံတစ်ယောက်ကတိုက်ခန်းပြတင်းပေါက်ကနေထွက်ပြေးပြီး ရှက်စရာကောင်းတဲ့အခြေအနေအထိဖြစ်သွားခဲ့ရတဲ့အဆိုပါအကြောင်းက သက်သေအဖြစ်ရှိနေမှာပါ။အင်တာနက်အသုံးပြုသူတွေက ဒီဗီဒီယိုနဲ့ပတ်သက်ပြီး သူတို့ရဲ့အမြင်ကိုမျှဝေခဲ့ကြပြီး တစ်ချို့က အဆိုပါအမျိုးသားပြင်းထန်တဲ့ဒဏ်ရာမရစေဖို့ မျှော်လင့်ခဲ့ကြသလို တစ်ချို့ကလည်း အဆိုပါအမျိုသားရဲ့လိမ်လည်လှည့်စားမှုကြောင့် သူ့အားတန်ပြန်သက်ရောက်ခံစားစေကြောင်းလည်း အမျိုးမျိုးဝေဖန်ပြောဆိုထားကြပါတယ်။နောက်ကွယ်မှာ ခိုးဖောက်ပြန်ခဲ့တဲ့အဆိုပါအမျိုးသားဟာ အဝတ်မပါဘဲ လုံးဝကိုယ်လုံးတီးနဲ့ကို ပုံပျက်ပန်းပျက်ဖြစ်နေခဲ့တာပါ။

Mia (Mckzone Daily)

Be the first to comment on "ကြယ္ရာမွာခိုးေဖာက္ျပန္ေနတုန္း လြတ္ေျမာက္ဖို့ႀကိဳးစားရင္း ကိုယ့္အရွက္ကို ကိုယ္ျပန္မဆည္နိုင္ျဖစ္ခဲ့တဲ့ အမ်ိဳးသား (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*