သမားရိုးက်မဟုတ္တဲ့ အလွတရားေတြနဲ႔ Modelေလာကကိုတုန္လွုပ္သြားေစခဲ့တဲ့ အမ်ိဳးသမီးေမာ္ဒယ္

အခုအခ်ိန္မွာ Supermodel လို့ေျပာရင္ Kendall Jenner ဒါမွမဟုတ္ Hadid ညီအစ္မေတြျဖစ္တဲ့ Gigi နဲ႔ Bella တို့ကိုခ်က္ခ်င္းစဥ္းစားမိသြားၾကပါလိမ့္မယ္။ ပုံပန္းသ႑န္ေပၚ မူတည္ၿပီး သူတို့ဟာကြဲျပားေနတာေၾကာင့္ သာမန္အားျဖင့္ သူတို့ကိုေမာ္ဒယ္စံႏွုန္းေတြထဲထည့္သြင္းစဥ္းစားၾကပါတယ္။လက္ရွိမွာေတာ့ Tsunainaအမည္ရွိတဲ့ေမာ္ဒယ္အသစ္တစ္ဦးေပၚထြက္လာၿပီး သူမရဲ့႐ုပ္ရည္အသြင္အျပင္ဟာ အလြန္ကြဲျပားျခားနားေနတာေၾကာင့္ အခ်ိဳ့က ဒီေမာ္ဒယ္ေလာကဟာ သူမနဲ႔ပိုၿပီးသင့္ေလ်ာ္တယ္လို့လည္း ဆိုၾကပါတယ္။တ႐ုတ္နိုင္ငံ Tibetေဒသမွာ ေမြးဖြားၿပီး UK နိုင္ငံမွာေနထိုင္တဲ့ Tsunaina ဟာ လွပတဲ့မ်က္လုံးမ်ား၊လွပတဲ့ႏွုတ္ခမ္း၊ထင္ရွားတဲ့ေမးရိုး ႏွင့္ သူမရဲ့မ်က္ႏွာေပၚမွာ လွပျခင္းအမွတ္အသားေတြ အမ်ားႀကီးပါရွိေနပါတယ္။

ဒါေပမယ့္ Tsunaina ရဲ့အထင္ရွားဆုံးအဂၤါရပ္တစ္ခုဟာ ႏွာေခါင္းျဖစ္ၿပီး သူမရဲ့ႏွာတံဟာ မယုံနိုင္ေလာက္ေအာင္က်ယ္ျပန္႔ၿပီးျပားေနပါတယ္။သူမကို Avatar ႐ုပ္ရွင္ဇာတ္ကားထဲက ဇာတ္ေကာင္ Neytiri နဲ႔တူေၾကာင္း ပရိသတ္တခ်ိဳ့ကဆိုၾကပါေသးတယ္။တျခားေမာ္ဒယ္ေတြကို ပုံမွန္ လမ္းေပၚမွာရွာေတြ႕ခဲ့သလို Tsunaina ကိုလည္း ေမာ္ဒယ္ေအဂ်င္စီတစ္ခုက အဆိုပါနည္းအတိုင္း ေတြ႕ရွိခဲ့ၾကတာပါ။Tsunaina ဟာ The Squad စီမံခန႔္ခြဲေရးႏွင့္အတူအလုပ္လုပ္ေနၿပီး Christian Dior ရဲ့ေမာ္ဒယ္တစ္ဦးလည္းျဖစ္ေနပါတယ္။သင္ဟာ သမာရိုးက်တဲ့အဂၤါရပ္ေတြ ရွိေနရင္ေတာင္ သူမရဲ့သမာရိုးက်မဟုတ္တဲ့အလွတရားေတြက ပိုစိတ္ဝင္စားဖို့ေကာင္းတယ္ဆိုတာကို ျငင္းနိုင္မွာမဟုတ္ပါဘူး။

Tsunaina ဟာလက္ရွိေမာ္ဒယ္ေတြထဲမွ တစ္ဦးျဖစ္ၿပီး သူမရဲ့စိတ္ဝင္စားစရာေကာင္းတဲ့ပုံစံျဖင့္ ေမာ္ဒယ္ေလာကကိုဆြဲေဆာင္ေနခဲ့ပါတယ္။အမ်ိဳးသမီးတစ္ဦးဟာ လွပတဲ့အသြင္အျပင္၊ပိုမိုဝင္းလက္တဲ့အသားအေရ သို့မဟုတ္ ၿပီးျပည့္စုံတဲ့ခႏၶာကိုယ္အစိတ္အပိုင္းေတြကိုသာ ပိုင္ဆိုင္ရမယ္လို့သတ္မွတ္ထားတဲ့ေခတ္ႀကီးဟာ ေပ်ာက္ကြယ္လုနီးပါးျဖစ္လာေနပါၿပီ။ဒီေတာ့ လူအေတာ္မ်ားမ်ားကလည္း ေရွ႕ဆက္ၿပီး ေမာ္ဒယ္ေလာကဟာ အထူးသျဖင့္ Instagram ႏွင့္ အလွအပမ်ိဳးစုံကိုျမႇင့္တင္ေပးတဲ့ social media ပလက္ေဖာင္းမ်ားရွိ ေမာ္ဒယ္ေတြဟာ ဘယ္လိုအဆက္မျပတ္ေျပာင္းလဲမွုေတြျဖစ္လာေနအုံးမယ္ဆိုတာကို စိတ္ဝင္တစားနဲ႔အျမဲေစာင့္ၾကည့္ေနၾကရပါတယ္။

1

2

3

4

5

Mia (Mckzone Daily)

Source : elitereaders

Unicode

အခုအချိန်မှာ Supermodel လို့ပြောရင် Kendall Jenner ဒါမှမဟုတ် Hadid ညီအစ်မတွေဖြစ်တဲ့ Gigi နဲ့ Bella တို့ကိုချက်ချင်းစဉ်းစားမိသွားကြပါလိမ့်မယ်။ ပုံပန်းသဏ္ဍန်ပေါ် မူတည်ပြီး သူတို့ဟာကွဲပြားနေတာကြောင့် သာမန်အားဖြင့် သူတို့ကိုမော်ဒယ်စံနှုန်းတွေထဲထည့်သွင်းစဉ်းစားကြပါတယ်။လက်ရှိမှာတော့ Tsunainaအမည်ရှိတဲ့မော်ဒယ်အသစ်တစ်ဦးပေါ်ထွက်လာပြီး သူမရဲ့ရုပ်ရည်အသွင်အပြင်ဟာ အလွန်ကွဲပြားခြားနားနေတာကြောင့် အချို့က ဒီမော်ဒယ်လောကဟာ သူမနဲ့ပိုပြီးသင့်လျော်တယ်လို့လည်း ဆိုကြပါတယ်။တရုတ်နိုင်ငံ Tibetဒေသမှာ မွေးဖွားပြီး UK နိုင်ငံမှာနေထိုင်တဲ့ Tsunaina ဟာ လှပတဲ့မျက်လုံးများ၊လှပတဲ့နှုတ်ခမ်း၊ထင်ရှားတဲ့မေးရိုး နှင့် သူမရဲ့မျက်နှာပေါ်မှာ လှပခြင်းအမှတ်အသားတွေ အများကြီးပါရှိနေပါတယ်။

ဒါပေမယ့် Tsunaina ရဲ့အထင်ရှားဆုံးအင်္ဂါရပ်တစ်ခုဟာ နှာခေါင်းဖြစ်ပြီး သူမရဲ့နှာတံဟာ မယုံနိုင်လောက်အောင်ကျယ်ပြန့်ပြီးပြားနေပါတယ်။သူမကို Avatar ရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ကောင် Neytiri နဲ့တူကြောင်း ပရိသတ်တချို့ကဆိုကြပါသေးတယ်။တခြားမော်ဒယ်တွေကို ပုံမှန် လမ်းပေါ်မှာရှာတွေ့ခဲ့သလို Tsunaina ကိုလည်း မော်ဒယ်အေဂျင်စီတစ်ခုက အဆိုပါနည်းအတိုင်း တွေ့ရှိခဲ့ကြတာပါ။Tsunaina ဟာ The Squad စီမံခန့်ခွဲရေးနှင့်အတူအလုပ်လုပ်နေပြီး Christian Dior ရဲ့မော်ဒယ်တစ်ဦးလည်းဖြစ်နေပါတယ်။သင်ဟာ သမာရိုးကျတဲ့အင်္ဂါရပ်တွေ ရှိနေရင်တောင် သူမရဲ့သမာရိုးကျမဟုတ်တဲ့အလှတရားတွေက ပိုစိတ်ဝင်စားဖို့ကောင်းတယ်ဆိုတာကို ငြင်းနိုင်မှာမဟုတ်ပါဘူး။

Tsunaina ဟာလက်ရှိမော်ဒယ်တွေထဲမှ တစ်ဦးဖြစ်ပြီး သူမရဲ့စိတ်ဝင်စားစရာကောင်းတဲ့ပုံစံဖြင့် မော်ဒယ်လောကကိုဆွဲဆောင်နေခဲ့ပါတယ်။အမျိုးသမီးတစ်ဦးဟာ လှပတဲ့အသွင်အပြင်၊ပိုမိုဝင်းလက်တဲ့အသားအရေ သို့မဟုတ် ပြီးပြည့်စုံတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုသာ ပိုင်ဆိုင်ရမယ်လို့သတ်မှတ်ထားတဲ့ခေတ်ကြီးဟာ ပျောက်ကွယ်လုနီးပါးဖြစ်လာနေပါပြီ။ဒီတော့ လူအတော်များများကလည်း ရှေ့ဆက်ပြီး မော်ဒယ်လောကဟာ အထူးသဖြင့် Instagram နှင့် အလှအပမျိုးစုံကိုမြှင့်တင်ပေးတဲ့ social media ပလက်ဖောင်းများရှိ မော်ဒယ်တွေဟာ ဘယ်လိုအဆက်မပြတ်ပြောင်းလဲမှုတွေဖြစ်လာနေအုံးမယ်ဆိုတာကို စိတ်ဝင်တစားနဲ့အမြဲစောင့်ကြည့်နေကြရပါတယ်။

Mia (Mckzone Daily)

  • Leave a Comment