သြားမ်ားမညီညာလို႔ ငယ္စဥ္ကတည္းက သြားထိန္းညႇိထားခဲ့ရတဲ့ ေခြးေလး

ေျမာက္အေမရိက Michiganျပည္နယ္ Spring Lakeရြာမွ Molly Moore အမည္ရွိအမ်ိဳးသမီးတစ္ဦးပိုင္ဆိုင္တဲ့ ၆လအရြယ္Wesley အမည္ရွိ Golden Retriever ေခြးေလးတစ္ေကာင္ဟာ သူ႔ရဲ့သြားထိန္းညႇိထားတဲ့ခ်စ္စရာ့ပုံေလးေတြေၾကာင့္ လူသိမ်ားေက်ာ္ၾကားသြားခဲ့ပါတယ္။Wesleyဟာ ေမြးကင္းစအရြယ္ကတည္းက မညီညာေနတဲ့သြားျပႆနာေၾကာင့္ သူ႔ရဲ့သြားေတြကိုခ်ိန္ညႇိနိုင္ဖို့အတြက္ သတၱဳႀကိဳးအထိမ္းအကြပ္ေတြနဲ႔ တပ္ဆင္ထားခဲ့ရတာပါ။သြားေတြကိုက္ခဲျခင္းေၾကာင့္ သနားစရာေကာင္းတဲ့ေခြးေလးဟာ အစာစားရန္အခက္ေတြ႕ေနခဲ့ရၿပီး ပါးစပ္ပိတ္ဖို့လည္း ခက္ခဲခဲ့ရပါတယ္။Wesleyက သူ႔ရဲ့ကစားစရာေတြနဲ႔ကစားေနျခင္းမရွိဘဲ သူ႔ကိုယ္အေလးခ်ိန္လည္း တျဖည္းျဖည္းက်ေနခဲ့ေၾကာင္းMolly က Buzzfeed ကိုရွင္းျပထားပါတယ္။

အဆိုပါေခြးေလးဟာ နာက်င္မွုကင္းမဲ့ၿပီးေပ်ာ္ရႊင္တဲ့ေခြးတစ္ေကာင္အျဖစ္ေနထိုင္နိုင္ဖို့အတြက္ သူ႔ကိုတစ္ခုခုလုပ္ေပးဖို့ အကူအညီလိုအပ္ေနခဲ့ရပါတယ္။ကံေကာင္းေထာက္မစြာနဲ႔ Jim Moore အမည္ရွိတဲ့ Molly ရဲ့အေဖဟာ Spring Lakeရြာရွိ Harborfrontတိရိစၧာန္ေဆး႐ုံက တိရိစၧာန္သြားဘက္ဆိုင္ရာအထူးျပဳဆရာဝန္တစ္ဦးျဖစ္ေနတဲ့အတြက္ Wesley ရဲ့သြားျပႆနာကိုေျဖရွင္းေပးဖို့ ဆုံးျဖတ္ခဲ့ၿပီး ေခြးေလးရဲ့သြားေတြကိုသတၱဳအထိမ္းအကြပ္နဲ႔တပ္ဆင္ျခင္းျဖင့္ သူ႔ရဲ့ကိုက္ခဲေနတဲ့သြားေဝဒနာကို သက္သာေအာင္ ကူညီေပးနိုင္ခဲ့ပါတယ္။ကံေကာင္းတဲ့ Wesley ေလးက ၿပီးျပည့္စုံတဲ့မိသားစုနဲ႔ေတြ႕ခဲ့တာေၾကာင့္ အခုအခ်ိန္မွာေတာ့ အင္တာနက္စာမ်က္ႏွာေပၚမွာသြားညႇိထားတဲ့ခ်စ္စရာ့ေခြးေလးအျဖစ္ လူအမ်ားစုရဲ့ အာ႐ုံကို ဖမ္းစားေနပါတယ္။

Mia (Mckzone Daily)

Source : dailymail

Unicode

မြောက်အမေရိက Michiganပြည်နယ် Spring Lakeရွာမှ Molly Moore အမည်ရှိအမျိုးသမီးတစ်ဦးပိုင်ဆိုင်တဲ့ ၆လအရွယ်Wesley အမည်ရှိ Golden Retriever ခွေးလေးတစ်ကောင်ဟာ သူ့ရဲ့သွားထိန်းညှိထားတဲ့ချစ်စရာ့ပုံလေးတွေကြောင့် လူသိများကျော်ကြားသွားခဲ့ပါတယ်။Wesleyဟာ မွေးကင်းစအရွယ်ကတည်းက မညီညာနေတဲ့သွားပြဿနာကြောင့် သူ့ရဲ့သွားတွေကိုချိန်ညှိနိုင်ဖို့အတွက် သတ္တုကြိုးအထိမ်းအကွပ်တွေနဲ့ တပ်ဆင်ထားခဲ့ရတာပါ။သွားတွေကိုက်ခဲခြင်းကြောင့် သနားစရာကောင်းတဲ့ခွေးလေးဟာ အစာစားရန်အခက်တွေ့နေခဲ့ရပြီး ပါးစပ်ပိတ်ဖို့လည်း ခက်ခဲခဲ့ရပါတယ်။Wesleyက သူ့ရဲ့ကစားစရာတွေနဲ့ကစားနေခြင်းမရှိဘဲ သူ့ကိုယ်အလေးချိန်လည်း တဖြည်းဖြည်းကျနေခဲ့ကြောင်းMolly က Buzzfeed ကိုရှင်းပြထားပါတယ်။

အဆိုပါခွေးလေးဟာ နာကျင်မှုကင်းမဲ့ပြီးပျော်ရွှင်တဲ့ခွေးတစ်ကောင်အဖြစ်နေထိုင်နိုင်ဖို့အတွက် သူ့ကိုတစ်ခုခုလုပ်ပေးဖို့ အကူအညီလိုအပ်နေခဲ့ရပါတယ်။ကံကောင်းထောက်မစွာနဲ့ Jim Moore အမည်ရှိတဲ့ Molly ရဲ့အဖေဟာ Spring Lakeရွာရှိ Harborfrontတိရိစ္ဆာန်ဆေးရုံက တိရိစ္ဆာန်သွားဘက်ဆိုင်ရာအထူးပြုဆရာဝန်တစ်ဦးဖြစ်နေတဲ့အတွက် Wesley ရဲ့သွားပြဿနာကိုဖြေရှင်းပေးဖို့ ဆုံးဖြတ်ခဲ့ပြီး ခွေးလေးရဲ့သွားတွေကိုသတ္တုအထိမ်းအကွပ်နဲ့တပ်ဆင်ခြင်းဖြင့် သူ့ရဲ့ကိုက်ခဲနေတဲ့သွားဝေဒနာကို သက်သာအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ကံကောင်းတဲ့ Wesley လေးက ပြီးပြည့်စုံတဲ့မိသားစုနဲ့တွေ့ခဲ့တာကြောင့် အခုအချိန်မှာတော့ အင်တာနက်စာမျက်နှာပေါ်မှာသွားညှိထားတဲ့ချစ်စရာ့ခွေးလေးအဖြစ် လူအများစုရဲ့ အာရုံကို ဖမ်းစားနေပါတယ်။

Mia (Mckzone Daily)

  • Leave a Comment