ကေလးငယ္ကို ေရခ်ိဳးေပးဖို႔အတြက္ သ႐ုပ္ျပအေနျဖင့္ ေၾကာင္ကိုေမာ္ဒယ္အျဖစ္ အသုံးျပဳခဲ့တဲ့ အမ်ိဳးသား (႐ုပ္သံ)

ဘယ္သူမဆို အမွန္တကယ္မိဘျဖစ္ဖို့အဆင္သင့္ရွိေနတတ္ၾကပါသလား။မိဘေတြအတြက္ သင္ယူစရာမ်ားစြာရွိၿပီး လမ္းညႊန္ခ်က္မ်ားစြာလည္းရွိပါတယ္။မိဘေတြအတြက္ အဆိုးရြားဆုံးအေတြ႕အၾကဳံတစ္ခုမွာ သူတို့ရဲ့ကေလးကို ေရမိုးခ်ိဳးေပးတဲ့အခ်ိန္ပါဘဲ။ကေလးအားေရခ်ိဳးေပးျခင္းဟာ ေပါ့ေသးေသးကိစၥေတာ့မဟုတ္ပါဘူး။အေၾကာင္းက သူတို့ဟာ အသားႏုၿပီးထိခိုက္လြယ္တာေၾကာင့္ပါ။ဗီယက္နမ္နိုင္ငံရွိ အဘိုးတစ္ဦးဟာ ကေလးကိုေရဘယ္လိုခ်ိဳးေပးရမယ္ဆိုတာႏွင့္ပတ္သက္ၿပီး ဗီဒီယိုတစ္ခုမွာ ပိုၿပီးလက္ေတြ႕က်တဲ့အက်ိဳးသက္ေရာက္မွုအတြက္ သူ႔ရဲ့မိသားစုဝင္ျဖစ္တဲ့ေၾကာင္ေလးကိုေမာ္ဒယ္အျဖစ္ အသုံးျပဳခဲ့ပါတယ္။

Facebook အသုံးျပဳသူ Vinh Quang Pham ဟာ ဒီဗီဒီယိုကိုတင္ခဲ့ၿပီးေနာက္ Vinh ရဲ့ဖခင္ျဖစ္တဲ့အဆိုပါအဘိုးဟာ သူ႔ရဲ့catto အမည္ရွိေၾကာင္ေလးကိုႏူးညံ့သိမ္ေမြ႕စြာ ပိုက္ၿပီးအသာအယာကိုင္သြယ္ခဲ့ျခင္းေၾကာင့္ အင္တာနက္အသုံးျပဳသူေတြအၾကား ေရပန္းစားကာ သေဘာက်ႏွစ္သက္ခဲ့ၾကပါတယ္။အဆိုပါအဘိုးဟာ ကေလးရဲ့ခႏၶာကိုယ္ကိုေဆးေၾကာေနခ်ိန္မွာ ကေလးရဲ့ဦးေခါင္းကို အျမဲေထာက္ထိန္းေပးထားရမယ္လို့ ဆိုကာ သူ႔ရဲ့ေၾကာင္ျဖင့္ ဂ႐ုတစိုက္သ႐ုပ္ျပခဲ့ပါတယ္။”ပထမဦးဆုံး ကေလးရဲ့ဦးေခါင္းကိုသန႔္ရွင္းေရးလုပ္ခ်င္ပါက ကေလးရဲ့ဦးေခါင္းကိုမိမိရဲ့ေပါင္ေပၚမွာတင္ထားရပါမယ္။

လုံျခဳံစိတ္ခ်စြာေနရာခ်ၿပီးတာနဲ႔ ကေလးရဲ့နားရြက္ထဲသို့ေရမဝင္သြားေစဖို့ အထူးသတိျပဳကာ ကေလးရဲ့ဦးေခါင္းႏွင့္မ်က္ႏွာေပၚကိုေရအနည္းငယ္ပက္ျဖန္းပါ ၿပီးတာနဲ႔ ကေလးကို အေအးမမိေအာင္ေသခ်ာBurrito လိုမ်ိဳးထုပ္ပိုးေပးရပါမယ္။Burrito လိုထုပ္ပိုးၿပီးေနာက္ ကေလးအိပ္သြားဖို့ သိပ္ေပးရမယ့္အခ်ိန္ေရာက္ပါၿပီ”လို့ ဆိုကာ ဗီဒီယိုကိုအဆုံးသတ္သြားခဲ့ပါတယ္။ကၽြန္ေတာ္တို့ကို ပိုသေဘာက်သြားေစခဲ့တဲ့အရာကေတာ့ catto ဟာ သ႐ုပ္ျပေမာ္ဒယ္တစ္ဦးအျဖစ္ တည္တည္ၿငိမ္ၿငိမ္နဲ႔ေအးေအးေဆးေဆးရွိေနခဲ့တာပါဘဲ။ခင္ဗ်ားတို့လည္း မိဘအသစ္ျဖစ္ေတာ့မယ္ဆိုရင္ ဒီနည္းလမ္းေတြကို သင္ယူထားသင့္ပါတယ္။

Mia (Mckzone Daily)

Source : worldofbuzz

Unicode

ဘယ်သူမဆို အမှန်တကယ်မိဘဖြစ်ဖို့အဆင်သင့်ရှိနေတတ်ကြပါသလား။မိဘတွေအတွက် သင်ယူစရာများစွာရှိပြီး လမ်းညွှန်ချက်များစွာလည်းရှိပါတယ်။မိဘတွေအတွက် အဆိုးရွားဆုံးအတွေ့အကြုံတစ်ခုမှာ သူတို့ရဲ့ကလေးကို ရေမိုးချိုးပေးတဲ့အချိန်ပါဘဲ။ကလေးအားရေချိုးပေးခြင်းဟာ ပေါ့သေးသေးကိစ္စတော့မဟုတ်ပါဘူး။အကြောင်းက သူတို့ဟာ အသားနုပြီးထိခိုက်လွယ်တာကြောင့်ပါ။ဗီယက်နမ်နိုင်ငံရှိ အဘိုးတစ်ဦးဟာ ကလေးကိုရေဘယ်လိုချိုးပေးရမယ်ဆိုတာနှင့်ပတ်သက်ပြီး ဗီဒီယိုတစ်ခုမှာ ပိုပြီးလက်တွေ့ကျတဲ့အကျိုးသက်ရောက်မှုအတွက် သူ့ရဲ့မိသားစုဝင်ဖြစ်တဲ့ကြောင်လေးကိုမော်ဒယ်အဖြစ် အသုံးပြုခဲ့ပါတယ်။

Facebook အသုံးပြုသူ Vinh Quang Pham ဟာ ဒီဗီဒီယိုကိုတင်ခဲ့ပြီးနောက် Vinh ရဲ့ဖခင်ဖြစ်တဲ့အဆိုပါအဘိုးဟာ သူ့ရဲ့catto အမည်ရှိကြောင်လေးကိုနူးညံ့သိမ်မွေ့စွာ ပိုက်ပြီးအသာအယာကိုင်သွယ်ခဲ့ခြင်းကြောင့် အင်တာနက်အသုံးပြုသူတွေအကြား ရေပန်းစားကာ သဘောကျနှစ်သက်ခဲ့ကြပါတယ်။အဆိုပါအဘိုးဟာ ကလေးရဲ့ခန္ဓာကိုယ်ကိုဆေးကြောနေချိန်မှာ ကလေးရဲ့ဦးခေါင်းကို အမြဲထောက်ထိန်းပေးထားရမယ်လို့ ဆိုကာ သူ့ရဲ့ကြောင်ဖြင့် ဂရုတစိုက်သရုပ်ပြခဲ့ပါတယ်။”ပထမဦးဆုံး ကလေးရဲ့ဦးခေါင်းကိုသန့်ရှင်းရေးလုပ်ချင်ပါက ကလေးရဲ့ဦးခေါင်းကိုမိမိရဲ့ပေါင်ပေါ်မှာတင်ထားရပါမယ်။

လုံခြုံစိတ်ချစွာနေရာချပြီးတာနဲ့ ကလေးရဲ့နားရွက်ထဲသို့ရေမဝင်သွားစေဖို့ အထူးသတိပြုကာ ကလေးရဲ့ဦးခေါင်းနှင့်မျက်နှာပေါ်ကိုရေအနည်းငယ်ပက်ဖြန်းပါ ပြီးတာနဲ့ ကလေးကို အအေးမမိအောင်သေချာBurrito လိုမျိုးထုပ်ပိုးပေးရပါမယ်။Burrito လိုထုပ်ပိုးပြီးနောက် ကလေးအိပ်သွားဖို့ သိပ်ပေးရမယ့်အချိန်ရောက်ပါပြီ”လို့ ဆိုကာ ဗီဒီယိုကိုအဆုံးသတ်သွားခဲ့ပါတယ်။ကျွန်တော်တို့ကို ပိုသဘောကျသွားစေခဲ့တဲ့အရာကတော့ catto ဟာ သရုပ်ပြမော်ဒယ်တစ်ဦးအဖြစ် တည်တည်ငြိမ်ငြိမ်နဲ့အေးအေးဆေးဆေးရှိနေခဲ့တာပါဘဲ။ခင်ဗျားတို့လည်း မိဘအသစ်ဖြစ်တော့မယ်ဆိုရင် ဒီနည်းလမ်းတွေကို သင်ယူထားသင့်ပါတယ်။

Mia (Mckzone Daily)

Be the first to comment on "ကေလးငယ္ကို ေရခ်ိဳးေပးဖို႔အတြက္ သ႐ုပ္ျပအေနျဖင့္ ေၾကာင္ကိုေမာ္ဒယ္အျဖစ္ အသုံးျပဳခဲ့တဲ့ အမ်ိဳးသား (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*