တောင်ပံအဖြတ်ခံလိုက်ရတဲ့ကြက်တူရွေးအား ပြန်လည်ပျံသန်းနိုင်အောင် အစားထိုးကုသမှုလုပ်ပေးခဲ့တဲ့ ဆရာဝန်



3

4

5

6

7

8

9

10

Mia (Mckzone Daily)

Source : boredpanda

Unicode

တိရိစ္ဆာန်တစ်ကောင်ရဲ့ဘဝကို လုံးဝပြောင်းလဲပစ်လိုက်ဖို့ နာရီအနည်းငယ်သာကြာမြင့်ပါတယ်။ Australiaနိုင်ငံ Brisbane မြို့ရှိ Dr Catherine Apuli အမည်ရှိတဲ့တိရိစ္ဆာန်ဆရာဝန်တစ်ဦးဟာ ကြက်တူရွေးတစ်ကောင်ကို ကုသပေးခဲ့ပြီးနောက် အဆိုပါဌက်ကို Wei Wei အဖြစ်အမည်ပေးခဲ့ပါတယ်။တကယ်တော့ Wei Wei ဟာ သူ့ရဲ့အတွင်းပိုင်းအတော်ပံအချို့ကို အချိုးခံလိုက်ရတာပါ။ဒါပေမဲ့ Dr Apuliက သူ့အား မိုးပေါ်တစ်ဖန်ပျံသန်းနိုင်ဖို့ ကော်နဲ့သွားကြားထိုးတံပါဝင်တဲ့ ဌက်မွေးတစ်ချို့ကို တီထွင်ဖန်တီးကာ ကုသပေးခဲ့ပါတယ်။ပိုင်ရှင်ဖြစ်သူက Wei Wei ရဲ့ကျန်းမာရေးကောင်းမကောင်းစစ်ဆေးဖို့ အဆိုပါတိရိစ္ဆာန်ဆေးခန်းသို့ ခေါ်လာခဲ့တာပါ။Dr Apuliကလည်း သေချာစစ်ဆေးကြည့်လိုက်တော့ သူ့ရဲ့အတွင်းပိုင်းအတောင်ပံကတိုနေပြီး အချို့ကအဖြတ်ခံထားရကြောင်းကို ပိုင်ရှင်ဖြစ်သူအား ရှင်းပြခဲ့ပါတယ်။

နောက်တစ်ပတ်အကြာမှာတော့ Wei Weiဟာ ဆေးခန်းကို ပြန်ရောက်လာခဲ့ကာ ပိုင်ရှင်က သူကောင်းကောင်းလမ်းမလျှောက်နိုင်တာကို သိသွားခဲ့ပြီး ခွဲစိတ်ကုသဖို့ သဘောတူခဲ့ပါတယ်။Dr Apuliက ဆေးခန်းအားလှူဒါန်းထားတဲ့အစိမ်းရောင်ဌက်တောင်ပံအတုတွေကို မေ့မြောနေတဲ့Wei Weiအား တပ်ဆင်ပေးခဲ့ပါတယ်။အခုအချိန်မှာတော့ Wei Weiဟာ ကောင်းကောင်းလမ်းလျှောက်နိုင်ပြီဖြစ်ပြီး proကျတဲ့ဌက်တစ်ကောင်လို့လည်း ပျံသန်းနိုင်နေပါပြီ။Wei Weiရဲ့အတောင်ပံတွေကို အခုပိုင်ရှင်ကဘဲလား ဒါမှမဟုတ် တိရိစ္ဆာန်ရောင်းဝယ်တဲ့အရင်ပိုင်ရှင်လား ဘယ်သူဖြတ်ခဲ့တာကိုတော့ အတိအကျမသိခဲ့ရပါဘူး။ဒါပေမဲ့ အခုချိန်မှာတော့ Wei Weiလေးက Dr Apuliဆီမှာအေးအေးချမ်းချမ်းနဲ့ အတူရှိနေပါတယ်။

Mia (Mckzone Daily)

Be the first to comment on "တောင်ပံအဖြတ်ခံလိုက်ရတဲ့ကြက်တူရွေးအား ပြန်လည်ပျံသန်းနိုင်အောင် အစားထိုးကုသမှုလုပ်ပေးခဲ့တဲ့ ဆရာဝန်"

Leave a comment

Your email address will not be published.


*