မိသားစုကဆင္းရဲၿပီး စာအုပ္ဖိုးမတတ္နိုင္တာေၾကာင့္ မွတ္စုေရးနိုင္ဖို့ ဌက္ေပ်ာရြက္ကို အသုံးျပဳခဲ့တဲ့ေက်ာင္းသား (႐ုပ္သံ)

ေက်ာင္းသားအမ်ားစုဟာ သူတို့မိဘေတြဝယ္ေပးတဲ့ ေက်ာင္းသုံးကိရိယာပစၥည္းေတြကို ျပည့္ျပည့္စုံစုံနဲ႔ အသုံးျပဳၾကရပါတယ္။ကံမေကာင္းစြာနဲ႔ ကေလးအခ်ိဳ့ဟာ ကံမေကာင္းေပမဲ့ ဒီေက်ာင္းသားတစ္ဦးကေတာ့ ဆင္းရဲႏြမ္းပါးမွုကို ေကာင္းမြန္တဲ့နည္းလမ္းနဲ႔ ေျပာင္းလဲအသုံးခ်ခဲ့ပါတယ္။အဆိုပါေက်ာင္းသားဟာ မွတ္စုစာအုပ္မတတ္နိုင္တဲ့အခ်ိန္မွာ ႀကံဖန္တီထြင္ခဲ့တာပါ။ဖိလစ္ပိုင္နိုင္ငံ Lianga အမ်ိဳးသားဘက္စုံေက်ာင္းက Erlande Monterအမည္ရွိတဲ့ အဆိုပါေက်ာင္းသားဟာ ပညာေရးကို လက္မလႊတ္ခ်င္သူျဖစ္ၿပီး ေရးထည့္ဖို့မွတ္စုစာအုပ္မရွိတာေၾကာင့္ သူ႔ရဲ့ဖ်က္ထြန္းဥာဏ္ကို အသုံးခ်ကာ သက္ေသျပဖို့ ဆုံးျဖတ္ခဲ့ပါတယ္။အံ့ဩစရာေကာင္းေလာက္ေအာင္ အဆိုပါလိမၼာပါးနပ္တဲ့ေက်ာင္းသားဟာ ဌက္ေပ်ာရြက္အခ်ိဳ့ကို ယူလာၿပီး အတန္းထဲမွာ သူ႔ရဲ့မွတ္စုစာေတြကို ဌက္ေပ်ာရြက္ေပၚခ်ေရးျပခဲ့တာပါ။

သူ႔ရဲ့အေၾကာင္းကို သူ႔ဆရာမ Arcilyn Azarconက Facebook ေပၚ မၽွေဝခဲ့ပါတယ္။Azarconက ေက်ာင္းသားေတြကို မွတ္စုကူးဖို့ ညႊန္ၾကားခဲ့ၿပီး အတန္းထဲလွည့္ပတ္ၾကည့္ရင္း ဌက္ေပ်ာရြက္ထဲ မွတ္စုေရးထည့္ေနတဲ့ Monterကို ေတြ႕ခဲ့ရပါတယ္။ဒါေပမဲ့ Monterက သူ႔လုပ္ရပ္ကို ရွက္မေနခဲ့ဘဲ သူေရးတဲ့မွတ္စုက မွန္ရဲ့လားဆိုတာကို စစ္ေဆးေပးဖို့ ဆရာမကို ေနာက္ေျပာင္ေမးျမန္းခဲ့ပါေသးတယ္။အဆိုပါAzarconရဲ့ပိုစ့္ဟာ social media ေပၚခ်က္ခ်င္းပ်ံ႕ႏွံ့သြားၿပီး Monterရဲ့လိမၼာပါးနပ္မွုကို အင္တာနက္အသုံးျပဳသူေတြက အားေပးခ်ီးက်ဴးခဲ့ၾကပါတယ္။

Monterဟာ ေကာင္းမြန္တဲ့ပညာေရးကို ရလိုတာေၾကာင့္ သူႀကီးလာရင္ စစ္သားတစ္ေယာက္ျဖစ္ခ်င္ေၾကာင္း ဆိုထားပါေသးတယ္။မိသားစုက ဆင္းရဲေနေပမဲ့ Monterဟာ ဆင္းရဲမွုေၾကာင့္ သူ႔အိမ္မက္ကို လက္လႊတ္မခံရဖို့ အခိုင္အမာ စိတ္ဆုံးျဖတ္ထားခဲ့တာပါ။Monterရဲ့ဇာတ္လမ္းဟာ ဆင္းရဲျခင္းက လူတစ္ေယာက္ရဲ့အိမ္မက္ေတြအတြက္ အတားအဆီးတစ္ခုျဖစ္ေနတယ္လို့ေတြးထင္ေနတဲ့ဘယ္သူမဆိုအတြက္ အမွန္တကယ္ လွုံေဆာ္မွုတစ္ခုျဖစ္ေစပါတယ္။အဆိုပါငယ္ရြယ္ထက္ျမက္တဲ့ေက်ာင္းသားလည္း သူ႔ရဲ့ေရွ႕ဆက္မယ့္ဘဝပန္းတိုင္ကို ေအာင္ျမင္စြာ ျဖတ္သန္းနိုင္မယ္လို့လည္း ေမၽွာ္လင့္ေနမိပါတယ္။

Mia (Mckzone Daily)

Source : elitereaders

Unicode

ကျောင်းသားအများစုဟာ သူတို့မိဘတွေဝယ်ပေးတဲ့ ကျောင်းသုံးကိရိယာပစ္စည်းတွေကို ပြည့်ပြည့်စုံစုံနဲ့ အသုံးပြုကြရပါတယ်။ကံမကောင်းစွာနဲ့ ကလေးအချို့ဟာ ကံမကောင်းပေမဲ့ ဒီကျောင်းသားတစ်ဦးကတော့ ဆင်းရဲနွမ်းပါးမှုကို ကောင်းမွန်တဲ့နည်းလမ်းနဲ့ ပြောင်းလဲအသုံးချခဲ့ပါတယ်။အဆိုပါကျောင်းသားဟာ မှတ်စုစာအုပ်မတတ်နိုင်တဲ့အချိန်မှာ ကြံဖန်တီထွင်ခဲ့တာပါ။ဖိလစ်ပိုင်နိုင်ငံ Lianga အမျိုးသားဘက်စုံကျောင်းက Erlande Monterအမည်ရှိတဲ့ အဆိုပါကျောင်းသားဟာ ပညာရေးကို လက်မလွှတ်ချင်သူဖြစ်ပြီး ရေးထည့်ဖို့မှတ်စုစာအုပ်မရှိတာကြောင့် သူ့ရဲ့ဖျက်ထွန်းဉာဏ်ကို အသုံးချကာ သက်သေပြဖို့ ဆုံးဖြတ်ခဲ့ပါတယ်။အံ့ဩစရာကောင်းလောက်အောင် အဆိုပါလိမ္မာပါးနပ်တဲ့ကျောင်းသားဟာ ဌက်ပျောရွက်အချို့ကို ယူလာပြီး အတန်းထဲမှာ သူ့ရဲ့မှတ်စုစာတွေကို ဌက်ပျောရွက်ပေါ်ချရေးပြခဲ့တာပါ။

သူ့ရဲ့အကြောင်းကို သူ့ဆရာမ Arcilyn Azarconက Facebook ပေါ် မျှဝေခဲ့ပါတယ်။Azarconက ကျောင်းသားတွေကို မှတ်စုကူးဖို့ ညွှန်ကြားခဲ့ပြီး အတန်းထဲလှည့်ပတ်ကြည့်ရင်း ဌက်ပျောရွက်ထဲ မှတ်စုရေးထည့်နေတဲ့ Monterကို တွေ့ခဲ့ရပါတယ်။ဒါပေမဲ့ Monterက သူ့လုပ်ရပ်ကို ရှက်မနေခဲ့ဘဲ သူရေးတဲ့မှတ်စုက မှန်ရဲ့လားဆိုတာကို စစ်ဆေးပေးဖို့ ဆရာမကို နောက်ပြောင်မေးမြန်းခဲ့ပါသေးတယ်။အဆိုပါAzarconရဲ့ပိုစ့်ဟာ social media ပေါ်ချက်ချင်းပျံ့နှံ့သွားပြီး Monterရဲ့လိမ္မာပါးနပ်မှုကို အင်တာနက်အသုံးပြုသူတွေက အားပေးချီးကျူးခဲ့ကြပါတယ်။

Monterဟာ ကောင်းမွန်တဲ့ပညာရေးကို ရလိုတာကြောင့် သူကြီးလာရင် စစ်သားတစ်ယောက်ဖြစ်ချင်ကြောင်း ဆိုထားပါသေးတယ်။မိသားစုက ဆင်းရဲနေပေမဲ့ Monterဟာ ဆင်းရဲမှုကြောင့် သူ့အိမ်မက်ကို လက်လွှတ်မခံရဖို့ အခိုင်အမာ စိတ်ဆုံးဖြတ်ထားခဲ့တာပါ။Monterရဲ့ဇာတ်လမ်းဟာ ဆင်းရဲခြင်းက လူတစ်ယောက်ရဲ့အိမ်မက်တွေအတွက် အတားအဆီးတစ်ခုဖြစ်နေတယ်လို့တွေးထင်နေတဲ့ဘယ်သူမဆိုအတွက် အမှန်တကယ် လှုံဆော်မှုတစ်ခုဖြစ်စေပါတယ်။အဆိုပါငယ်ရွယ်ထက်မြက်တဲ့ကျောင်းသားလည်း သူ့ရဲ့ရှေ့ဆက်မယ့်ဘဝပန်းတိုင်ကို အောင်မြင်စွာ ဖြတ်သန်းနိုင်မယ်လို့လည်း မျှော်လင့်နေမိပါတယ်။

Mia (Mckzone Daily)

Be the first to comment on "မိသားစုကဆင္းရဲၿပီး စာအုပ္ဖိုးမတတ္နိုင္တာေၾကာင့္ မွတ္စုေရးနိုင္ဖို့ ဌက္ေပ်ာရြက္ကို အသုံးျပဳခဲ့တဲ့ေက်ာင္းသား (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*