သားေမြးအက်ႌအတြက္ အသတ္ခံရလုဆဲဆဲ ေျမေခြးေလး နဲ႔ ကယ္တင္႐ွင္အမ်ိဳးသား တို႔ရဲ႕သံေယာဇဥ္

အခုက Woodyဆိုတဲ့ေျမေခြးနဲ႔သူခ်စ္ရတဲ့ Yaroslavအမည္ရွိအမ်ိဳသားတို့ရဲ့အေၾကာင္းေလးပါ။သားေမြးေမြးျမဴေရးၿခံမွာ ႀကီးျပင္းလာၿပီး သူ႔သားေမြးအတြက္ တစ္စုံတစ္ေယာက္ရဲ့သတ္ျဖတ္ျခင္းကို ခံရၿပီး ေသလုနီးပါးျဖစ္ေနခဲ့တဲ့ Woodyကို Yaroslavက ေတြ႕ခဲ့ရၿပီး ကယ္ထုတ္ေပးခဲ့တာပါ။Yaroslavက အဆိုပါေျမေခြးရဲ့အေျခအေနကိုျမင္ေတာ့ သားေမြးပိုင္ရွင္ကို ခ်က္ခ်င္းစကားေျပာခဲ့ၿပီး ပိုင္ရွင္က ေျမေခြးကိုေပးဖို့သေဘာတူခဲ့ကာ သူ႔အေမြးအတြက္ သူတို့ရမယ့္ေစ်းေပးရမယ္လို့ဆိုတာေၾကာင့္ Yaroslavက မတုံ႔မဆိုင္းဘဲ Woodyကို ဝယ္ယူခဲ့ပါတယ္။အစပိုင္းေတာ့ Woodyဟာ တြန္႔ဆုတ္ေနၿပီး ဘယ္သူနဲ႔မွအဆက္အသြယ္မလုပ္ခဲ့ပါဘူး။Yaroslavလည္း ေျပာင္းလဲသြားတဲ့သူ႔ပတ္ဝန္းက်င္ေၾကာင့္ အလြန္စိတ္ဖိစီးေနခဲ့ရပါတယ္။ဒါေပမဲ့ ရက္သတၱပတ္အနည္းငယ္အၾကာမွာေတာ့ Yaroslavက Woodyနဲ႔ ထိေတြ႕ရင္းႏွီးသြားခဲ့ၿပီး သူတို့ဟာ အေကာင္းဆုံးသူငယ္ခ်င္းျဖစ္လာခဲ့ၾကပါတယ္။

Quarantine ကာလေရာဂါေတြသယ္လာနိုင္တဲ့ေျမေခြးတစ္ေကာင္ဟာ Yaroslav ရဲ့အိမ္မွာ ပထမဆုံးတစ္လျပည့္သြားခဲ့ပါတယ္။ထို့ေနာက္ Yaroslav က ေျမေခြးအတြက္ အိမ္ျပင္မွာ ေအးေဆးေနနိုင္ဖို့ အထူးအိမ္ကြင္းတစ္ခုတည္ေဆာက္ေနခဲ့ပါတယ္။Woodyလည္း ေျမေခြးသဘာဝ ဥမင္အေပါက္ေတြေဖာက္ၿပီး အႀကိမ္ႀကိမ္ထြက္ေျပးခဲ့ပါေသးတယ္။ဒါေပမဲ့ Yaroslav က အဆိုပါေျမေခြးက သားေမြးၿခံမွာ ႀကီးျပင္းခဲ့ရၿပီး အေရးပါတဲ့ကၽြမ္းက်င္မွုေတြအားလုံးေလ့လာျခင္းမရွိဘဲ တတ္ကၽြမ္းခဲ့တာေၾကာင့္ Woodyဟာ စိတ္မထိန္းနိုင္ဘဲ ေတာထဲထြက္သြားတတ္ေၾကာင္း ဆိုထားပါတယ္။

အခုေတာ့ Woodyဟာ အစားေကာင္းေကာင္းစားၿပီးသူ႔ဘဝကို ေပ်ာ္ရႊင္စြာ ျဖတ္သန္းေနပါၿပီ။သူက အသား၊အိမ္တြင္းဒိန္ခဲ၊သစ္သီးနဲ႔ ဟင္းသီးဟင္းရြက္စတဲ့ သဘာဝထုတ္ကုန္ေတြကိုသာ စားသုံးပါတယ္။သူအႀကိဳက္ဆုံးအသီးကေတာ့ persimmon ဆိုတဲ့အသီးပါ။ေျမေခြးတစ္ေကာင္ဟာ အိမ္ေမြးတိရိစၧာန္ေတြအျဖစ္ ေပ်ာ္ရႊင္စြာေနထိုင္ျခင္းဟာ အံ့အားသင့္စရာေကာင္းလွပါတယ္။Yaroslav က ေျမေခြးေမြးျခင္းက ထင္ထားတာထက္ မရိုးရွင္းသလို ေျပာဆိုရခက္ၿပီး နာခံမွုမရွိတဲ့ ေခြးတစ္ေကာင္နဲ႔ေၾကာင္တစ္ေကာင္ကို တစ္ၿပိဳင္တည္းပိုင္ဆိုင္ထားရတာနဲ႔တူေၾကာင္း ဆိုထားပါတယ္။ဘယ္လိုဘဲျဖစ္ျဖစ္ ေျမေခြးတစ္ေကာင္အားဘဝအသစ္တစ္ခုေပးစြမ္းခဲ့တာေၾကာင့္ Woodyနဲ႔အင္တာနက္က သူ႔ကို အထူးေက်းဇူးတင္ေနပါတယ္။

1

2

3

4

5

6

7

8

9

10

11

12

13

14

15

16

Mia (Mckzone Daily)

Source : boredpanda

Unicode

အခုက Woodyဆိုတဲ့မြေခွေးနဲ့သူချစ်ရတဲ့ Yaroslavအမည်ရှိအမျိုသားတို့ရဲ့အကြောင်းလေးပါ။သားမွေးမွေးမြူရေးခြံမှာ ကြီးပြင်းလာပြီး သူ့သားမွေးအတွက် တစ်စုံတစ်ယောက်ရဲ့သတ်ဖြတ်ခြင်းကို ခံရပြီး သေလုနီးပါးဖြစ်နေခဲ့တဲ့ Woodyကို Yaroslavက တွေ့ခဲ့ရပြီး ကယ်ထုတ်ပေးခဲ့တာပါ။Yaroslavက အဆိုပါမြေခွေးရဲ့အခြေအနေကိုမြင်တော့ သားမွေးပိုင်ရှင်ကို ချက်ချင်းစကားပြောခဲ့ပြီး ပိုင်ရှင်က မြေခွေးကိုပေးဖို့သဘောတူခဲ့ကာ သူ့အမွေးအတွက် သူတို့ရမယ့်ဈေးပေးရမယ်လို့ဆိုတာကြောင့် Yaroslavက မတုံ့မဆိုင်းဘဲ Woodyကို ဝယ်ယူခဲ့ပါတယ်။အစပိုင်းတော့ Woodyဟာ တွန့်ဆုတ်နေပြီး ဘယ်သူနဲ့မှအဆက်အသွယ်မလုပ်ခဲ့ပါဘူး။Yaroslavလည်း ပြောင်းလဲသွားတဲ့သူ့ပတ်ဝန်းကျင်ကြောင့် အလွန်စိတ်ဖိစီးနေခဲ့ရပါတယ်။ဒါပေမဲ့ ရက်သတ္တပတ်အနည်းငယ်အကြာမှာတော့ Yaroslavက Woodyနဲ့ ထိတွေ့ရင်းနှီးသွားခဲ့ပြီး သူတို့ဟာ အကောင်းဆုံးသူငယ်ချင်းဖြစ်လာခဲ့ကြပါတယ်။

Quarantine ကာလရောဂါတွေသယ်လာနိုင်တဲ့မြေခွေးတစ်ကောင်ဟာ Yaroslav ရဲ့အိမ်မှာ ပထမဆုံးတစ်လပြည့်သွားခဲ့ပါတယ်။ထို့နောက် Yaroslav က မြေခွေးအတွက် အိမ်ပြင်မှာ အေးဆေးနေနိုင်ဖို့ အထူးအိမ်ကွင်းတစ်ခုတည်ဆောက်နေခဲ့ပါတယ်။Woodyလည်း မြေခွေးသဘာဝ ဥမင်အပေါက်တွေဖောက်ပြီး အကြိမ်ကြိမ်ထွက်ပြေးခဲ့ပါသေးတယ်။ဒါပေမဲ့ Yaroslav က အဆိုပါမြေခွေးက သားမွေးခြံမှာ ကြီးပြင်းခဲ့ရပြီး အရေးပါတဲ့ကျွမ်းကျင်မှုတွေအားလုံးလေ့လာခြင်းမရှိဘဲ တတ်ကျွမ်းခဲ့တာကြောင့် Woodyဟာ စိတ်မထိန်းနိုင်ဘဲ တောထဲထွက်သွားတတ်ကြောင်း ဆိုထားပါတယ်။

အခုတော့ Woodyဟာ အစားကောင်းကောင်းစားပြီးသူ့ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေပါပြီ။သူက အသား၊အိမ်တွင်းဒိန်ခဲ၊သစ်သီးနဲ့ ဟင်းသီးဟင်းရွက်စတဲ့ သဘာဝထုတ်ကုန်တွေကိုသာ စားသုံးပါတယ်။သူအကြိုက်ဆုံးအသီးကတော့ persimmon ဆိုတဲ့အသီးပါ။မြေခွေးတစ်ကောင်ဟာ အိမ်မွေးတိရိစ္ဆာန်တွေအဖြစ် ပျော်ရွှင်စွာနေထိုင်ခြင်းဟာ အံ့အားသင့်စရာကောင်းလှပါတယ်။Yaroslav က မြေခွေးမွေးခြင်းက ထင်ထားတာထက် မရိုးရှင်းသလို ပြောဆိုရခက်ပြီး နာခံမှုမရှိတဲ့ ခွေးတစ်ကောင်နဲ့ကြောင်တစ်ကောင်ကို တစ်ပြိုင်တည်းပိုင်ဆိုင်ထားရတာနဲ့တူကြောင်း ဆိုထားပါတယ်။ဘယ်လိုဘဲဖြစ်ဖြစ် မြေခွေးတစ်ကောင်အားဘဝအသစ်တစ်ခုပေးစွမ်းခဲ့တာကြောင့် Woodyနဲ့အင်တာနက်က သူ့ကို အထူးကျေးဇူးတင်နေပါတယ်။

Mia (Mckzone Daily)

  • Leave a Comment