ကိုယ့်ရဲ့ပုံတူပန်းချီရေးဆွဲပေးနေတဲ့ သခင်ကို စိတ်ရှည်လက်ရှည်ထိုင်စောင့်ပေးနေခဲ့တဲ့ ခွေးလေး


1

2

3

4

Mia (Mckzone Daily)

Source : 小回忆 Little Memories

Unicode

ခွေးလေးတွေဟာ လူသားတွေအတွက်အကောင်းဆုံးအဖော်မွန်ဖြစ်သလို ၊ လူတွေနဲ့အတူနေထိုင်တာ ကြာလာသည်နှင့်အမျှ လူတွေရဲ့အပြုအမှုအလေ့အကျင့်ကို သဘောပေါက်နားလည်လွယ်တဲ့ တိရစ္ဆာန်ဆိုရင်လည်း မမှားပါဘူး ။ ဒီတစ်ခေါက်မှာလည်း ခွေးလေးတစ်ကောင်ရဲ့ သခင်ဖြစ်သူက ခွေးလေးအတွက် ပုံတူပန်းချီဆွဲပေးမယ်ဆိုတော့ ခွေးလေးဟာ သခင့်ရှေ့မှာ ငြိမ်ငြိမ်လေး ကိုယ်ဟန်မပျက်အောင် ထိုင်နေခဲ့တာပါ ။ သခင်ဖြစ်သူကလည်း ခွေးလေးရဲ့ ပုံတူကို အပီအပြင်ထိုင်ဆွဲပေးနေခဲ့ပါတယ် ။ နောက်ဆုံးခွေးလေးရဲ့ပုံတူပန်းချီရေးဆွဲလို့ အပြီးမှာတော့ သခင်ဖြစ်သူက ခွေးလေးကိုပုံတူလှမ်းပြလိုက်ပါသေးတယ် ။ ခွေးလေးကတော့ ကျေနပ်သဘောကျနေပုံလေးပါ ။ ခွေးလေးအတွက် ပုံတူပန်းချီလေးဟာ ကြည့်ကောင်းပြီးအဆင်ပြေနေပေမဲ့လည်း အခြားသောသူတွေအတွက်ကတော့ ပုံတူပန်းချီလေးဟာ ရယ်မောဖွယ်ရာရုပ်ပုံတစ်ခုလိုဖြစ်နေခဲ့ပါတယ် ။ သို့ပေမဲ့လည်း ခွေးလေး နဲ့ သခင် ဖြစ်သူတို့ရဲ့ တစ်ဦးအပေါ်တစ်ဦးနားလည်သိတတ်တဲ့ပုံစံလေးတွေကတော့ ကြည်ရှုသူတိုင်းကို ကြည်နူးဝမ်းသာစေမိတာကတော့ အမှန်ပါပဲလေ ။

Mia (Mckzone Daily)

Be the first to comment on "ကိုယ့်ရဲ့ပုံတူပန်းချီရေးဆွဲပေးနေတဲ့ သခင်ကို စိတ်ရှည်လက်ရှည်ထိုင်စောင့်ပေးနေခဲ့တဲ့ ခွေးလေး"

Leave a comment

Your email address will not be published.


*