သတိလက္လြတ္ျဖစ္ေနရင္ေတာင္မွ ခါးပိုက္ႏႈိက္သမားေတြရဲ႕လက္ကေန ကာကြယ္ေပးႏိုင္တဲ့ ေခြးေလး (႐ုပ္/သံ)

ေခတ္ကာလအေျခအေနအရ အျပင္တစ္ေယာက္ထဲထြက္တဲ့အမ်ိဳးသမီးေတြဟာဆိုရင္ ခါးပိုက္ႏႈိက္ခံရတာတို႔ ၊ လုယက္ခံရတာမ်ိဳးတို႔ အျမဲလိုလိုၾကံဳေတြ႔ရေလ့႐ွိပါတယ္ ။ ဘယ္လိုပဲျဖစ္ျဖစ္ ပိုက္ဆံအိတ္ေလးလြယ္ၿပီး အျပင္ထြက္မယ္ဆိုရင္ေတာ့ ဘယ္လိုပဲျဖစ္ျဖစ္ သတိဝီရိယ႐ွိေနရပါမယ္ ။ လုယက္တာမ်ိဳးမခံရဘူးဆိုရင္ေတာင္မွ ေမ့က်န္ခဲ့တာမ်ိဳးေတာ့ ၾကံဳေတြ႔ရဖူးမွာပါ ။ ဒီတစ္ေခါက္မွာလည္း မေလး႐ွားႏိုင္ငံက အမ်ိဳးသမီးတစ္ေယာက္ဟာ အျပင္သြားတဲ့အခ်ိန္ေတြတိုင္း သူမရဲ႕ေခြးေလးကို အျမဲေခၚေဆာင္သြားၿပီး သူမရဲ႕အိတ္ေလးကိုအျမဲသယ္ခိုင္းခဲ့တဲ့႐ုပ္သံကို MyWatch (@My-CrimeWatch) ဆိုတဲ့အမည္နဲ႔ Twitter ေပၚမွာေဝမ်ွသြားခဲ့ပါတယ္ ။ Video ထဲမွာေတာ့ သိတတ္လြန္းလွၿပီးခ်စ္ဖို႔ေကာင္းတဲ့ေခြးေလးဟာ ပိုင္႐ွင္ရဲ႕အိတ္ကိုသယ္ေပးေနခဲ့ၿပီး သူ၏သခင္မွာေတာ့ သူ႔အေ႐ွ႕ကေန ေအးေအးေဆးေဆးလမ္းေလ်ွာက္ေနခဲ့တာပါ ။

Video ကိုေတာ့ ” ခင္ဗ်ားရဲ႕အိတ္ကို ဆတ္ခနဲဆြဲၿပီးလုယူသြားတာမ်ိဳး အျဖစ္မခံႏိုင္ဘူးဆိုရင္ ၊ ဒီအမ်ိဳးသမီးလို အတုယူသင့္တယ္ ” ဆိုၿပီးေရးသားထားခဲ့ပါတယ္ ။ ထို႔အျပင္ ပိုင္႐ွင္ကအိတ္ကိုေမ့က်န္ခဲ့မယ္ဆိုရင္ေတာင္မွ သိတတ္လြန္းလွတဲ့ေခြးေလးကေတာ့ သူ႔တာဝန္အရအိတ္ေလးကိုေတာ့ မျဖစ္မေနအျမဲသယ္ေပးေနမွာပါ ။

အဆိုပါေခြးေလးဟာ ရက္စက္ၾကမ္းၾကဳတ္တဲ့ Rottweiler ေခြးအမ်ိဳးအစားျဖစ္ၿပီး ၊ သူတို႔ေလးေတြဟာ အာရံုခံစားမႈအေတာ္ေလးကိုေကာင္းၿပီး အလြန္သစၥာ႐ွိၾကကာ ၊ သူစိမ္းေတြနဲ႔ဆိုရင္ အေတာ္ေလးကိုသတိ႐ွိၾကၿပီး ၊ ရက္စက္ၾကမ္းၾကဳတ္လြန္းလွတဲ့ေခြးအမ်ိဳးအစားျဖစ္ပါတယ္ ။ တစ္စံုတစ္ေယာက္ကမ်ား ေခြးေလးဆီကေန ၎အိတ္ေလးကိုလွန္းဆြဲၿပီး လုယက္မယ္ဆိုရင္ေတာ့ အဆိုပါလုယက္သြားသူရဲ႕အျဖစ္ကေတာ့ အေတာ္ေလးမေတြးဝံ့ႏိုင္စရာပါပဲ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ခေတ်ကာလအခြေအနေအရ အပြင်တစ်ယောက်ထဲထွက်တဲ့အမျိုးသမီးတွေဟာဆိုရင် ခါးပိုက်နှိုက်ခံရတာတို့ ၊ လုယက်ခံရတာမျိုးတို့ အမြဲလိုလိုကြုံတွေ့ရလေ့ရှိပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ပိုက်ဆံအိတ်လေးလွယ်ပြီး အပြင်ထွက်မယ်ဆိုရင်တော့ ဘယ်လိုပဲဖြစ်ဖြစ် သတိဝီရိယရှိနေရပါမယ် ။ လုယက်တာမျိုးမခံရဘူးဆိုရင်တောင်မှ မေ့ကျန်ခဲ့တာမျိုးတော့ ကြုံတွေ့ရဖူးမှာပါ ။ ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံက အမျိုးသမီးတစ်ယောက်ဟာ အပြင်သွားတဲ့အချိန်တွေတိုင်း သူမရဲ့ခွေးလေးကို အမြဲခေါ်ဆောင်သွားပြီး သူမရဲ့အိတ်လေးကိုအမြဲသယ်ခိုင်းခဲ့တဲ့ရုပ်သံကို MyWatch (@My-CrimeWatch) ဆိုတဲ့အမည်နဲ့ Twitter ပေါ်မှာဝေမျှသွားခဲ့ပါတယ် ။ Video ထဲမှာတော့ သိတတ်လွန်းလှပြီးချစ်ဖို့ကောင်းတဲ့ခွေးလေးဟာ ပိုင်ရှင်ရဲ့အိတ်ကိုသယ်ပေးနေခဲ့ပြီး သူ၏သခင်မှာတော့ သူ့အရှေ့ကနေ အေးအေးဆေးဆေးလမ်းလျှောက်နေခဲ့တာပါ ။

Video ကိုတော့ ” ခင်ဗျားရဲ့အိတ်ကို ဆတ်ခနဲဆွဲပြီးလုယူသွားတာမျိုး အဖြစ်မခံနိုင်ဘူးဆိုရင် ၊ ဒီအမျိုးသမီးလို အတုယူသင့်တယ် ” ဆိုပြီးရေးသားထားခဲ့ပါတယ် ။ ထို့အပြင် ပိုင်ရှင်ကအိတ်ကိုမေ့ကျန်ခဲ့မယ်ဆိုရင်တောင်မှ သိတတ်လွန်းလှတဲ့ခွေးလေးကတော့ သူ့တာဝန်အရအိတ်လေးကိုတော့ မဖြစ်မနေအမြဲသယ်ပေးနေမှာပါ ။

အဆိုပါခွေးလေးဟာ ရက်စက်ကြမ်းကြုတ်တဲ့ Rottweiler ခွေးအမျိုးအစားဖြစ်ပြီး ၊ သူတို့လေးတွေဟာ အာရုံခံစားမှုအတော်လေးကိုကောင်းပြီး အလွန်သစ္စာရှိကြကာ ၊ သူစိမ်းတွေနဲ့ဆိုရင် အတော်လေးကိုသတိရှိကြပြီး ၊ ရက်စက်ကြမ်းကြုတ်လွန်းလှတဲ့ခွေးအမျိုးအစားဖြစ်ပါတယ် ။ တစ်စုံတစ်ယောက်ကများ ခွေးလေးဆီကနေ ၎င်းအိတ်လေးကိုလှန်းဆွဲပြီး လုယက်မယ်ဆိုရင်တော့ အဆိုပါလုယက်သွားသူရဲ့အဖြစ်ကတော့ အတော်လေးမတွေးဝံ့နိုင်စရာပါပဲ ။

Jasmine (Mckzone Daily)

Be the first to comment on "သတိလက္လြတ္ျဖစ္ေနရင္ေတာင္မွ ခါးပိုက္ႏႈိက္သမားေတြရဲ႕လက္ကေန ကာကြယ္ေပးႏိုင္တဲ့ ေခြးေလး (႐ုပ္/သံ)"

Leave a comment

Your email address will not be published.


*