ခန္ဓာကိုယ်မှာ ထိုးသွင်းဒဏ်ရာနဲ့အိမ်ပြန်လာပြီး သခင့်ကို ထိတ်လန့်စေခဲ့တဲ့ ကြောင်လေးရဲ့အဖြစ်မှန်


1

2

3

4

Mia (Mckzone Daily)

Source : 小回忆 Little Memories

Unicode

ကြောင်လေးတွေ အတော်များများဟာ အမြဲအိမ်မကပ်ဘဲ အလည်မက်ကြပါတယ် ။ ဗိုက်ဆာတဲ့အချိန် ဒါမှမဟုတ် အိပ်စက်အနားယူချင်တဲ့ အချိန်မှသာ အိမ်ပြန်လာတတ်ကြပါတယ် ။ ဒီတစ်ခေါက်မှာလည်း ကြောင်လေးတစ်ကောင်ဟာ ခန္ဓာကိုယ်မှာ ကော်တုတ်ချောင်အသေးလေး ထိုးသွင်းနေတဲ့ဒဏ်ရာနဲ့ အိမ်ပြန်လာလို့ သခင်ဖြစ်သူက အတော်လေးစိတ်ပူထိတ်လန့်သွားခဲ့ရပါတယ် ။ သို့ပေမဲ့လည်း ကြောင်လေးဟာ နာကျင်ခြင်းမရှိသလို အေးဆေးတည်ငြိမ်စွာလမ်းလျှောက်နေခဲ့ပြီးနောက် ၊ ကြမ်းပြင်ပေါ်မှာပါ လဲအိပ်ပြီးအနားယူနေခဲ့သေးတာပါ ။ စိတ်ပူနေတဲ့သခင်က ကြောင်လေးရဲ့ဒဏ်ရာကို သွားရောက်စစ်ဆေးခဲ့ချိန်မှာတော့ ထိုးသွင်းဒဏ်ရာမဟုတ်ဘဲ တုတ်ထိုးချိုချဉ်က ကြောင်အမွေးမှာကပ်ငြိနေခဲ့တာပါ ။ စိတ်ဆိုးနေတဲ့သခင်ဖြစ်သူဟာ နောက်ဆုံးအဖြစ်မှန်ကိုသိရှိပြီး မရယ်မောဘဲ မနေနိုင်အောင်ဖြစ်ခဲ့တဲ့အပြင် ၊ ကြောင်လေးရဲ့အဖြစ် ဓာတ်ပုံကို social media ပေါ်မှာပါ ဝေမျှခဲ့ပါသေးတယ် ။

Mia (Mckzone Daily)

  • Leave a Comment