ဝက္အူေခ်ာင္းေတြကို ဂီတအသံထြက္လာနိုင္တဲ့စႏၵရားအျဖစ္ ဖန္တီးတီထြင္ျပခဲ့တဲ့ အမ်ိဳးသား (႐ုပ္သံ)

အင္တာနက္ဟာ စိတ္ဝင္စားစရာေကာင္းတဲ့အရာမ်ားစြာျပည့္ေနတာပါ။သူတို့ထဲက အေတာ္မ်ားမ်ားဟာ အေတာ္ေလးအသုံးဝင္ၿပီး အံ့ဩစရာလည္း ေကာင္းေနပါတယ္။တီထြင္ဖန္တီးနိုင္စြမ္းအတြက္ အင္တာနက္ထက္ ဘယ္အရာမွ ပိုမေကာင္းေနတာကို သင္လည္းသိမွာပါ။Patrick အမည္ရွိတဲ့ အမ်ိဳးသားတစ္ဦးဟာ ဘယ္သူကမွ မစဥ္းစားဖူးေသးတဲ့နည္းျဖင့္ သူရဲ့တီထြင္ဖန္တီးမွုတစ္ခုကို ျပသခဲ့ပါတယ္။သူဟာ ဂ်ာမန္ရိုးရာဝက္အူေခ်ာင္းအခ်ိဳ့ကို အသံကိရိယာမ်ားႏွင့္ခ်ိတ္ဆက္ထားတဲ့ ဝိုင္ယာႀကိဳးအခ်ိဳ့နဲ႔ ခ်ိတ္ဆက္ကာ အလုပ္လုပ္နိုင္တဲ့စႏၵရားကို ျပဳလုပ္ခဲ့ပါတယ္။ဟုတ္ပါတယ္ သင္ဖတ္တာမမွားပါဘူး။Patrickဟာ Patrick’s World လို့ေခၚတဲ့ blog တစ္ခုဖြင့္ထားၿပီး အဆိုပါblogကို သူေအးေဆးအခ်ိန္ျဖဳန္းဖို့သက္သက္ဘဲဖြင့္ထားတာပါ။ကၽြန္ေတာ္အထင္ေတာ့ Patrick ဟာ ကမၻာ့ပထမဦးဆုံး ဝက္အူေခ်ာင္းစႏၵရားကို ဖန္တီးဖို့အခ်ိန္ကုန္ခဲ့တာေၾကာင့္ သူ႔ကိုအခ်ိန္ျဖဳန္းေနခဲ့တယ္လို့ မဆိုခ်င္ပါဘူး။

သူ႔ရဲ့ဗီဒီယိုကို ၂၀၁၉ခုႏွစ္ဇန္နဝါရီလကတည္းက တင္ခဲ့ေပမဲ့ အဆိုပါဗီဒီယိုဟာ အခုလက္တေလာမွာ ပ်ံ႕ႏွံ့သြားၿပီး အင္တာနက္အသုံးျပဳေတြရဲ့အာ႐ုံကို ဖမ္းစားေနပါတယ္။ဗီဒီယိုထဲအရ Patrickဟာ သူ႔ရဲ့တီထြင္ဖန္တီးမွု Bockwurstklavier သို့မဟုတ္ Bockwurst လို့ေခၚတဲ့ အဆိုပါစႏၵရားကို စမ္းသပ္တီးျပေနတာကို ေတြ႕ၾကမွာပါ။Bockwurst ကဂ်ာမန္ဝက္အူေခ်ာင္းျဖစ္ၿပီး ႏြားနို့၊ဝက္သားတို့နဲ႔ျပဳလုပ္ထားတာပါ။အဆိုပါစႏၵရားမွာ ဝက္အူေခ်ာင္း၁၀ေခ်ာင္းပါၿပီး တစ္ခုခ်င္းစီကို အသံျပဳျပင္ထုတ္လုပ္ေပးတဲ့စက္ပစၥည္းေတြထံ ပို့ေဆာင္တဲ့ဝါယာႀကိဳးနဲ႔ခ်ိတ္ဆက္ထားပါတယ္။

သူထိလိုက္တဲ့အခါတိုင္း ေနာက္ခံရွိစက္ပစၥည္းကိုသြားထိတာေၾကာင့္ စက္ဟာ စႏၵရားသံကိုထုတ္လုပ္ေပးတာပါ။အင္တာနက္အသုံးျပဳသူေတြဟာ အဆိုပါႏၵာရားကို ေကာင္းမြန္တဲ့ဂီတစက္ယႏၲရားျဖစ္တယ္လို့ယူဆၿပီးအခ်ိဳ့က သူ႔ရဲ့ပညာကို ေလးစားခ်ီးက်ဴးခဲ့ၾကေပမဲ့ အခ်ိဳ့ကေတာ့ ဂ်ာမနီမွာ အမဲသားႏွင့္ဝက္သားတို့ျဖင့္ျပဳလုပ္ထားတဲ့အသားထုတ္ကုန္ေနာက္တစ္မ်ိဳးမရွိဘူးလားလို့ ေနာက္ေျပာင္ေမးျမန္းခဲ့ၾကပါတယ္။အဆိုပါ ဝက္အူေခ်ာင္းစႏၵရားဟာ Patrickရဲ့ပထမဆုံးဖန္တီးမွုမဟုတ္ပါဘူး။သူဟာ beerဘူးေတြနဲ႔လည္း ဂီတသံစဥ္တစ္ခ်ိဳ့စမ္းသပ္ျပဳလုပ္ထားပါေသးတယ္။သင္ေကာ ဒီအရာအေပၚဘယ္လိုေတြးမိပါသလဲ။အကယ္လို့ သင္လည္း ကိရိယာတစ္ခုေလ့လာတီထြင္ခ်င္ရင္ေကာ အစားအစာအပိုင္းအစေတြကို ေရြးခ်ယ္အသုံးျပဳမွာလား။

Mia (Mckzone Daily)

Source : boredpanda

Unicode

အင်တာနက်ဟာ စိတ်ဝင်စားစရာကောင်းတဲ့အရာများစွာပြည့်နေတာပါ။သူတို့ထဲက အတော်များများဟာ အတော်လေးအသုံးဝင်ပြီး အံ့ဩစရာလည်း ကောင်းနေပါတယ်။တီထွင်ဖန်တီးနိုင်စွမ်းအတွက် အင်တာနက်ထက် ဘယ်အရာမှ ပိုမကောင်းနေတာကို သင်လည်းသိမှာပါ။Patrick အမည်ရှိတဲ့ အမျိုးသားတစ်ဦးဟာ ဘယ်သူကမှ မစဉ်းစားဖူးသေးတဲ့နည်းဖြင့် သူရဲ့တီထွင်ဖန်တီးမှုတစ်ခုကို ပြသခဲ့ပါတယ်။သူဟာ ဂျာမန်ရိုးရာဝက်အူချောင်းအချို့ကို အသံကိရိယာများနှင့်ချိတ်ဆက်ထားတဲ့ ဝိုင်ယာကြိုးအချို့နဲ့ ချိတ်ဆက်ကာ အလုပ်လုပ်နိုင်တဲ့စန္ဒရားကို ပြုလုပ်ခဲ့ပါတယ်။ဟုတ်ပါတယ် သင်ဖတ်တာမမှားပါဘူး။Patrickဟာ Patrick’s World လို့ခေါ်တဲ့ blog တစ်ခုဖွင့်ထားပြီး အဆိုပါblogကို သူအေးဆေးအချိန်ဖြုန်းဖို့သက်သက်ဘဲဖွင့်ထားတာပါ။ကျွန်တော်အထင်တော့ Patrick ဟာ ကမ္ဘာ့ပထမဦးဆုံး ဝက်အူချောင်းစန္ဒရားကို ဖန်တီးဖို့အချိန်ကုန်ခဲ့တာကြောင့် သူ့ကိုအချိန်ဖြုန်းနေခဲ့တယ်လို့ မဆိုချင်ပါဘူး။

သူ့ရဲ့ဗီဒီယိုကို ၂၀၁၉ခုနှစ်ဇန်နဝါရီလကတည်းက တင်ခဲ့ပေမဲ့ အဆိုပါဗီဒီယိုဟာ အခုလက်တလောမှာ ပျံ့နှံ့သွားပြီး အင်တာနက်အသုံးပြုတွေရဲ့အာရုံကို ဖမ်းစားနေပါတယ်။ဗီဒီယိုထဲအရ Patrickဟာ သူ့ရဲ့တီထွင်ဖန်တီးမှု Bockwurstklavier သို့မဟုတ် Bockwurst လို့ခေါ်တဲ့ အဆိုပါစန္ဒရားကို စမ်းသပ်တီးပြနေတာကို တွေ့ကြမှာပါ။Bockwurst ကဂျာမန်ဝက်အူချောင်းဖြစ်ပြီး နွားနို့၊ဝက်သားတို့နဲ့ပြုလုပ်ထားတာပါ။အဆိုပါစန္ဒရားမှာ ဝက်အူချောင်း၁၀ချောင်းပါပြီး တစ်ခုချင်းစီကို အသံပြုပြင်ထုတ်လုပ်ပေးတဲ့စက်ပစ္စည်းတွေထံ ပို့ဆောင်တဲ့ဝါယာကြိုးနဲ့ချိတ်ဆက်ထားပါတယ်။

သူထိလိုက်တဲ့အခါတိုင်း နောက်ခံရှိစက်ပစ္စည်းကိုသွားထိတာကြောင့် စက်ဟာ စန္ဒရားသံကိုထုတ်လုပ်ပေးတာပါ။အင်တာနက်အသုံးပြုသူတွေဟာ အဆိုပါန္ဒာရားကို ကောင်းမွန်တဲ့ဂီတစက်ယန္တရားဖြစ်တယ်လို့ယူဆပြီးအချို့က သူ့ရဲ့ပညာကို လေးစားချီးကျူးခဲ့ကြပေမဲ့ အချို့ကတော့ ဂျာမနီမှာ အမဲသားနှင့်ဝက်သားတို့ဖြင့်ပြုလုပ်ထားတဲ့အသားထုတ်ကုန်နောက်တစ်မျိုးမရှိဘူးလားလို့ နောက်ပြောင်မေးမြန်းခဲ့ကြပါတယ်။အဆိုပါ ဝက်အူချောင်းစန္ဒရားဟာ Patrickရဲ့ပထမဆုံးဖန်တီးမှုမဟုတ်ပါဘူး။သူဟာ beerဘူးတွေနဲ့လည်း ဂီတသံစဉ်တစ်ချို့စမ်းသပ်ပြုလုပ်ထားပါသေးတယ်။သင်ကော ဒီအရာအပေါ်ဘယ်လိုတွေးမိပါသလဲ။အကယ်လို့ သင်လည်း ကိရိယာတစ်ခုလေ့လာတီထွင်ချင်ရင်ကော အစားအစာအပိုင်းအစတွေကို ရွေးချယ်အသုံးပြုမှာလား။

Mia (Mckzone Daily)

Be the first to comment on "ဝက္အူေခ်ာင္းေတြကို ဂီတအသံထြက္လာနိုင္တဲ့စႏၵရားအျဖစ္ ဖန္တီးတီထြင္ျပခဲ့တဲ့ အမ်ိဳးသား (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*