အလုပ္ခ်ိန္မွာ သားျဖစ္သူကိုမထိန္းႏိုင္လို႔ဆိုၿပီး ၾကက္ျခံထဲမွာပိတ္ေလွာင္ထားခဲ့ၾကတဲ့ မိဘ

အင္ဒိုနီး႐ွားႏိုင္ငံက Efendi အမည္႐ွိတဲ့ မသန္မစြမ္းကေလးငယ္တစ္ေယာက္ဟာ မိဘျဖစ္သူေတြအလုပ္သြားေရာက္လုပ္ကိုင္တဲ့အခ်ိန္တိုင္းမွာ အျမဲၾကက္ျခံထဲ ပိတ္ေလွာင္ခံထားရေလ့႐ွိပါတယ္ ။ Efendi ဟာ အသက္12ႏွစ္အရြယ္႐ွိၿပီဆိုေပမဲ့လည္း ေရြးခ်ယ္စရာမ႐ွိခဲ့ပါဘူး ။ 1m အ႐ွည္နဲ႔ 0.5 m သာအက်ယ္႐ွိတဲ့ သစ္သားေတြ ၊ ဝါးေတြနဲ႔ ျပဳလုပ္ထားတဲ့ၾကက္ျခံေလးထဲေနထိုင္ေနရၿပီး ၊ ထမင္းစားျခင္း ၊ အိပ္စက္ျခင္း ႏွင့္ မစင္စြန္႔ျခင္းတို႔ကို အဆိုပါၾကက္ျခံထဲတြင္သာ ျပဳလုပ္ခဲ့ရပါတယ္ ။ Efendi ရဲ႕မိဘမ်ားကေတာ့ Hamzah 47ႏွစ္ႏွင့္ Latifah 36ႏွစ္တို႔ျဖစ္ၾကၿပီး ၊ လယ္ထဲတြင္ အလုပ္လုပ္ေနတဲ့အခ်ိန္ေတြတိုင္း သားျဖစ္သူကိုဘုရားေက်ာင္းအတြင္းထားခဲ့ေပမဲ့လည္း Efendi ဟာအျမဲလိုလိုအျပင္ဖက္ကို တြားသြားၿပီး ၊ ေတြ႔သမ်ွအရာအားလံုးျဖစ္တဲ့ ဖြဲႏုေတြ ၊ အသီးရဲ႕အခြံေတြ ၊ အရြက္ေတြ နဲ႔ ပန္းေတြကို ပါးစပ္ထဲေကာက္ထည့္ၿပီး အျမဲစားေလ့႐ွိေၾကာင္း သိ႐ွိရပါတယ္ ။

တစ္ရက္မွာေတာ့ Efendi ဟာေနအိမ္ကေနထြက္သြားခဲ့ၿပီးေနာက္ ေပ်ာက္ဆံုးသြားခဲ့ကာ ညနက္အခ်ိန္ေရာက္မွ ျမစ္ကမ္းပါးအနီးမွာေတြ႔႐ွိခဲ့တာျဖစ္ေသာေၾကာင့္ ေနာက္ပိုင္းမိဘေတြက Efendi ကိုအလုပ္ခ်ိန္ေရာက္တိုင္း ၾကက္ျခံထဲမွာေသာ့ခတ္ၿပီးထားခဲ့ဖို႔ ဆံုးျဖတ္ခ်က္ခ်ခဲ့ပါေတာ့တယ္ ။ ” သူကိုေတာ့ သနားပါတယ္ ဒါေပမဲ့ဒါက ကြၽန္ေတာ္တို႔ရဲ႕ကံၾကမၼာပဲေလ ၊ ကြၽန္ေတာ္တို႔လည္းအသက္ဆက္႐ွင္ဖို႔အတြက္ အလုပ္လုပ္ဖို႔လိုတယ္ ” ဆိုၿပီး ဖခင္ျဖစ္သူက ေျပာဆိုသြားခဲ့ပါတယ္ ။ Efendi အတြက္သနားစရာအေကာင္းဆံုးအခ်ိန္က ၾကက္ျခံထဲမွာေနေနတုန္း ဗိုက္တအားဆာလြန္းေသာေၾကာင့္ ႏြားအစာျဖစ္တဲ့ဖြဲႏုကို စားခဲ့ရပါေသးတယ္ ။

အစပိုင္းမွာေတာ့ မိဘႏွစ္ပါးလံုးက Efendi ကိုၾကက္ျခံထဲ မထားခဲ့ခ်င္ေပမဲ့လည္း သူတို႔အလုပ္လုပ္ေနခ်ိန္အတြင္းသားျဖစ္သူကို စိတ္မပူပန္ရဖို႔ အေကာင္းဆံုးအၾကံျဖစ္ေနခဲ့လို႔ပါ ။ ဖခင္ျဖစ္သူကေတာ့ သားျဖစ္သူကိုတိုင္းရင္းေဆးေတြနဲ႔လည္း ကုသခဲ့ပါေသးတယ္ ။ ” ေဆးရံုမွာ Efendi ကိုတစ္ႀကိမ္ကုသခဲ့ပါေသးတယ္ ။ ေနာက္တစ္ႀကိမ္ေဆးရံုျပန္သြားဖို႔အတြက္ကေတာ့ ေငြမသက္ႏိုင္ေတာ့ဘူး ” ဆိုၿပီးေျပာၾကားခဲ့ပါတယ္ ။ Efendi ဟာ 3ႏွစ္သားအရြယ္ကတည္းက မသန္မစြမ္းျဖစ္ေနခဲ့ကာ လမ္းမေလ်ွာက္ႏိုင္သလို ၊ စကားလည္းမေျပာဆိုႏိုင္ခဲ့ပါဘူး ။ ရြာသူႀကီး၏ ေျပာျပခ်က္အရ Efendi ကိုေဆးကုသဖို႔ကူညီခဲ့ၾကေပမဲ့လည္း ေဆးရံုႏွစ္ေခါက္တက္ၿပီးေနာက္ မိဘျဖစ္သူမ်ားကေငြမသက္ႏိုင္ေတာ့တဲ့အတြက္ ရပ္ဆိုင္းခဲ့တာျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။

ဒါတင္မကေသးပါဘူး မိဘေတြက Efendi ေဆးရံုတက္ဖို႔အတြက္ေတာင္ မအားမလပ္ျဖစ္ေနခဲ့ၾကတာပါ ။ ရြာသူႀကီးကေတာ့ Efendi ေဆးရံုတက္ဖို႔အတြက္ ကားအဆင့္သင့္႐ွိေနၿပီး ၊ ေဆးကိုလည္း အခမဲ့ကုသေပးမည္ျဖစ္ေၾကာင္းေျပာဆိုခဲ့ပါတယ္ ။ ထို္႔အျပင္ရြာသူႀကီးက Efendi ကိုသက္ေတာင့္သက္သာ႐ွိတဲ့ ေနရာသို႔ေျပာင္းေရြ႔ေပးဖို႔ မိဘမ်ားကိုလည္းေတာင္းဆိုခဲ့ပါေသးတယ္ ။ မိဘေတြ အေနနဲ႔ကေတာ့ သားျဖစ္သူကိုဂ႐ုစိုက္ဖို႔အခ်ိန္မ႐ွိဘူးဆိုရင္ေတာင္မွ ကေလးကိုၾကက္ျခံထဲမွာ ပိတ္ေလွာင္ထားတာမ်ိဳးေတာ့ မျပဳလုပ္သင့္တာ အမွန္ပါ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အင်ဒိုနီးရှားနိုင်ငံက Efendi အမည်ရှိတဲ့ မသန်မစွမ်းကလေးငယ်တစ်ယောက်ဟာ မိဘဖြစ်သူတွေအလုပ်သွားရောက်လုပ်ကိုင်တဲ့အချိန်တိုင်းမှာ အမြဲကြက်ခြံထဲ ပိတ်လှောင်ခံထားရလေ့ရှိပါတယ် ။ Efendi ဟာ အသက်12နှစ်အရွယ်ရှိပြီဆိုပေမဲ့လည်း ရွေးချယ်စရာမရှိခဲ့ပါဘူး ။ 1m အရှည်နဲ့ 0.5 m သာအကျယ်ရှိတဲ့ သစ်သားတွေ ၊ ဝါးတွေနဲ့ ပြုလုပ်ထားတဲ့ကြက်ခြံလေးထဲနေထိုင်နေရပြီး ၊ ထမင်းစားခြင်း ၊ အိပ်စက်ခြင်း နှင့် မစင်စွန့်ခြင်းတို့ကို အဆိုပါကြက်ခြံထဲတွင်သာ ပြုလုပ်ခဲ့ရပါတယ် ။ Efendi ရဲ့မိဘများကတော့ Hamzah 47နှစ်နှင့် Latifah 36နှစ်တို့ဖြစ်ကြပြီး ၊ လယ်ထဲတွင် အလုပ်လုပ်နေတဲ့အချိန်တွေတိုင်း သားဖြစ်သူကိုဘုရားကျောင်းအတွင်းထားခဲ့ပေမဲ့လည်း Efendi ဟာအမြဲလိုလိုအပြင်ဖက်ကို တွားသွားပြီး ၊ တွေ့သမျှအရာအားလုံးဖြစ်တဲ့ ဖွဲနုတွေ ၊ အသီးရဲ့အခွံတွေ ၊ အရွက်တွေ နဲ့ ပန်းတွေကို ပါးစပ်ထဲကောက်ထည့်ပြီး အမြဲစားလေ့ရှိကြောင်း သိရှိရပါတယ် ။

တစ်ရက်မှာတော့ Efendi ဟာနေအိမ်ကနေထွက်သွားခဲ့ပြီးနောက် ပျောက်ဆုံးသွားခဲ့ကာ ညနက်အချိန်ရောက်မှ မြစ်ကမ်းပါးအနီးမှာတွေ့ရှိခဲ့တာဖြစ်သောကြောင့် နောက်ပိုင်းမိဘတွေက Efendi ကိုအလုပ်ချိန်ရောက်တိုင်း ကြက်ခြံထဲမှာသော့ခတ်ပြီးထားခဲ့ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတော့တယ် ။ ” သူကိုတော့ သနားပါတယ် ဒါပေမဲ့ဒါက ကျွန်တော်တို့ရဲ့ကံကြမ္မာပဲလေ ၊ ကျွန်တော်တို့လည်းအသက်ဆက်ရှင်ဖို့အတွက် အလုပ်လုပ်ဖို့လိုတယ် ” ဆိုပြီး ဖခင်ဖြစ်သူက ပြောဆိုသွားခဲ့ပါတယ် ။ Efendi အတွက်သနားစရာအကောင်းဆုံးအချိန်က ကြက်ခြံထဲမှာနေနေတုန်း ဗိုက်တအားဆာလွန်းသောကြောင့် နွားအစာဖြစ်တဲ့ဖွဲနုကို စားခဲ့ရပါသေးတယ် ။

အစပိုင်းမှာတော့ မိဘနှစ်ပါးလုံးက Efendi ကိုကြက်ခြံထဲ မထားခဲ့ချင်ပေမဲ့လည်း သူတို့အလုပ်လုပ်နေချိန်အတွင်းသားဖြစ်သူကို စိတ်မပူပန်ရဖို့ အကောင်းဆုံးအကြံဖြစ်နေခဲ့လို့ပါ ။ ဖခင်ဖြစ်သူကတော့ သားဖြစ်သူကိုတိုင်းရင်းဆေးတွေနဲ့လည်း ကုသခဲ့ပါသေးတယ် ။ ” ဆေးရုံမှာ Efendi ကိုတစ်ကြိမ်ကုသခဲ့ပါသေးတယ် ။ နောက်တစ်ကြိမ်ဆေးရုံပြန်သွားဖို့အတွက်ကတော့ ငွေမသက်နိုင်တော့ဘူး ” ဆိုပြီးပြောကြားခဲ့ပါတယ် ။ Efendi ဟာ 3နှစ်သားအရွယ်ကတည်းက မသန်မစွမ်းဖြစ်နေခဲ့ကာ လမ်းမလျှောက်နိုင်သလို ၊ စကားလည်းမပြောဆိုနိုင်ခဲ့ပါဘူး ။ ရွာသူကြီး၏ ပြောပြချက်အရ Efendi ကိုဆေးကုသဖို့ကူညီခဲ့ကြပေမဲ့လည်း ဆေးရုံနှစ်ခေါက်တက်ပြီးနောက် မိဘဖြစ်သူများကငွေမသက်နိုင်တော့တဲ့အတွက် ရပ်ဆိုင်းခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "အလုပ္ခ်ိန္မွာ သားျဖစ္သူကိုမထိန္းႏိုင္လို႔ဆိုၿပီး ၾကက္ျခံထဲမွာပိတ္ေလွာင္ထားခဲ့ၾကတဲ့ မိဘ"

Leave a comment

Your email address will not be published.


*