မြစ်ချောင်းထဲ ပြုတ်ကျသွားခဲ့ပြီးနောက် ရေဆက်မကူးတော့ဘဲ ကယ်ဆယ်ရေးအဖွဲ့ကိုသာ စောင့်ဆိုင်းနေခဲ့တဲ့ အဘွားအို ( ရုပ်သံ)



Jasmine (Mckzone Daily)

Source : worldofbuzz

Unicode

တရုတ်နိုင်ငံမှာနေထိုင်တဲ့ အသက် 87 နှစ်အရွယ်အဘွားအိုဟာ ပြီးခဲ့တဲ့ November 8 ရက်နေ့က မြစ်ချောင်အနီးအနားမှာ လမ်းလျှောက်ထွက်ရင်း မြစ်ချောင်းထဲပုတ်ကျသွားခဲ့ပါတယ် ။ အဖြစ်အပျက်ကတော့ အဘွားအိုဟာ လမ်းလျှောက်ထွက်လာရင်း ဗိုက်ဆာလာလို့ ပါလာတဲ့ လမုန့်ကိုထုတ်စားခဲ့ပါတယ် ။ ထို့နောက် ကမ်းစပ်အနားသွားပြီး ပေကျံနေတဲ့လက်တွေကိုဆေးကြောဖို့လုပ်နေရင်း ခြေချော်ပြီး မြစ်ချောင်းထဲ အခန့်မသင့်ပြုတ်ကျသွားခဲ့ရပါတယ် ။

ဖြတ်သွားဖြတ်လာများက အဘွားအိုရဲ့အဖြစ်ကိုတွေ့မြင်ပြီး ချက်ချင်းကယ်ဆယ်ရေးအဖွဲ့ကို အကြောင်းကြားပေးခဲ့ပါတယ် ။ အစပိုင်းမှာတော့ အဘွားအိုဟာ ရေမကူးတတ်လို့ ရုန်းရင်းဆန်ခက်ဖြစ်ခဲ့ပေမဲ့ နောက်ပိုင်းစိတ်ကိုလျော့ချပစ်လိုက်ပြီး ရေပေါ် ပေါ်လောပေါ်နေအောင် ကြိုးစားခဲ့ပါတယ် ။ ကံကောင်စွာနဲ့ပဲ အဆိုပါအချိန်မှာ ရေစီးကြမ်းခြင်းမျိုးမဖြစ်နေခဲ့ပဲ မြစ်ရေဟာ တည်ငြိမ်နေလျက်ရှိပါတယ် ။ ကယ်ဆယ်ရေးအဖွဲ့များက အဘွားအိုက်ုကယ်ဆယ်ပေးပြီးနောက်မှာတော့ ချက်ချင်းဆေးရုံကို ခေါ်ဆောင်သွားခဲ့ပြီး ၊ အဘွားအိုမှာလည်း ပြင်းပြင်းထန်ထန်ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမျိုးမရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "မြစ်ချောင်းထဲ ပြုတ်ကျသွားခဲ့ပြီးနောက် ရေဆက်မကူးတော့ဘဲ ကယ်ဆယ်ရေးအဖွဲ့ကိုသာ စောင့်ဆိုင်းနေခဲ့တဲ့ အဘွားအို ( ရုပ်သံ)"

Leave a comment

Your email address will not be published.


*