ေရခ်ိဳးခန္းထဲ အျမဲခိုးဝင္ၿပီး ေဘစင္ခြက္ထဲဝင္အိပ္ေနတတ္တဲ့ေၾကာင္ေလးရဲ႕ လိုအင္ဆႏၵကို ျဖည့္ဆည္းေပးလိုက္တဲ့ သခင္

ေၾကာင္ေတြမွာ ထူးဆန္းတဲ့စြဲခ်က္မ်ားစြာရွိပါတယ္။ေၾကာင္တစ္ေကာင္ဟာ သစ္ပင္ေပၚတက္ရတာကိုအရမ္းႀကိဳက္ၿပီး ျပန္ေတာ့မဆင္းတတ္သလို သို့မဟုတ္ ျပတင္းေပါက္ေဘးမွာထိုင္ေနၿပီး နာရီေပါင္းမ်ာစြာ စိတ္ကူးယဥ္ေနတတ္တာကိုလည္း သင္တို့ေတြ႕ဖူးၾကမွာပါ။ေၾကာင္ေတြဟာ အလြန္မိုက္မဲတတ္ၿပီး သူတို့ရဲ့စြဲခ်က္ေတြအတိုင္း ျပဳမူေနထိုင္တတ္ၾကပါတယ္။အခ်ိဳ့ေၾကာင္ေတြမွာရွိတဲ့ထူးဆန္းတဲ့စြဲခ်က္ကေတာ့ ေရကို အရမ္းေၾကာက္ေပမဲ့ ေဘစင္ခြက္ထဲခႏၶာကိုယ္တစ္ခုလုံးနစ္ဝင္ၿပီးေနရတာကို ႏွစ္သက္ျခင္းဘဲ ျဖစ္ပါတယ္။ Brennanအမည္ရွိတဲ့ေၾကာင္ပိုင္ရွင္အမ်ိဳးသားတစ္ဦးဟာ သူ႔ေၾကာင္ေလး ေဘစင္ထဲဝင္အိပ္ ဝင္ေနတတ္တဲ့အက်င့္ရွိတာကို ရွာေဖြေတြ႕ရွိခဲ့ပါတယ္။

ဒါေၾကာင့္ သူေၾကာင္ေလးအတြက္ ေဘစင္အလြတ္တစ္ခုဝယ္ေပးဖို့ဆုံးျဖတ္ခဲ့ပါတယ္။Brennanဆီမွာ Lazuli နဲ႔ Lapis ဆိုတဲ့ေၾကာင္ေလးႏွစ္ေကာင္ရွိတာပါ။သိပ္မၾကာခင္မွာဘဲ သူက Lazuliေလး တစ္ေန႔ကို နာရီေပါင္းမ်ားစြာ အိမ္ပတ္ပတ္လည္ရွိ သူ႔ခႏၶာကိုယ္နစ္ျမဳပ္ၿပီး ေနေနလို့ရတဲ့ေနရာေတြမွာ အျမဲရွိေနၿပီး Lazuliေလး ေရခ်ိဳးခန္းထဲခိုးခိုးဝင္ၿပီး ေဘစင္ထဲဝင္အိပ္ေနတာကိုလည္း သတိျပဳမိခဲ့တာေၾကာင့္ ေနာက္ပိုင္း Lazuliေလးအတြက္ သူ႔ကိုယ္ပိုင္အိပ္ဖို့ ေဘစင္အလြတ္တစ္ခုဝယ္ေပးခဲ့ပါတယ္။

သူတို့အိမ္မွာ ေဘစင္အလြတ္တစ္လုံးဝယ္လိုက္ၿပီးၿပီးခ်င္း Lazuliေလးက ေပ်ာ္ရႊင္ေနပုံရေၾကာင္း Brennanက ဆိုထားပါေသးတယ္။ကံေကာင္းခ်င္ေတာ့ တစ္ျခားေၾကာင္ေလးက အဆိုပါ ေဘစင္ကို စိတ္မဝင္စားခဲ့ပါဘူး။ဒီေတာ့ Lazuliေလးတစ္ေကာင္ထဲ ေအးေဆးသူ႔ေဘစင္ခြက္ထဲဝင္ေနေနလို့ ရၿပီး သူ႔ကို အျပင္ဆြဲထုတ္ဖို့ အေတာ္ေလးလည္း ခက္ေနပါတယ္။

Mia (Mckzone Daily)

Source : siakapkeli

Unicode

ကြောင်တွေမှာ ထူးဆန်းတဲ့စွဲချက်များစွာရှိပါတယ်။ကြောင်တစ်ကောင်ဟာ သစ်ပင်ပေါ်တက်ရတာကိုအရမ်းကြိုက်ပြီး ပြန်တော့မဆင်းတတ်သလို သို့မဟုတ် ပြတင်းပေါက်ဘေးမှာထိုင်နေပြီး နာရီပေါင်းမျာစွာ စိတ်ကူးယဉ်နေတတ်တာကိုလည်း သင်တို့တွေ့ဖူးကြမှာပါ။ကြောင်တွေဟာ အလွန်မိုက်မဲတတ်ပြီး သူတို့ရဲ့စွဲချက်တွေအတိုင်း ပြုမူနေထိုင်တတ်ကြပါတယ်။အချို့ကြောင်တွေမှာရှိတဲ့ထူးဆန်းတဲ့စွဲချက်ကတော့ ရေကို အရမ်းကြောက်ပေမဲ့ ဘေစင်ခွက်ထဲခန္ဓာကိုယ်တစ်ခုလုံးနစ်ဝင်ပြီးနေရတာကို နှစ်သက်ခြင်းဘဲ ဖြစ်ပါတယ်။ Brennanအမည်ရှိတဲ့ကြောင်ပိုင်ရှင်အမျိုးသားတစ်ဦးဟာ သူ့ကြောင်လေး ဘေစင်ထဲဝင်အိပ် ဝင်နေတတ်တဲ့အကျင့်ရှိတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဒါကြောင့် သူကြောင်လေးအတွက် ဘေစင်အလွတ်တစ်ခုဝယ်ပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။Brennanဆီမှာ Lazuli နဲ့ Lapis ဆိုတဲ့ကြောင်လေးနှစ်ကောင်ရှိတာပါ။သိပ်မကြာခင်မှာဘဲ သူက Lazuliလေး တစ်နေ့ကို နာရီပေါင်းများစွာ အိမ်ပတ်ပတ်လည်ရှိ သူ့ခန္ဓာကိုယ်နစ်မြုပ်ပြီး နေနေလို့ရတဲ့နေရာတွေမှာ အမြဲရှိနေပြီး Lazuliလေး ရေချိုးခန်းထဲခိုးခိုးဝင်ပြီး ဘေစင်ထဲဝင်အိပ်နေတာကိုလည်း သတိပြုမိခဲ့တာကြောင့် နောက်ပိုင်း Lazuliလေးအတွက် သူ့ကိုယ်ပိုင်အိပ်ဖို့ ဘေစင်အလွတ်တစ်ခုဝယ်ပေးခဲ့ပါတယ်။

သူတို့အိမ်မှာ ဘေစင်အလွတ်တစ်လုံးဝယ်လိုက်ပြီးပြီးချင်း Lazuliလေးက ပျော်ရွှင်နေပုံရကြောင်း Brennanက ဆိုထားပါသေးတယ်။ကံကောင်းချင်တော့ တစ်ခြားကြောင်လေးက အဆိုပါ ဘေစင်ကို စိတ်မဝင်စားခဲ့ပါဘူး။ဒီတော့ Lazuliလေးတစ်ကောင်ထဲ အေးဆေးသူ့ဘေစင်ခွက်ထဲဝင်နေနေလို့ ရပြီး သူ့ကို အပြင်ဆွဲထုတ်ဖို့ အတော်လေးလည်း ခက်နေပါတယ်။

Mia (Mckzone Daily)

  • Leave a Comment