ေတာင္ထိပ္ေပၚက ထူးဆန္းတဲ့မိုးတိမ္စက္ဝိုင္းေတြေၾကာင့္ ေဒသခံျပည္သူမ်ား စိုးရိမ္ပူပန္ေနၾက

ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က Indonesia နိုင္ငံ Javaကၽြန္းရွိ Merbabuေတာင္၊Merapiေတာင္ႏွင့္ Lawuေတာင္ထိပ္က မိုးတိမ္စက္ဝိုင္းေတြေၾကာင့္ ေဒသခံေတြဟာ စိုးရိမ္တႀကီးျဖစ္ခဲ့ရပါတယ္။ Semarang BMKG ရာသီဥတုႏွင့္ သတင္းအခ်က္အလက္ဌာနရဲ့အႀကီးအကဲ Lis W Harmokoက အဆိုပါတိမ္ဟာ lenticular cloud လို့ေခၚတဲ့တိမ္မ်ားျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။”ေယဘုယ်အားျဖင့္ lenticular တိမ္က မိုးတိမ္တစ္ခု ဒါမွမဟုတ္ ေလထုေအာက္ပိုင္းအလႊာမွာ ပိတ္မိေနတဲ့ ပန္းကန္ျပား သို့မဟုတ္ မွန္ဘီလူးလို ပုံ႑ာန္ရွိတဲ့ မိုးတိမ္တစ္ခုျဖစ္တယ္ ဘာလို့ပိတ္မိေနလဲဆိုေတာ့ lenticularတိမ္ေတြက ေယဘုယ်အားျဖင့္ သူဖြဲ႕စည္းထားတဲ့ေနရာကေန ေရြ႕လ်ားသြားပုံမေပါက္ေနတာေၾကာင့္ ျဖစ္တယ္”လို့ Harmokoက ရွင္းျပထားပါတယ္။

အဆိုပါတိမ္ရဲ့သြင္ျပင္ဟာ သူ႔ရဲ့ခရီးသြားလမ္းေၾကာင္းမွာ အေတာ္ေလးအႏၲရာယ္မ်ားတဲ့ေတာင္လွိုင္းမ်ားရွိျခင္းရဲ့လကၡဏာျဖစ္ေၾကာင္းလည္း ထပ္ေျပာထားပါတယ္။ကမၻာ့မ်က္ႏွာျပင္ႏွင့္အၿပိဳင္ စီးဆင္းတဲ့ေလစီးေၾကာင္းေတြဟာ ေတာင္တန္းေတြရဲ့ခုခံမွုကို ခံလိုက္ရေတာ့ အဆိုပါမိုးတိမ္မ်ိဳးေတြျဖစ္ေပၚလာတာပါ။”အဲ့လို ခုခံမွုရဲ့ရလဒ္အျဖစ္ ေလထုစီးဆင္းမွုက ေတာင္ထိပ္ေတြေပၚကို ေဒါင္လိုက္ ေရြ႕လ်ားသြားေစတယ္”လို့ ဆိုထားပါတယ္။

အကယ္လို့ ေလထုထဲမွာ ေရေငြ႕မ်ားစြာပါဝင္ၿပီး တည္ၿငိမ္ေနပါက အဆိုပါေလထုဟာေတာင္ထိပ္မွာရွိတဲ့ ႏွင္းက်ခ်ိန္အမွတ္ကို ေရာက္သြားတဲ့အခါ ေရေငြ႕ေတြဟာ ေတာင္ထိပ္ရဲ့ပုံသ႑ာန္အတိုင္း တိမ္တိုက္ပုံစံေတြအျဖစ္ ေျပာင္းလဲသြားပါတယ္။ဒါေၾကာင့္ အဆိုပါ lenticular တိမ္ေတြ ဘာလို့မေရြ႕လ်ားရတာလဲဆိုေတာ့ တိမ္တိုက္ဟာ ေတာင္ထိပ္မွာရွိတဲ့ ေလတိုက္ရာဘက္ကေန စတင္ျဖစ္ေပၚၿပီးေနာက္မွာေတာ့ ေလမရွိရာ ေအာက္ပိုင္းဘက္သို့ ဦးတည္ေပ်ာက္ကြယ္သြားျခင္းေၾကာင့္ ျဖစ္ေၾကာင္း Harmokoက ထပ္ရွင္းျပထားပါတယ္။ဒါေပမဲ့ အဆိုပါ lenticular တိမ္ေတြက အေတာ္ေလးကို လွၿပီး ကိုယ္တိုင္ျမင္ေတြ႕ရဖို့လည္း အေတာ္ေလး ခဲယဥ္းပါတယ္။

Mia (Mckzone Daily)

Source : siakapkeli

Unicode

ပြီးခဲ့တဲ့ ကြာသပတေးနေ့က Indonesia နိုင်ငံ Javaကျွန်းရှိ Merbabuတောင်၊Merapiတောင်နှင့် Lawuတောင်ထိပ်က မိုးတိမ်စက်ဝိုင်းတွေကြောင့် ဒေသခံတွေဟာ စိုးရိမ်တကြီးဖြစ်ခဲ့ရပါတယ်။ Semarang BMKG ရာသီဥတုနှင့် သတင်းအချက်အလက်ဌာနရဲ့အကြီးအကဲ Lis W Harmokoက အဆိုပါတိမ်ဟာ lenticular cloud လို့ခေါ်တဲ့တိမ်များဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။”ယေဘုယျအားဖြင့် lenticular တိမ်က မိုးတိမ်တစ်ခု ဒါမှမဟုတ် လေထုအောက်ပိုင်းအလွှာမှာ ပိတ်မိနေတဲ့ ပန်းကန်ပြား သို့မဟုတ် မှန်ဘီလူးလို ပုံဏ္ဍာန်ရှိတဲ့ မိုးတိမ်တစ်ခုဖြစ်တယ် ဘာလို့ပိတ်မိနေလဲဆိုတော့ lenticularတိမ်တွေက ယေဘုယျအားဖြင့် သူဖွဲ့စည်းထားတဲ့နေရာကနေ ရွေ့လျားသွားပုံမပေါက်နေတာကြောင့် ဖြစ်တယ်”လို့ Harmokoက ရှင်းပြထားပါတယ်။

အဆိုပါတိမ်ရဲ့သွင်ပြင်ဟာ သူ့ရဲ့ခရီးသွားလမ်းကြောင်းမှာ အတော်လေးအန္တရာယ်များတဲ့တောင်လှိုင်းများရှိခြင်းရဲ့လက္ခဏာဖြစ်ကြောင်းလည်း ထပ်ပြောထားပါတယ်။ကမ္ဘာ့မျက်နှာပြင်နှင့်အပြိုင် စီးဆင်းတဲ့လေစီးကြောင်းတွေဟာ တောင်တန်းတွေရဲ့ခုခံမှုကို ခံလိုက်ရတော့ အဆိုပါမိုးတိမ်မျိုးတွေဖြစ်ပေါ်လာတာပါ။”အဲ့လို ခုခံမှုရဲ့ရလဒ်အဖြစ် လေထုစီးဆင်းမှုက တောင်ထိပ်တွေပေါ်ကို ဒေါင်လိုက် ရွေ့လျားသွားစေတယ်”လို့ ဆိုထားပါတယ်။

အကယ်လို့ လေထုထဲမှာ ရေငွေ့များစွာပါဝင်ပြီး တည်ငြိမ်နေပါက အဆိုပါလေထုဟာတောင်ထိပ်မှာရှိတဲ့ နှင်းကျချိန်အမှတ်ကို ရောက်သွားတဲ့အခါ ရေငွေ့တွေဟာ တောင်ထိပ်ရဲ့ပုံသဏ္ဍာန်အတိုင်း တိမ်တိုက်ပုံစံတွေအဖြစ် ပြောင်းလဲသွားပါတယ်။ဒါကြောင့် အဆိုပါ lenticular တိမ်တွေ ဘာလို့မရွေ့လျားရတာလဲဆိုတော့ တိမ်တိုက်ဟာ တောင်ထိပ်မှာရှိတဲ့ လေတိုက်ရာဘက်ကနေ စတင်ဖြစ်ပေါ်ပြီးနောက်မှာတော့ လေမရှိရာ အောက်ပိုင်းဘက်သို့ ဦးတည်ပျောက်ကွယ်သွားခြင်းကြောင့် ဖြစ်ကြောင်း Harmokoက ထပ်ရှင်းပြထားပါတယ်။ဒါပေမဲ့ အဆိုပါ lenticular တိမ်တွေက အတော်လေးကို လှပြီး ကိုယ်တိုင်မြင်တွေ့ရဖို့လည်း အတော်လေး ခဲယဉ်းပါတယ်။

Mia (Mckzone Daily)

Be the first to comment on "ေတာင္ထိပ္ေပၚက ထူးဆန္းတဲ့မိုးတိမ္စက္ဝိုင္းေတြေၾကာင့္ ေဒသခံျပည္သူမ်ား စိုးရိမ္ပူပန္ေနၾက"

Leave a comment

Your email address will not be published.


*