အရပ္ ၇ေပနဲ႔ ၃လက္မရွိၿပီး ဆက္လက္ႀကီးထြားေနဆဲျဖစ္တဲ့ ကမၻာ့အရပ္အျမင့္ဆုံးဆယ္ေက်ာ္သက္ ေကာင္ေလး

တ႐ုတ္နိုင္ငံ အေနာက္ေတာင္ပိုင္း Leshan ၿမိဳ့ရွိ အသက္၁၄ႏွစ္အရြယ္ Xiaoyu Lei အမည္ရွိတဲ့ဆယ္ေက်ာ္သက္ေကာင္ေလးတစ္ဦးဟာ အတန္းေဖာ္ေတြထပ္ ၂ေပခန္႔ျမင့္ေနၿပီး လူအုပ္ထဲလည္း ထင္ရွားေနပါတယ္။အဆိုပါေကာင္ေလးဟာ အရပ္ ၇ေပ ၃လက္မနီးပါး(၂.၂၁ မီတာ)ရွိၿပီးသူဟာ ဆက္လက္ႀကီးထြားေနဆဲျဖစ္ပါတယ္။Xiaoyuဟာ အသက္ ၁၆ႏွစ္အရြယ္တုန္းက အရပ္ ၇ေပနဲ႔၁လက္မရွိတဲ့ဂင္းနစ္စံခ်ိန္ဝင္ ကမၻာ့အရပ္အျမင့္ဆုံးအေမရိကန္ဆယ္ေက်ာ္သက္ေကာင္ေလးတစ္ဦးရဲ့ စံခ်ိန္ကို ခ်ိဳးနိုင္ဖြယ္ရွိေနပါတယ္။Xiaoyuရဲ့မိဘေတြဟာ သူ႔ကိုငယ္စဥ္ကတည္းက ေဆး႐ုံေခၚသြားခဲ့ေပမဲ့ ဆရာဝန္ေတြက သူ႔ရဲ့ထူးျခားတဲ့အရပ္အျမင့္ကိုဘာေရာဂါေၾကာင့္မွ မဟုတ္ေနတာကို ေတြ႕ရွိခဲ့ၾကပါတယ္။သူက အရပ္ ၆ေပခန္႔ရွိမိဘေတြနဲ႔အဘိုးအဘြားေတြရဲ့မ်ိဳးရိုးေၾကာင့္လို့ ယုံၾကည္ေနပါတယ္။

Xiaoyuဟာ ေျပးလႊားလွုပ္ရွားရခက္တဲ့သူ႔အရပ္ေၾကာင့္ ဘတ္စကတ္ေဘာ သို့မဟုတ္ အျခားအားကစားေတြ ကစားျခင္းကို စိတ္မဝင္စားခဲ့ရၿပီး သူ႔အေျခအေနေၾကာင့္ ခြဲစိတ္ကုသမွု ၄ခုျပဳလုပ္ခဲ့ပါေသးတယ္။”ကၽြန္ေတာ္ေက်ာင္း စတက္တုန္းက ေက်ာင္းသားအမ်ားစုက ကၽြန္ေတာ့္ကို အႀကီးတန္းကေက်ာင္းသားနဲ႔အျမဲမွားေနခဲ့ၾကတယ္ အဲ့တာေတြက ကၽြန္ေတာ့္ကို စိတ္ဓာတ္က်ေစတယ္ ဒါေပမဲ့ ကမၻာ့ဂင္းနစ္စံခ်ိန္ဝင္နိုင္တာေၾကာင့္ ကၽြန္ေတာ့္အရပ္ကို ေကာင္းတဲ့အရာတစ္ခုလို့ေတြးလိုက္တယ္”လို့ Xiaoyuက ဆိုထားပါတယ္။Lu Lei အမည္ရွိတဲ့ ဂင္းနစ္ကမၻာ့မွတ္တမ္းလက္မွတ္အရာရွိဟာ Xiaoyuရဲ့စိန္ေခၚမွုကို အတည္ျပဳဖို့ Leshanၿမိဳ့ကို သြားေရာက္ခဲ့ပါတယ္။

စိန္ေခၚသူေတြက အမ်ိဳးသားျဖစ္ရၿပီး အသက္ ၁၃ႏွစ္နဲ႔၁၈ႏွစ္အၾကားျဖစ္ရမယ္လို့ Lu Leiက ေျပာၾကားခဲ့ၿပီး Xiaoyuရဲ့အရပ္ကို တစ္ေန႔တည္း မနက္ခင္း၊ေန႔လည္ခင္း၊ညေနခင္း သုံးႀကိမ္တိုင္တိုင္ တိုင္းတာခဲ့ပါတယ္။တိုင္းတာလို့အၿပီး အေျဖကို လန္ဒန္မွာရွိတဲ့ဂင္းနစ္႐ုံးခ်ဳပ္သို့ စစ္ေဆးဖို့ ေပးပို့ခဲ့ကာ တကယ္လည္း Xiaoyuဟာ ကမၻာ့အရပ္အျမင့္ဆုံးစံခ်ိန္အသစ္တင္နိုင္သူျဖစ္သြားခဲ့ပါတယ္။ကမၻာေပၚမွာ အရပ္အျမင့္ဆုံး ဆယ္ေက်ာ္သက္ေယာက်ာ္းေလးႏွင့္မိန္းကေလးေတြ အမ်ားႀကီးရွိေနဆဲပါ။ ယခင္စံခ်ိန္တင္ထားသူကေတာ့ အေမရိကန္နိုင္ငံရွိ ၁၉၉၈ခုႏွစ္ ေအာက္တိုဘာ ၂၇ရက္ေန႔မွာ ေမြးဖြားခဲ့တဲ့ Kevin Bradfordအမည္ရွိတဲ့ေကာင္ေလးတစ္ဦးဘဲျဖစ္ၿပီး ၂၀၁၅ခုႏွစ္ ဧၿပီလ ၃၀ရက္ေန႔မွာ အရပ္၇ေပနဲ႔ ၁လက္မ အထိရွိခဲ့ပါတယ္။

1

2

3

4

5

6

7

8

9

Mia (Mckzone Daily)

Source : siakapkeli

Unicode

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း Leshan မြို့ရှိ အသက်၁၄နှစ်အရွယ် Xiaoyu Lei အမည်ရှိတဲ့ဆယ်ကျော်သက်ကောင်လေးတစ်ဦးဟာ အတန်းဖော်တွေထပ် ၂ပေခန့်မြင့်နေပြီး လူအုပ်ထဲလည်း ထင်ရှားနေပါတယ်။အဆိုပါကောင်လေးဟာ အရပ် ၇ပေ ၃လက်မနီးပါး(၂.၂၁ မီတာ)ရှိပြီးသူဟာ ဆက်လက်ကြီးထွားနေဆဲဖြစ်ပါတယ်။Xiaoyuဟာ အသက် ၁၆နှစ်အရွယ်တုန်းက အရပ် ၇ပေနဲ့၁လက်မရှိတဲ့ဂင်းနစ်စံချိန်ဝင် ကမ္ဘာ့အရပ်အမြင့်ဆုံးအမေရိကန်ဆယ်ကျော်သက်ကောင်လေးတစ်ဦးရဲ့ စံချိန်ကို ချိုးနိုင်ဖွယ်ရှိနေပါတယ်။Xiaoyuရဲ့မိဘတွေဟာ သူ့ကိုငယ်စဉ်ကတည်းက ဆေးရုံခေါ်သွားခဲ့ပေမဲ့ ဆရာဝန်တွေက သူ့ရဲ့ထူးခြားတဲ့အရပ်အမြင့်ကိုဘာရောဂါကြောင့်မှ မဟုတ်နေတာကို တွေ့ရှိခဲ့ကြပါတယ်။သူက အရပ် ၆ပေခန့်ရှိမိဘတွေနဲ့အဘိုးအဘွားတွေရဲ့မျိုးရိုးကြောင့်လို့ ယုံကြည်နေပါတယ်။

Xiaoyuဟာ ပြေးလွှားလှုပ်ရှားရခက်တဲ့သူ့အရပ်ကြောင့် ဘတ်စကတ်ဘော သို့မဟုတ် အခြားအားကစားတွေ ကစားခြင်းကို စိတ်မဝင်စားခဲ့ရပြီး သူ့အခြေအနေကြောင့် ခွဲစိတ်ကုသမှု ၄ခုပြုလုပ်ခဲ့ပါသေးတယ်။”ကျွန်တော်ကျောင်း စတက်တုန်းက ကျောင်းသားအများစုက ကျွန်တော့်ကို အကြီးတန်းကကျောင်းသားနဲ့အမြဲမှားနေခဲ့ကြတယ် အဲ့တာတွေက ကျွန်တော့်ကို စိတ်ဓာတ်ကျစေတယ် ဒါပေမဲ့ ကမ္ဘာ့ဂင်းနစ်စံချိန်ဝင်နိုင်တာကြောင့် ကျွန်တော့်အရပ်ကို ကောင်းတဲ့အရာတစ်ခုလို့တွေးလိုက်တယ်”လို့ Xiaoyuက ဆိုထားပါတယ်။Lu Lei အမည်ရှိတဲ့ ဂင်းနစ်ကမ္ဘာ့မှတ်တမ်းလက်မှတ်အရာရှိဟာ Xiaoyuရဲ့စိန်ခေါ်မှုကို အတည်ပြုဖို့ Leshanမြို့ကို သွားရောက်ခဲ့ပါတယ်။

စိန်ခေါ်သူတွေက အမျိုးသားဖြစ်ရပြီး အသက် ၁၃နှစ်နဲ့၁၈နှစ်အကြားဖြစ်ရမယ်လို့ Lu Leiက ပြောကြားခဲ့ပြီး Xiaoyuရဲ့အရပ်ကို တစ်နေ့တည်း မနက်ခင်း၊နေ့လည်ခင်း၊ညနေခင်း သုံးကြိမ်တိုင်တိုင် တိုင်းတာခဲ့ပါတယ်။တိုင်းတာလို့အပြီး အဖြေကို လန်ဒန်မှာရှိတဲ့ဂင်းနစ်ရုံးချုပ်သို့ စစ်ဆေးဖို့ ပေးပို့ခဲ့ကာ တကယ်လည်း Xiaoyuဟာ ကမ္ဘာ့အရပ်အမြင့်ဆုံးစံချိန်အသစ်တင်နိုင်သူဖြစ်သွားခဲ့ပါတယ်။ကမ္ဘာပေါ်မှာ အရပ်အမြင့်ဆုံး ဆယ်ကျော်သက်ယောကျာ်းလေးနှင့်မိန်းကလေးတွေ အများကြီးရှိနေဆဲပါ။ ယခင်စံချိန်တင်ထားသူကတော့ အမေရိကန်နိုင်ငံရှိ ၁၉၉၈ခုနှစ် အောက်တိုဘာ ၂၇ရက်နေ့မှာ မွေးဖွားခဲ့တဲ့ Kevin Bradfordအမည်ရှိတဲ့ကောင်လေးတစ်ဦးဘဲဖြစ်ပြီး ၂၀၁၅ခုနှစ် ဧပြီလ ၃၀ရက်နေ့မှာ အရပ်၇ပေနဲ့ ၁လက်မ အထိရှိခဲ့ပါတယ်။

Mia (Mckzone Daily)

  • Leave a Comment